အရာရာတိုင်းဟာ ကောင်းဖို့ ဖြစ်လာတာပါ

တခါတုန်းက ငါးတကောင်ဟာ ကုန်းပေါ် ရောက်လာ ပါတယ်။ ရေထဲ ပြန်ဆင်းဖို့ အတွက် သူ လူးလှိမ့် ခုန်ပေမယ့်၊ ရေမြောင်းဆီကို မရောက်နိုင် ဖြစ်နေတော့ သူ စိတ်လျှော့ လိုက်တယ်။ သေပါစေတော့ ပေါ့။

ဒါကို ပုရွက်ဆိတ်တွေ မြင်တော့ ငါးကို ကယ်မယ် လုပ်ကြတယ်။ ပုရွက်ဆိတ် တချို့က ငါးကို ဝိုင်းချီ ကြပြီး၊ ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့။ ပုရွက်ဆိတ် ခေါင်းဆောင်က ပြောတယ်။

"မချီကြနဲ့ မနိုင်လောက်ဘူး။ ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ်" ဆိုပြီး ဝိုင်းကိုက်ကြလေတော့ ငါးက နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း၊ ရေမြောင်းစပ် ဆီကို ရောက်သွားတယ်။ နောက်ဆုံး ရေထဲထိ ရောက်သွားနိုင် ခဲ့တယ်။

တချို့ နာကျင်ခြင်း တွေဟာ၊ တချို့ တိုက်ခိုက်မှု တွေဟာ အောင်မြင်ခြင်း အတွက် အထောက်အပံ့ ဖြစ်စေတယ် ဆိုတာ မမေ့ကြ ပါနဲ့။ တခါတလေ တိုက်ခိုက်လာတဲ့ သူတွေကြောင့် ကိုယ်က ပိုပြီး သန်မာလာ ရတယ်။

စိတ်ညစ်ချင် ညစ်ပါ၊ သို့သော် စိတ်ဓာတ်မကျ ပါနဲ့။ ဘာအကြောင်းကြောင်း ကြောင့်မှ စိတ်ဓာတ် မကျလိုက်ပါနဲ့။ နင်းတတ်ရင် အားလုံးဟာ လှေကားထစ်တွေချည်း ပါပဲ။ "အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ" ဆိုတဲ့ ဒီပုံပြင်လေးကို သတိရလိုက်ပါ။ Crd

Zawgyi

အရာရာတိုင္းဟာ ေကာင္းဖို႔ ျဖစ္လာတာပါ

တခါတုန္းက ငါးတေကာင္ဟာ ကုန္းေပၚ ေရာက္လာ ပါတယ္။ ေရထဲ ျပန္ဆင္းဖို႔ အတြက္ သူ လူးလွိမ့္ ခုန္ေပမယ့္၊ ေရေျမာင္းဆီကို မေရာက္ႏိုင္ ျဖစ္ေနေတာ့ သူ စိတ္ေလွ်ာ့ လိုက္တယ္။ ေသပါေစေတာ့ ေပါ့။

ဒါကို ပု႐ြက္ဆိတ္ေတြ ျမင္ေတာ့ ငါးကို ကယ္မယ္ လုပ္ၾကတယ္။ ပု႐ြက္ဆိတ္ တခ်ိဳ႕က ငါးကို ဝိုင္းခ်ီ ၾကၿပီး၊ ေရေျမာင္းစပ္ဆီ ပို႔မယ္ေပါ့။ ပု႐ြက္ဆိတ္ ေခါင္းေဆာင္က ေျပာတယ္။

"မခ်ီၾကနဲ႔ မႏိုင္ေလာက္ဘူး။ ငါတို႔ သူ႔ကို နာေအာင္ ဝိုင္းကိုက္ၾကမယ္" ဆိုၿပီး ဝိုင္းကိုက္ၾကေလေတာ့ ငါးက နာလြန္းၿပီး တအားပဲလူးလွိမ့္ ခုန္ဆြ ေျပးရင္း၊ ေရေျမာင္းစပ္ ဆီကို ေရာက္သြားတယ္။ ေနာက္ဆုံး ေရထဲထိ ေရာက္သြားႏိုင္ ခဲ့တယ္။

တခ်ိဳ႕ နာက်င္ျခင္း ေတြဟာ၊ တခ်ိဳ႕ တိုက္ခိုက္မႈ ေတြဟာ ေအာင္ျမင္ျခင္း အတြက္ အေထာက္အပံ့ ျဖစ္ေစတယ္ ဆိုတာ မေမ့ၾက ပါနဲ႔။ တခါတေလ တိုက္ခိုက္လာတဲ့ သူေတြေၾကာင့္ ကိုယ္က ပိုၿပီး သန္မာလာ ရတယ္။

စိတ္ညစ္ခ်င္ ညစ္ပါ၊ သို႔ေသာ္ စိတ္ဓာတ္မက် ပါနဲ႔။ ဘာအေၾကာင္းေၾကာင္း ေၾကာင့္မွ စိတ္ဓာတ္ မက်လိုက္ပါနဲ႔။ နင္းတတ္ရင္ အားလုံးဟာ ေလွကားထစ္ေတြခ်ည္း ပါပဲ။ "အရာရာဟာ ေကာင္းဖို႔ ျဖစ္လာတာ" ဆိုတဲ့ ဒီပုံျပင္ေလးကို သတိရလိုက္ပါ။ Crd

Post a Comment

0 Comments