၁၉၈၀ ကျော် ကာလ။ ဘရာဇီးနိုင်ငံမှာ ထားစရာ မရှိအောင် ချမ်းသာသူနဲ့ စားစရာ မရှိအောင် ဆင်းရဲသူ ဆိုပြီး လူတန်းစားနှစ်ခုကြား တအား ကွာဟ နေချိန်ပေါ့။
စားသောက်ဆိုင်ကြီး တခုထဲ ကားကြီးတစီး ဝင်လာတယ်။ ဆိုင်ပေါက်ဝက စုတ်တီးစုတ်ပြက် ကလေး (၃) ယောက်က "သူဌေးကြီး ဖိနပ် တိုက်ပါရစေ" ဝိုင်းအော်ကြတယ်။
သူဌေးကြီး ဆိုသူလည်း ဆိုင်ထဲ ဝင်ပြီးမှ နာလန်ထလို့ အာဟာရ ချို့တဲ့နေတဲ့ ကလေးတွေကို ကြည့်ပြီး ပြန်လှည့် လာတယ်။ "ဘယ်လောက်လဲကွ"
အားတတ်သေရာ
"၂၀၀ ပါ ခင်ဗျ"
"အေး ဟုတ်ပြီ (၁၀) ဆ ပေးမယ်ကွာ ဘယ်သူ တိုက်မလဲ။ တယောက်ချင်း ဖြေ"
ပထမတယောက် "ကျွန်တော် တိုက်မယ်"
"မင်းဘာလို့ တိုက်ချင်တာလဲ"
"ကျွန်တော် တနေကုန် ဘာမှ မစားရသေး လို့ပါ"
"အေး ဟုတ်ပြီ။ ဒုတိယတယောက် မင်းကရော"
"ကျွန်တော်လည်း မစားရသေးဘူး အိမ်မှာ အမေကလည်း နေမကောင်းဘူး ခင်ဗျ"
"ဟေ ဟုတ်လား အေးပါ။ နောက်ဆုံး တယောက် မင်းကရောကွ"
"ကျွန်တော်က ဦးလေးပေးတဲ့ ဖိနပ်တိုက်ခကို သူတို့ နှစ်ယောက်ကို ပေးချင်လို့ပါ"
"ဟေ မင်းက ဘာစားပြီးပြီလဲ"
"ကျွန်တော်က ပေါင်မုန့်နှစ်ချပ် စားထားပါတယ်"
"အင်း ဟုတ်ပြီ ဒါဆို မင်းတိုက်ကွာ" ဆိုပြီး ငွေ (၂၀၀၀) ထုတ်ပေး လိုက်တယ်။
ကောင်လေးက ချက်ချင်းပဲ သူ့ သူငယ်ချင်း နှစ်ယောက်ကို ပိုက်ဆံ ခွဲပေးပြီး "မင်းတို့ ပြန်နှင့်ကြ" ဆိုပြီး ဝမ်းသာအားရ ဖိနပ်ကုန်းတိုက် ပါလေရော။
နောက်တော့ အဲ့ဒီ သူဌေးကြီးက သူ့ကို အလုပ် ပေးတယ်။ အသက် (၄၅) နှစ်မှာ အလုပ်သမားပါတီ ထောင်တယ်။ သူ့ရဲ့ အနစ်နာခံစိတ် ကိုယ်ချင်းစာ စိတ်တွေကြောင့် လူချစ် လူခင် ပေါလှပြီး
၂၀၀၂ ခုနှစ် ရွေးကောက်ပွဲမှာ ဘရာဇီးနိုင်ငံရဲ့ (၃၅) ယောက်မြောက် သမ္မတ ဖြစ်လာတယ်။ Fernando Henrique Cardoso တဲ့။
ဘယ်လို အခြေအနေမျိုး ဖြစ်ဖြစ် ကိုယ့်လောက် အဆင်မပြေ ဖြစ်နေသူတွေကို အနစ်နာခံပါ။ ကိုယ်ချင်းစာတရား ထားပါ။ မေတ္တာ အရင်းခံတဲ့ စိတ်ထား ထားရှိရင် ဘဝမှာ အောင်မြင်မှုတွေ ရလာမှာ အသေအချာ ပါပဲ။ Crd
0 Comments