သမိုင်းလေးတော့ လှအောင်ရေး

ဖယောင်းတိုင်တွေ ထွန်းပြီး သေသူကို သတိတရ ဝမ်းနည်းကြ ပေမယ့် ဖယောင်းတိုင် မှုတ်ပြီး မွေးနေ့ပွဲတွေ ကျင်းပ ကြတယ်။ ခြေကျင်းစွပ်ကို သိန်းချီပေး ဝယ်ရတယ်။ ပြီးတော့ ခြေထောက်မှာ စွပ်ကြတယ်။

ဒါပေမယ့် ဆံပင်ချည် သရေပင်က ရာဂဏန်းပဲ တန်ဖိုး ရှိပြီး ခေါင်းမှာ နေရာရတယ်။ ဒါကြောင့် တန်ဖိုးထက် လုပ်ဆောင်ရမယ့် နေရာက အဓိက ဖြစ်လာတယ်။

မှန်ကန်တဲ့ အကြံပေးသူဟာ ဆားခါးနဲ့ တူတဲ့ မိတ်ဆွေစစ် ဖြစ်တယ် လို့ ယူဆပြီး၊ အလိုလိုက် အကြိုက်ဆောင် အချိုသက် ပေါင်းသူတွေဟာ သကြားလို ပါပဲ။ ဆားခါးက ပိုးပုရွက် မကျဘဲ၊ သကြားကတော့ ပိုးပုရွက်ကြောင့် ပျက်စီးခြင်းကို ရောက်ရတယ်။

ကောင်းတဲ့လမ်းကို ဘယ်သူမှ မသွားချင် ကြဘူး။ မကောင်းတဲ့ လမ်းကိုတော့ အားလုံး သွားကြတယ်။ ဒါကြောင့် အရက်ရောင်းသူက ဘယ်မှ မသွားရဘဲ နွားနို့ရောင်းသူက အိမ်တိုင်းထိ သွားရတယ်။

နံရံပေါ်က ပုံရဲ့ ဝန်ကို ထမ်းထားတာက သံချောင်းလေး။ ဒါပေမယ့် လူတွေ ချီးမွမ်းကြတာက သူ့အပေါ် ချိတ်ထားတဲ့ ဓာတ်ပုံ။

လူတွေက သူတို့ကို တိရိစ္ဆာန်လို့ ပြောရင် ထသတ်ချင် ကြပြီး ကျားလို ခြင်္သေ့လို ရဲရင့်လိုက်တာ ဆိုရင်တော့ ကျေနပ်နေကြ ပြန်ပါလေရော။

မင်္ဂလာပွဲ တွေမှာ လူတွေက အရှေ့ကနေ လိုက်ကြပြီး မသာပို့ချိန်ကြ နောက်ရောက်သွား ကြတယ်။ ဒါကို မြင်ရတော့ လောကကြီးက ပျော်နေချိန်မှာ သင့်ရှေ့က နေကြပြီး ဝမ်းနည်းချိန်မှာ နောက်ကို ဆုတ်သွားတတ် ကြတဲ့ သင်ခန်းစာကို ယူမိတယ်။

မွေးမယ် သေမယ် ဖြစ်နေကြအုံးမယ့် တလောကလုံးမှာ အမြဲတမ်း ကျန်ခဲ့မယ့် ကိုယ့်သမိုင်းလေး ကိုယ်တော့ လက်ရေးလှအောင် အမှန်ကန်ဆုံး ရေးနိုင်ကြ စေချင်ပါတယ်။ Crd

Zawgyi

သမိုင္းေလးေတာ့ လွေအာင္ေရး

ဖေယာင္းတိုင္ေတြ ထြန္းၿပီး ေသသူကို သတိတရ ဝမ္းနည္းၾက ေပမယ့္ ဖေယာင္းတိုင္ မႈတ္ၿပီး ေမြးေန႔ပြဲေတြ က်င္းပ ၾကတယ္။ ေျခက်င္းစြပ္ကို သိန္းခ်ီေပး ဝယ္ရတယ္။ ၿပီးေတာ့ ေျခေထာက္မွာ စြပ္ၾကတယ္။

ဒါေပမယ့္ ဆံပင္ခ်ည္ သေရပင္က ရာဂဏန္းပဲ တန္ဖိုး ရွိၿပီး ေခါင္းမွာ ေနရာရတယ္။ ဒါေၾကာင့္ တန္ဖိုးထက္ လုပ္ေဆာင္ရမယ့္ ေနရာက အဓိက ျဖစ္လာတယ္။

မွန္ကန္တဲ့ အႀကံေပးသူဟာ ဆားခါးနဲ႔ တူတဲ့ မိတ္ေဆြစစ္ ျဖစ္တယ္ လို႔ ယူဆၿပီး၊ အလိုလိုက္ အႀကိဳက္ေဆာင္ အခ်ိဳသက္ ေပါင္းသူေတြဟာ သၾကားလို ပါပဲ။ ဆားခါးက ပိုးပု႐ြက္ မက်ဘဲ၊ သၾကားကေတာ့ ပိုးပု႐ြက္ေၾကာင့္ ပ်က္စီးျခင္းကို ေရာက္ရတယ္။

ေကာင္းတဲ့လမ္းကို ဘယ္သူမွ မသြားခ်င္ ၾကဘူး။ မေကာင္းတဲ့ လမ္းကိုေတာ့ အားလုံး သြားၾကတယ္။ ဒါေၾကာင့္ အရက္ေရာင္းသူက ဘယ္မွ မသြားရဘဲ ႏြားႏို႔ေရာင္းသူက အိမ္တိုင္းထိ သြားရတယ္။

နံရံေပၚက ပုံရဲ႕ ဝန္ကို ထမ္းထားတာက သံေခ်ာင္းေလး။ ဒါေပမယ့္ လူေတြ ခ်ီးမြမ္းၾကတာက သူ႔အေပၚ ခ်ိတ္ထားတဲ့ ဓာတ္ပုံ။ လူေတြက သူတို႔ကို တိရိစာၦန္လို႔ ေျပာရင္ ထသတ္ခ်င္ ၾကၿပီး က်ားလို ျခေသၤ့လို ရဲရင့္လိုက္တာ ဆိုရင္ေတာ့ ေက်နပ္ေနၾက ျပန္ပါေလေရာ။

မဂၤလာပြဲ ေတြမွာ လူေတြက အေရွ႕ကေန လိုက္ၾကၿပီး မသာပို႔ခ်ိန္ၾက ေနာက္ေရာက္သြား ၾကတယ္။ ဒါကို ျမင္ရေတာ့ ေလာကႀကီးက ေပ်ာ္ေနခ်ိန္မွာ သင့္ေရွ႕က ေနၾကၿပီး ဝမ္းနည္းခ်ိန္မွာ ေနာက္ကို ဆုတ္သြားတတ္ ၾကတဲ့ သင္ခန္းစာကို ယူမိတယ္။

ေမြးမယ္ ေသမယ္ ျဖစ္ေနၾကအုံးမယ့္ တေလာကလုံးမွာ အၿမဲတမ္း က်န္ခဲ့မယ့္ ကိုယ့္သမိုင္းေလး ကိုယ္ေတာ့ လက္ေရးလွေအာင္ အမွန္ကန္ဆုံး ေရးႏိုင္ၾက ေစခ်င္ပါတယ္။ Crd

Post a Comment

0 Comments