သိပ္ပံပညာရှင်များရဲ့ လေ့လာချက် အရ ပိတုန်းဟာ လေပေါ် ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင် ပါဘူးတဲ့။ ပိတုန်းရဲ့ အတောင်ပံဟာ အရမ်း သေးငယ်ပြီး ခန္ဓာကိုယ်က ပိုကြီးတဲ့ အတွက် ဖြစ်ပါတယ်တဲ့။
သူ့အတောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီး ပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင် ပါဘူးတဲ့။ ဒါပေမယ့် ပိတုန်းက ဘာလို့ လေပေါ် ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။
ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစား ပျံသန်းရင်းနဲ့ ပျံလို့ ရသွားတာပါ တဲ့။ သဘောက ကိုယ့်ကို သဘာဝတရား အရ ကန့်သတ် ထားတာကို မသိပဲ ကြိုးစား ပြုလုပ်ရင်းက လုပ်လို့ ရသွားတာပါ။
နောက်ထပ် စိတ်ဝင်စားစရာ တိရိစ္ဆာန်က ဆင်ပါ။ ဆင်တွေကို သံကြိုးနဲ့ ချည်ပြီး ချွန်းနဲ့ ထိုးကာ ခိုင်းကြပါတယ်။ တကယ်ကဆင်ကို ချည်ထားတဲ့ သံကြိုးကို ဆင်အားနဲ့ တချက် ရုန်းလိုက်ရင် သံကြိုးပြတ်ပြီး အနှောင်အဖွဲ့က လွတ်မြောက် သွားနိုင်ပါတယ်တဲ့။
ဒါပေမယ့် ဆင်တွေ အနေနဲ့ မရုန်းကြည့်ကြ ပါဘူတဲ့။ သူတို့ ရုန်းလည်း လွတ်မယ် မထင်လို့ပါ တဲ့။ ဘာလို့ သူတို့ အဲဒီလို ထင်သလဲ ဆိုတော့ ဆင်တွေကို ငယ်စဉ် ကတည်းက ခိုင်ခံ့တဲ့ ကြိုးနဲ့ ချည်နှောင်ထား ပါတယ်တဲ့။ သူတို့ ကြိုးစား ရုန်းကြည့်ပေမဲ့ မရပါဘူး။
အဲဒီလို ငယ်စဉ် ကတည်းက ရိုက်သွင်းထားတဲ့ အတွက် ဆင်တွေဟာ ကြီးလာလို့ ခွန်အားနဲ့ ပြည့်စုံချိန် မှာလည်း ငါ့တို့ ဒီသံကြိုးက လွတ်မှာ မဟုတ်ပါဘူးလို့ ယုံကြည်ပြီး ရုန်းမကြည့် တော့တာ ပါတဲ့။
ဒီတိရိစ္ဆာန် နှစ်မျိုးက ဘာတွေ သင်ယူနိုင်မလဲ ဆိုတော့ ပိတုန်းလို သဘာဝတရားကြီးက ကန့်သတ်ထား တာတောင် ကြိုးစားပြုလုပ်ရင်းက လုပ်လို့ ရသွားတယ်။
ဆင်ကတော့ ကိုယ့်မှာ လုပ်နိုင်စွမ်း ရှိတာတောင် ကိုယ်လုပ်နိုင်တာ မယုံကြည်တဲ့ အတွက် မလုပ်ကြည့်တော့ ပါဘူးတဲ့။
တကယ်တော့ ကျွန်တော်တို့ တွေမှာ ပိတုန်းလို လူတွေလည်း ရှိပါတယ်။ ဒါကြောင့် ရိုက်ညီနောင် တို့လို လေယာဉ်ပျံ တီထွင်တဲ့သူတွေ၊ မီးလုံး တီထွင်တဲ့ အက်ဒီဆင်တို့လို လူတွေ၊ ဂရေဟမ်ဘဲလ်လို တယ်လီဖုန်း ထွင်တဲ့ သူတွေလို မဖြစ်နိုင်ဘူး ထင်တဲ့ အရာတွေကို လုပ်ပြနိုင်တဲ့သူတွေ ဖြစ်လာတာပါ။
ဆင်လိုမျိုး အရည်အချင်းတွေ ရှိတယ်။ ဒါပေမယ့် မလုပ်ကြည့်တဲ့ အတွက် မလုပ်နိုင်ဘူး ထင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ရည်မှန်းချက် အသစ်တွေ ချပါ။ ကြိုးစား အကောင်အထည် ဖော်ပါ။
ပိတုန်းတွေလို တိရစ္ဆာန် ကတောင် သဘာဝတရားက ကန့်သတ်ချက်ကို လွန်ဆန်နိုင်ရင် ကျနော်တို့လို လူသားတွေက ကိုယ့်ဘဝမှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ရည်မှန်းချက်တွေ ဘာကြောင့် ကြိုးစား အကောင်အထည် မဖော်နိုင်ရ မှာလဲဗျာ။ Crd
0 Comments