တခါတုန်းက ဆိတ်တကောင်ဟာ မြည်းတကောင်ကို ကြိုက်မိသွားတယ်။ မြည်းက ပြောတယ်။ "ငါ နင့်ကို ငေါက်တာ၊ ကန်တာ နင် ခံနိုင်ရင် နင် ငါ့ကို တကယ် ချစ်လို့ပေါ့" တဲ့။
ဒီလိုနဲ့ ဆိတ်ဟာ မြည်းအလိုကို လိုက်ခဲ့တယ်၊ သည်းခံ ခဲ့တယ်။ မြည်းငေါက်တာ ကန်တာကို လက်ခံခဲ့တယ်။ တနှစ်၊ နှစ်နှစ်၊ ဆယ်နှစ် အကြာ မှာတော့ မြည်းကို ဆိတ်က ထားခဲ့လိုက် ပါတော့တယ်။
ဆယ်နှစ်တောင် စွဲစွဲမြဲမြဲ ရှိခဲ့တာပဲ ဘာလို့ တသက်တာ အထိ မထိန်းထား သလဲလို့ ဆိတ်ကို တချို့က မေးတော့ ဆိတ်က အခုလို ပြန်ဖြေလိုက်ပါတယ်။
"ဆယ်နှစ်တာ ကာလနဲ့ ငါ့ရဲ့ စစ်မှန်ခြင်းကို ငါသက်သေ ပြခဲ့ပြီး ပါပြီ။ အခု လက်ကျန် အချိန်နဲ့ ငါ့ရဲ့ ဂုဏ်သိက္ခာကို ငါကာကွယ်ရမယ်" တဲ့။
စီးပွားရေးပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း၊ အချစ်၊ ဒါမှမဟုတ် အိမ်ထောင်ရေးပဲ ဖြစ်ဖြစ် အရာအားလုံး အားလုံးက တန်ဖိုးထား တတ်မှ ပိုင်ဆိုင်ဖို့ ထိုက်ပါတယ်။
သင့်အလိုကို လိုက်လျောသူဟာ မစဉ်းစား မတွေးခေါ်တတ်သူ မဟုတ်ပါဘူး။ သင့်အနား မခွာရက်နိုင်သူပါ။ ဘာမဆို သင့်ကိုလုပ်ခွင့် ပေးသူဟာ ငတုံး ငအ မဟုတ်ပါဘူး။ သင့်ကို အလေးထားသူပါ။
နေကောင်းလား၊ ဘာလုပ်နေလဲ မကြာခဏ မေးသူဟာ ပြောစရာစကား မရှိလို့ မဟုတ်ပါဘူး။ သင့်ကို ဂရုစိုက်သူပါ။
သင့်အပေါ် ကောင်းတာဟာ သင့်ကို ပေးဆပ်စရာ ရှိလို့ မဟုတ်ပါဘူး။ သင့်ကို ဆွေမျိုးသားချင်းလို သဘောထား လို့ပါ။
စစ်မှန်သူ အချင်းချင်းက လျှောက်ရင်း လှမ်းရင်း ရင်ထဲ တိုးဝင် ကြတယ်။ ဟန်ဆောင်သူက လျှောက်ရင်း လျှောက်ရင်း မြင်ကွင်းကနေ ပျောက်ကွယ် သွားတယ်။
လူလူချင်း တွေ့ဆုံဖို့အတွက် ကံတရား လိုပါတယ်။ လူလူချင်း ပေါင်းသင်း ဆက်ဆံဖို့ အတွက် ရိုးသားစစ်မှန်ခြင်း လိုအပ်ပါတယ်။
0 Comments