တရံရော အခါ ဝံပုလွေ တကောင်သည် လယ်ကွင်းထဲ၌ ပြေးလွှား မြူးထူးလျက် ရှိသော ဆိတ်ငယ်လေး တကောင်ကို မြင်ရာ ဖမ်းဆီး စားသောက်ရန် နောက်မှ ပြေး၍ လိုက်၏။
ဆိတ်ငယ်သည် ခွန်အားရှိသမျှ အစွမ်းကုန် ပြေးပါသော်လည်း မရ။ ဝံပုလွေသည် သူ့ကို မီလာ၏။ ဤတွင် ဆိတ်ငယ်သည် ပြေးရာမှ ရပ်တန့် လိုက်ကာ ဝံပုလွေအား
"အဆွေဝံပုလွေ၊ ကျွန်ုပ်သည် ထွက်ပြေး ပါသော်လည်း သင့်လက်မှ လွတ်မြောက်ရန် လမ်းမမြင်တော့ပါ။ ထို့ကြောင့် သင်စားသည်ကို ကြည်ဖြူစွာ ခံပါတော့မည်။
သို့သော် ကျွန်ုပ်သည် သေသောအခါ ပျော်ရွှင်စွာ သေလိုသော ဆန္ဒရှိသဖြင့် မသေမီ ကခုန်လို ပါသည်။ သို့ဖြစ်၍ ကျွန်ုပ် ကကုန်ရန် သင်က ပလွေ မှုတ်ပေးပါ" ဟု ပရိယာယ်ဖြင့် ပြောဆိုလေသည်။
ဝံပုလွေလည်း ဆိတ်ငယ်လေး ပြောဆိုသည်အတိုင်း ပလွေကို မှုတ်၏။ ဆိတ်ငယ်သည်လည်း ပျော်ရွှင်စွာဖြင့် ကခုန်၏။ ထိုအခိုက် ခပ်လှမ်းလှမ်းမှ လယ်စောင့်ခွေး တို့သည် ပလွေသံကို ကြားသဖြင့် ပြေလားရာ ဝံပုလွေသည် ဆိတ်ငယ်ကို မစားနိုင်တော့ပဲ ထွက်ပြေးရ လေသည်။
ထိုအခါ ဝံပုလွေသည် တောထဲသို့ ပြေးဝင်ရာမှ နောင်တရစွာဖြင့် ဤသို့ ဆို၏။ "ငါသည် ကိုယ်နှင့် မဆိုင်သော အလုပ်ကို လုပ်မိသဖြင့် ဤသို့ ဖြစ်ရလေသည်။
စင်စစ်သော်ကား ငါ၏ အလုပ်မှာ သားကောင်ကို ဖမ်းဆီး စားသောက်ရန်သာ ဖြစ်ပြီး ပလွေမှုတ်ရန် မဟုတ်ပါ တကား" (ကိုယ်နဲ့မဆိုင်တာကို မလုပ်ပါနဲ့) phoomyatchal
Zawgyi
ဝံပုေလြႏွင့္ ဆိတ္ငယ္ေလး
တရံေရာ အခါ ဝံပုေလြ တေကာင္သည္ လယ္ကြင္းထဲ၌ ေျပးလႊား ျမဴးထူးလ်က္ ရွိေသာ ဆိတ္ငယ္ေလး တေကာင္ကို ျမင္ရာ ဖမ္းဆီး စားေသာက္ရန္ ေနာက္မွ ေျပး၍ လိုက္၏။
ဆိတ္ငယ္သည္ ခြန္အားရွိသမွ် အစြမ္းကုန္ ေျပးပါေသာ္လည္း မရ။ ဝံပုေလြသည္ သူ႔ကို မီလာ၏။ ဤတြင္ ဆိတ္ငယ္သည္ ေျပးရာမွ ရပ္တန႔္ လိုက္ကာ ဝံပုေလြအား
"အေဆြဝံပုေလြ၊ ကြၽႏ္ုပ္သည္ ထြက္ေျပး ပါေသာ္လည္း သင့္လက္မွ လြတ္ေျမာက္ရန္ လမ္းမျမင္ေတာ့ပါ။ ထို႔ေၾကာင့္ သင္စားသည္ကို ၾကည္ျဖဴစြာ ခံပါေတာ့မည္။
သို႔ေသာ္ ကြၽႏ္ုပ္သည္ ေသေသာအခါ ေပ်ာ္႐ႊင္စြာ ေသလိုေသာ ဆႏၵရွိသျဖင့္ မေသမီ ကခုန္လို ပါသည္။ သို႔ျဖစ္၍ ကြၽႏ္ုပ္ ကကုန္ရန္ သင္က ပေလြ မႈတ္ေပးပါ" ဟု ပရိယာယ္ျဖင့္ ေျပာဆိုေလသည္။
ဝံပုေလြလည္း ဆိတ္ငယ္ေလး ေျပာဆိုသည္အတိုင္း ပေလြကို မႈတ္၏။ ဆိတ္ငယ္သည္လည္း ေပ်ာ္႐ႊင္စြာျဖင့္ ကခုန္၏။ ထိုအခိုက္ ခပ္လွမ္းလွမ္းမွ လယ္ေစာင့္ေခြး တို႔သည္ ပေလြသံကို ၾကားသျဖင့္ ေျပလားရာ ဝံပုေလြသည္ ဆိတ္ငယ္ကို မစားႏိုင္ေတာ့ပဲ ထြက္ေျပးရ ေလသည္။
ထိုအခါ ဝံပုေလြသည္ ေတာထဲသို႔ ေျပးဝင္ရာမွ ေနာင္တရစြာျဖင့္ ဤသို႔ ဆို၏။ "ငါသည္ ကိုယ္ႏွင့္ မဆိုင္ေသာ အလုပ္ကို လုပ္မိသျဖင့္ ဤသို႔ ျဖစ္ရေလသည္။ စင္စစ္ေသာ္ကား ငါ၏ အလုပ္မွာ သားေကာင္ကို ဖမ္းဆီး စားေသာက္ရန္သာ ျဖစ္ၿပီး ပေလြမႈတ္ရန္ မဟုတ္ပါ တကား" (ကိုယ္နဲ႔မဆိုင္တာကို မလုပ္ပါနဲ႔) phoomyatchal
0 Comments