ဆံပင်ကို ထိခိုက်စေတဲ့ ခေါင်းလျှော်နည်း (၆) မျိုး

မနက်ခင်းပိုင်းမှာ ရေချိုးတာက ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး ညနေပိုင်းမှာ ရေချိုးတာကတော့ ပင်ပန်းတာတွေ ပြေပျောက်စေပါတယ်။ ဒါပေမယ့် ရေချိုးတဲ့အခါ ပြုလုပ်မိတတ်တဲ့ အပြုအမူတချို့က ဆံသားကျန်းမာရေးကို ထိခိုက်စေပါတယ်။

၁။ ရေချိုးဦးထုပ်မဆောင်းခြင်း

ရေချိုးတဲ့အခါမှာ ခေါင်းမလျှော်ဖြစ်ရင် ရေချိုးဦးထုပ်ဆောင်းပြီးမှသာ ရေချိုးပါ။ ရေချိုးတိုင်း ခေါင်းလျှော်တာက ဆံပင်ကျန်းမာရေးအတွက် မကောင်းပါဘူး။ ရေချိုးဦးထုပ်ဆောင်းပြီးတော့ ရေချိုးတာက ဆံသားမငြိအောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၂။ ရေပူနဲ့ ရေချိုးခြင်း

ရေချိုးတဲ့အခါ ရေပူနဲ့ ချိုးတာ ကောင်းပေမယ့် ခေါင်းလျှော်တဲ့အခါမှာတော့ ရေပူနဲ့ မလျှောင်သင့်ပါဘူး။ ရေပူက ဆံသားတွေကိုခြောက်သွေ့စေပြီး ဖွာကြမ်းလာစေမှာပါ။ ရေပူနဲ့ ခေါင်းလျှော်တာက ဆံပင်ရဲ့ သဘာဝအဆီတွေကိုလည်း နည်းပါးသွားစေတဲ့အပြင် ဦးရေပြားကိုလည်း နာကျင်စေပါတယ်။

၃။ ခေါင်းမလျှော်ခင်မှာ ခေါင်းမဖြီးခြင်း

လူအများစုက ခေါင်းလျှော်ပြီးမှသာ ခေါင်းဖြီးတတ်ကြပါတယ်။ တကယ်တော့ ခေါင်းမလျှော်ခင် ခေါင်းဖြီးတာက ဆံသားငြိတာ၊ နှစ်ခွဖြစ်တာတွေကိုလည်း လျော့ပါးသွားစေပါတယ်။

၄။ ရေချိုးတဲ့အခါတိုင်း ခေါင်းလျှော်ခြင်း

ကျန်းမာပြီး ထူထဲတဲ့ဆံပင်ကို ရရှိဖို့ ‌ခဏခဏ ခေါင်းလျှော်တာကို ရှောင်သင့်ပါတယ်။ ခေါင်းခဏခဏလျှော်တာက ဆံပင်အတွက် လိုအပ်တဲ့သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်စေပါတယ်။

သဘာဝအဆီတွေက ဆံပင်ကို တောက်ပအောင်၊ ရေဓာတ်ပြည့်အောင် ပြုလုပ်ပေးပါတယ်။ သင်က ဆံပင်ကောက်သူဆိုရင် တစ်ပတ်ကို တစ်ကြိမ်ခန့် ခေါင်းလျှော်ရင် လုံလောက်ပါတယ်။

၅။ ဦးရေပြားကို လက်သည်းနဲ့ ကုတ်ခြင်း

ဦးရေပြားက နူးညံ့ပြီး ထိခိုက်လွယ်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို လက်သည်းနဲ့ ကုတ်ခြစ်တာက ရောင်ရမ်းတာ၊ နာကျင်တာကို ကြုံတွေ့ရစေပါတယ်။ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ ၃ မိနစ်ကြာအောင် နှိပ်နယ်ပေးနိုင်ပါတယ်။

၆။ ပြောင်အောင် ရေမဆေးချခြင်း

ခေါင်းလျှော်တဲ့အခါမှာ ပေါင်းဆေးနဲ့ ခေါင်းလျှော်ရည်တွေကို ပြောင်သွားအောင် သေသေချာချာ ရေဆေးချသင့်ပါတယ်။ ဦးရေပြားမှာ ပေါင်းဆေးနဲ့ ခေါင်းလျှော်ရည်တွေ ကျန်နေရင် ဦးရေပြားယားယံပြီး ဗောက်တွေလည်းဖြစ်လာစေပါတယ်။ ရေဆေးချတဲ့အခါမှာလည်း ရေအေးကိုသာ အသုံးပြုသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments