စွယ်စုံဆင်နှင့် ဟိုင်းဆင်

ဆင်တွေထဲမှာ အစွယ်နှစ်ချောင်း ပါတဲ့ ဆင်ကို စွယ်စုံဆင်လို့ ခေါ်ပါတယ်။ အစွယ် မပါတဲ့ ဆင်ကို ဟိုင်းဆင်လို့ ခေါ်ပါတယ်။

ဟိုင်းဆင်က အစွယ် မပါတော့ ဘာလုပ်ရလဲ ဆိုတော့ နှာမောင်းကို သန်အောင် လုပ်ရတယ်။ သူ့မှာ နှာမောင်းပဲ အားကိုစရာ ရှိတော့ တာကိုး။

တောထဲမှာ စွယ်စုံဆင်နဲ့ ဟိုင်းဆင်နဲ့ တွေ့ရင် စွယ်စုံဆင်က ဟိုင်းဆင်ကို အစွယ်နဲ့ ပြေးထိုးတယ်။ အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့ အစွယ်ကို နှာမောင်းနဲ့ လိမ်ချိုးပစ် လိုက်တယ် လို့ သစ်လုပ်သား တွေက ပြောဖူးတယ်။

တောထဲမှာ အဲ့ဒီ ဟိုင်းဆင်တွေနဲ့ တွေ့ရင် ကျွန်တော်တို့ ဆင်တွေက ပြေးတာပေါ့။ ပြေးတာ မလွတ်လို့ အရိုက် ခံရရင် အရိုးတောင် ထင်တယ်တဲ့။ ဆင်ကို အရိုးထင်အောင် ရိုက်နိုင်တယ် ဆိုမှတော့ သူ့ရဲ့ နှာမောင်းအားကို ခန့်မှန်းသာ ကြည့်ပါ။

ပြောချင်တာက ကိုယ့်မှာ ဘာချို့ယွင်းချက်ပဲ ရှိရှိ အားမငယ် ပါနဲ့။ တဖက်မှာ အားနည်းရင် တဖက်ဖက်မှာ အားသာ လာအောင် ကြိုးစားကြည့်ပါ။

"အားနည်းချက်က မင်းရဲ့ အင်အားကို မချိနဲ့ စေပါဘူး။ အားငယ်စိတ် ကသာ မင်းကို အားနည်းစေတာပါ" Crd

Zawgyi

စြယ္စံုဆင္နွင့္ ဟိုင္းဆင္

ဆင္ေတြထဲမွာ အစြယ္ႏွစ္ေခ်ာင္း ပါတဲ့ ဆင္ကို စြယ္စုံဆင္လို႔ ေခၚပါတယ္။ အစြယ္ မပါတဲ့ ဆင္ကို ဟိုင္းဆင္လို႔ ေခၚပါတယ္။

ဟိုင္းဆင္က အစြယ္ မပါေတာ့ ဘာလုပ္ရလဲ ဆိုေတာ့ ႏွာေမာင္းကို သန္ေအာင္ လုပ္ရတယ္။ သူ႔မွာ ႏွာေမာင္းပဲ အားကိုစရာ ရွိေတာ့ တာကိုး။

ေတာထဲမွာ စြယ္စုံဆင္နဲ႔ ဟိုင္းဆင္နဲ႔ ေတြ႕ရင္ စြယ္စုံဆင္က ဟိုင္းဆင္ကို အစြယ္နဲ႔ ေျပးထိုးတယ္။ အဲ့ဒီမွာ ဟိုင္းဆင္က စြယ္စုံဆင္ရဲ႕ အစြယ္ကို ႏွာေမာင္းနဲ႔ လိမ္ခ်ိဳးပစ္ လိုက္တယ္ လို႔ သစ္လုပ္သား ေတြက ေျပာဖူးတယ္။

ေတာထဲမွာ အဲ့ဒီ ဟိုင္းဆင္ေတြနဲ႔ ေတြ႕ရင္ ကြၽန္ေတာ္တို႔ ဆင္ေတြက ေျပးတာေပါ့။ ေျပးတာ မလြတ္လို႔ အ႐ိုက္ ခံရရင္ အ႐ိုးေတာင္ ထင္တယ္တဲ့။ ဆင္ကို အ႐ိုးထင္ေအာင္ ႐ိုက္ႏိုင္တယ္ ဆိုမွေတာ့ သူ႔ရဲ႕ ႏွာေမာင္းအားကို ခန႔္မွန္းသာ ၾကည့္ပါ။

ေျပာခ်င္တာက ကိုယ့္မွာ ဘာခ်ိဳ႕ယြင္းခ်က္ပဲ ရွိရွိ အားမငယ္ ပါနဲ႔။ တဖက္မွာ အားနည္းရင္ တဖက္ဖက္မွာ အားသာ လာေအာင္ ႀကိဳးစားၾကည့္ပါ။

"အားနည္းခ်က္က မင္းရဲ႕ အင္အားကို မခ်ိနဲ႔ ေစပါဘူး။ အားငယ္စိတ္ ကသာ မင္းကို အားနည္းေစတာပါ" Crd

Post a Comment

0 Comments