အသက် ၁၆ နှစ်မှာ တွဲခဲ့တဲ့ ရည်းစားက အကြောင်းပြချက် မရှိ လမ်းခွဲ ခဲ့တယ်။
အသက် ၂၁ မှာ တွဲခဲ့တဲ့ ရည်းစားက အိမ်က သဘောတူတဲ့ လူနဲ့ ယူရမယ် ဆိုပြီး လမ်းခွဲ ခဲ့တယ်။
အသက် ၂၂ မှာ တွဲခဲ့တဲ့ ရည်းစားက ဖုန်းတည မဆက်မိတာ လေးကို စိတ်ကောက်ပြီး လမ်းခွဲ ခဲ့တယ်။
တွဲခဲ့သမျှ ရည်းစားတွေ တယောက်ပြီး တယောက် လမ်းခွဲ သွားကြတော့ ကျနော့်ကိုယ် ကျနော် စိတ်ပျက်လာတယ်။ အချစ် ဆိုတာကို မယုံကြည် တော့ဘူး။ မိန်းကလေးတွေနဲ့ စကားပြောရမှာ ကြောက်လာတယ်။
အသက် ၂၅ ကျော်လာတဲ့ အခါမှာ ချစ်သူ တယောက် ရခဲ့တယ်။ ချစ်သူ သက်တမ်း ၂ နှစ် ကျော်လာတဲ့ အခါ ကျနော်တို့ လက်ထပ် ခဲ့ကြတယ်။
သူဟာ ဘာသာရေး ကိုင်းရှိုင်းတယ်။ မနက် ည ပရိတ် ပဌာန်း ရွတ်တယ်။ အိမ်မှု ကိစ္စ နိုင်နင်းတယ်။ ကျနော် စားချင်တာ အလိုက်တသိ ချက်ကျွေးတယ်။ ကျနော့်ကို အလို လိုက်တယ်။
ကျနော် အဲဒီအခါမှ သိတော့တယ်။ ရှေ့ က တွဲခဲ့တဲ့ ရည်းစားတွေနဲ့ တယောက်ပြီး တယောက် ဝေးခဲ့တာ၊ လမ်းခွဲ ခဲ့ရတာဟာ အခုလို ကျနော့် အပေါ် ကို အနစ်နာခံပြီး ပေးဆပ်မယ့် မိန်းကလေး တယောက် ရှိလာမှာ ဖြစ်လို့ ကံတရားက ရှေ့ က လူတွေနဲ့ ဝေးကွာ စေခဲ့တာကိုး။
ဝေးခဲ့တာ ကောင်းပါတယ်။ အခု ဒီစာဖတ်နေတဲ့ မိတ်ဆွေရော လမ်းခွဲ ခံရပြီးပြီလား။
သင့်ကို ထားခဲ့တဲ့ တယောက်ထက် သင့်ကို အဆပေါင်းများစွာ ပိုချစ်နိုင်တဲ့ တယောက် ရှိလာမှာ ဖြစ်လို့ ကံတရားက သင့်ကို လမ်းခွဲ စေခဲ့တာပါ။ ဝေးခဲ့တာ ကောင်းပါတယ်။
(အသည်း ကွဲနေသော သူများအတွက် အားဆေးတလက် ဖြစ်ရင် ကျေနပ်ပါပြီ) Crd
Zawgyi
ေဝးခဲ့တာ ေကာင္းပါတယ္
အသက္ ၁၆ ႏွစ္မွာ တြဲခဲ့တဲ့ ရည္းစားက အေၾကာင္းျပခ်က္ မရွိ လမ္းခြဲ ခဲ့တယ္။
အသက္ ၂၁ မွာ တြဲခဲ့တဲ့ ရည္းစားက အိမ္က သေဘာတူတဲ့ လူနဲ႔ ယူရမယ္ ဆိုၿပီး လမ္းခြဲ ခဲ့တယ္။
အသက္ ၂၂ မွာ တြဲခဲ့တဲ့ ရည္းစားက ဖုန္းတည မဆက္မိတာ ေလးကို စိတ္ေကာက္ၿပီး လမ္းခြဲ ခဲ့တယ္။
တြဲခဲ့သမွ် ရည္းစားေတြ တေယာက္ၿပီး တေယာက္ လမ္းခြဲ သြားၾကေတာ့ က်ေနာ့္ကိုယ္ က်ေနာ္ စိတ္ပ်က္လာတယ္။ အခ်စ္ ဆိုတာကို မယုံၾကည္ ေတာ့ဘူး။ မိန္းကေလးေတြနဲ႔ စကားေျပာရမွာ ေၾကာက္လာတယ္။
အသက္ ၂၅ ေက်ာ္လာတဲ့ အခါမွာ ခ်စ္သူ တေယာက္ ရခဲ့တယ္။ ခ်စ္သူ သက္တမ္း ၂ ႏွစ္ ေက်ာ္လာတဲ့ အခါ က်ေနာ္တို႔ လက္ထပ္ ခဲ့ၾကတယ္။
သူဟာ ဘာသာေရး ကိုင္းရႈိင္းတယ္။ မနက္ ည ပရိတ္ ပဌာန္း ႐ြတ္တယ္။ အိမ္မႈ ကိစၥ ႏိုင္နင္းတယ္။ က်ေနာ္ စားခ်င္တာ အလိုက္တသိ ခ်က္ေကြၽးတယ္။ က်ေနာ့္ကို အလို လိုက္တယ္။
က်ေနာ္ အဲဒီအခါမွ သိေတာ့တယ္။ ေရွ႕ က တြဲခဲ့တဲ့ ရည္းစားေတြနဲ႔ တေယာက္ၿပီး တေယာက္ ေဝးခဲ့တာ၊ လမ္းခြဲ ခဲ့ရတာဟာ အခုလို က်ေနာ့္ အေပၚ ကို အနစ္နာခံၿပီး ေပးဆပ္မယ့္ မိန္းကေလး တေယာက္ ရွိလာမွာ ျဖစ္လို႔ ကံတရားက ေရွ႕ က လူေတြနဲ႔ ေဝးကြာ ေစခဲ့တာကိုး။
ေဝးခဲ့တာ ေကာင္းပါတယ္။ အခု ဒီစာဖတ္ေနတဲ့ မိတ္ေဆြေရာ လမ္းခြဲ ခံရၿပီးၿပီလား။
သင့္ကို ထားခဲ့တဲ့ တေယာက္ထက္ သင့္ကို အဆေပါင္းမ်ားစြာ ပိုခ်စ္ႏိုင္တဲ့ တေယာက္ ရွိလာမွာ ျဖစ္လို႔ ကံတရားက သင့္ကို လမ္းခြဲ ေစခဲ့တာပါ။ ေဝးခဲ့တာ ေကာင္းပါတယ္။
(အသည္း ကြဲေနေသာ သူမ်ားအတြက္ အားေဆးတလက္ ျဖစ္ရင္ ေက်နပ္ပါၿပီ)
Crd
0 Comments