နွံနစ်နေသော ဆင်ကြီး

တခါတုန်းက ကောသလမင်းကြီး ဆီမှာ ပါဝေယျ ဆိုတဲ့ ထောင်ထောင် မောင်းမောင်း တိုက်ဆင်ကြီး တကောင် ရှိခဲ့တယ်။ တိုက်ပွဲတွေ အများကြီး တိုက်ခဲ့ပြီးနောက် အိုလာတဲ့အခါ ဘုရင်ကြီးက သူ့အချစ်တော် ဆင်ကြီးကို ဘေးမဲ့ပေး လိုက်တယ်။

တနေ့ ဆင်ကြီးက အိုင်တခုထဲ ဆင်းရင်း နွံထဲ နစ်သွားတယ်။ ဆင်းကြီးက ရုန်းပြီး တက်တယ်။ ဒါပေမယ့် မရဘူး။ အသက်က ကြီး၊ အိုကလည်း အိုနေပြီမို့ ဘယ်လိုမှကို မရုန်းနိုင် တော့ဘူး။

ဘုရင်ကြီးက သိသိချင်းမှာ သူ့အချစ်တော် ဆင်ကြီးဆီကို ဆင်ဆရာနဲ့ အဖွဲ့တဖွဲ့ ချက်ခြင်း စေလွှတ်လိုက်တယ်။ ဆင်ဆရာကလည်း တိုက်ဆင်တွေ အကြောင်း သဘောပေါက်တော့ သွားကတည်းက စစ်တီးဝိုင်းပါ ခေါ်သွားတယ်။

ဆင်ဆရာဟာ စစ်ချီ စစ်ထိုးရင် သုံးတဲ့ စည်တွေ မောင်းတွေပါ သယ်သွားခဲ့တယ်။ ဟိုရောက်တော့ သူ့လူတွေကို တပ်ဖြန့်ပြီး စစ်ပွဲပုံစံ ပေါ်အောင် ဖန်တီးတယ်။

မောင်းတွေ တဒူဒူ ထု၊ စည်တွေ တီးကြပြီး စစ်သည်တွေက ကြွေးကြော်သံတွေနဲ့ အော်တော့ ဆင်ကြီးက ငယ်ငယ်တုန်းကလို ရဲစိတ် ရဲမာန်တွေ တဖန် ပြန်ပေါ်လာပြီး ရုန်းပါတော့တယ်။

အဲဒီ နောက်မှာတော့ ဆင်ကြီးဟာ ဘယ်သူမှ ဆွဲတင်တာ မဟုတ်ဘဲ သူ့ဖာသာပဲ နွံထဲက ရုန်းထွက် နိုင်ခဲ့ပါတယ်။

ကျဉ်းထဲ ကြပ်ထဲ ရောက်တဲ့အခါမှာ စိတ်က အတော် အရေးကြီး ပါတယ်။ ကိုယ်တိုင်ပဲ ကြိုးစားပြီး ရုန်းထွက်ရ တာပါ။

အခု နေမကောင်းနေတဲ့ သူတွေ၊ အခက်အခဲ ကြုံနေတဲ့ သူတွေ အနေနဲ့ ပါဝေယျ ဆင်ကြီးကို ဥပမာ ယူပြီး ကိုယ့်ကိုယ်ကို အားယူပြီးမှ ရုန်းထွက် နိုင်ကြပါစေ။ Crd

Zawgyi

နြံနစ္ေနေသာ ဆင္ၾကီး

တခါတုန္းက ေကာသလမင္းႀကီး ဆီမွာ ပါေဝယ် ဆိုတဲ့ ေထာင္ေထာင္ ေမာင္းေမာင္း တိုက္ဆင္ႀကီး တေကာင္ ရွိခဲ့တယ္။ တိုက္ပြဲေတြ အမ်ားႀကီး တိုက္ခဲ့ၿပီးေနာက္ အိုလာတဲ့အခါ ဘုရင္ႀကီးက သူ႔အခ်စ္ေတာ္ ဆင္ႀကီးကို ေဘးမဲ့ေပး လိုက္တယ္။

တေန႔ ဆင္ႀကီးက အိုင္တခုထဲ ဆင္းရင္း ႏြံထဲ နစ္သြားတယ္။ ဆင္းႀကီးက ႐ုန္းၿပီး တက္တယ္။ ဒါေပမယ့္ မရဘူး။ အသက္က ႀကီး၊ အိုကလည္း အိုေနၿပီမို႔ ဘယ္လိုမွကို မ႐ုန္းႏိုင္ ေတာ့ဘူး။

ဘုရင္ႀကီးက သိသိခ်င္းမွာ သူ႔အခ်စ္ေတာ္ ဆင္ႀကီးဆီကို ဆင္ဆရာနဲ႔ အဖြဲ႕တဖြဲ႕ ခ်က္ျခင္း ေစလႊတ္လိုက္တယ္။ ဆင္ဆရာကလည္း တိုက္ဆင္ေတြ အေၾကာင္း သေဘာေပါက္ေတာ့ သြားကတည္းက စစ္တီးဝိုင္းပါ ေခၚသြားတယ္။

ဆင္ဆရာဟာ စစ္ခ်ီ စစ္ထိုးရင္ သုံးတဲ့ စည္ေတြ ေမာင္းေတြပါ သယ္သြားခဲ့တယ္။ ဟိုေရာက္ေတာ့ သူ႔လူေတြကို တပ္ျဖန႔္ၿပီး စစ္ပြဲပုံစံ ေပၚေအာင္ ဖန္တီးတယ္။

ေမာင္းေတြ တဒူဒူ ထု၊ စည္ေတြ တီးၾကၿပီး စစ္သည္ေတြက ေႂကြးေၾကာ္သံေတြနဲ႔ ေအာ္ေတာ့ ဆင္ႀကီးက ငယ္ငယ္တုန္းကလို ရဲစိတ္ ရဲမာန္ေတြ တဖန္ ျပန္ေပၚလာၿပီး ႐ုန္းပါေတာ့တယ္။ အဲဒီ ေနာက္မွာေတာ့ ဆင္ႀကီးဟာ ဘယ္သူမွ ဆြဲတင္တာ မဟုတ္ဘဲ သူ႔ဖာသာပဲ ႏြံထဲက ႐ုန္းထြက္ ႏိုင္ခဲ့ပါတယ္။

က်ဥ္းထဲ ၾကပ္ထဲ ေရာက္တဲ့အခါမွာ စိတ္က အေတာ္ အေရးႀကီး ပါတယ္။ ကိုယ္တိုင္ပဲ ႀကိဳးစားၿပီး ႐ုန္းထြက္ရ တာပါ။ အခု ေနမေကာင္းေနတဲ့ သူေတြ၊ အခက္အခဲ ႀကဳံေနတဲ့ သူေတြ အေနနဲ႔ ပါေဝယ် ဆင္ႀကီးကို ဥပမာ ယူၿပီး ကိုယ့္ကိုယ္ကို အားယူၿပီးမွ ႐ုန္းထြက္ ႏိုင္ၾကပါေစ။ Crd

Post a Comment

0 Comments