တခါတုန်းက သာယာ လှပတဲ့ ရေကန်ကြီး တခုမှာ ဘဲငန်း တကောင် ရေဆော့ကစား နေစဉ် လွန်စွာ သန်မာထွားကျိုင်း လှသော မြင်းကြီးတကောင် ရေသောက် ဆင်းလာခဲ့ လေသည်။
ဘဲငန်းသည် မြင်းကို မြင်သောအခါ "အိုး အဖုအထစ် တွေနဲ့ အကောင်ကြီးပြီး ရုပ်ဆိုးလိုက်တဲ့ သတ္တဝါပဲ။ သင်ဟာ ဘာအကောင်လဲ" ဟု မေးလိုက်လေသည်။
မြင်းက "ကျွန်တာ်သည် မြင်း ဖြစ်ပါသည်" ဟု ဖြေလိုက်ရာ ဘဲငန်းက "ကိုရွှေမြင်း ခင်ဗျားမှာ ဘာအရည်အချင်းတွေ ရှိလဲ" ဟု အထင်သေး ဟန်ဖြင့် ထပ်မေးသည်။
"ကျွန်တော်ကတော့ မြင်း ဖြစ်သည့်အတွက် ပြေးခြင်းတခု ကိုသာ တတ်မြောက်ပါတယ်။ အမြန်ဆုံး ပြေးနိုင်ပါတယ်ဗျာ" ဟု မြင်းက ဖြေလိုက်သည်။
ထိုအခါ ဘဲက "ခင်ဗျား တော်တော် ညံ့တာပဲ။ ကျုပ်လို ဘဲလောက်တောင် ပညာ မစုံပါလားဗျ။ ကျုပ်က ခင်ဗျားလို ပြေးနိုင်တယ်၊ ကုန်းပေါ် မှာလည်း လမ်းလျှောက် တတ်တယ်။ ငှက်လိုလည်း ပျံသန်းနိုင် သေးတယ်ဗျ။ ဖျံတွေ ငါးတွေ လိုလည်း ရေကူးတတ်သေးတယ်" ဟု ဝံ့ကြွားစွာ ပြောလိုက်သည်။
ထိုအခါ မြင်းမှ "ဒါဆိုရင် ကိုရွှေဘဲကို မေးမယ်နော်"
"မေးပါ ဗျာ"
"ဒီကန်ပါတ်ပါတ်လည် ကျုပ်လို အမြန် ပြေးနိုင်လား"
"အဲ့လိုတော့ ဘယ်ပြေးနိုင်မလဲဗျ"
"ငှက်တွေလို အမြင့်ကြီး၊ အဝေးကြီး ပျံနိုင်လား"
"အဲ့လိုတော့ ဘယ်ပျံနိုင်မလဲ ဗျ"
"ဖျံတွေ ငါးတွေ လိုရော ရေထဲမှာ အကြာကြီး နေနိုင်၊ ငုတ်နိုင်သလား"
"အဲ့လိုလည်း မလုပ်နိုင်ပါဘူးဗျာ"
ထိုအခါ မြင်းက "ဒါဆို ကိုရွှေဘဲက ဟိုစပ်စပ် ဒီစပ်စပ် ပါပဲလားဗျာ။ တတ်သလားဆိုတော့ တက်သလိုလို၊ တကယ် တတ်သလား ဆိုတော့လည်း ဖြစ်ဖြစ်မြောက်မြာက် ဘာမှ မတတ်ဘူးပဲ" ဟု ပြောဆိုကာ ကန်ဘောင်ပေါ်သို့ တဟုန်ထိုး ပြေးတက် သွားလေတော့သည်။
ထို့အတူ လောက လူသားတို့သည် ဘဲငန်းကဲ့သို့ ဖြစ်နေကြသည်ကို သတိချပ်သင့် ပေသည်။ အောင်မြင်သောသူ အများစုသည် ပညာရပ် တခုထဲကို တစိုက်မတ်မတ် လေ့လာ လိုက်စားကြ ပေသည်။ မြင်းကဲ့သို့ ထူးချွန်ခဲ့ ပေ၏။ တခုခုကို လိုချင်လျှင် တခုခုကို စွန့်လွှတ်ရပါမည်။ phoomyatchal
Zawgyi
ဘဲငန်းနှင့် မြင်း
0 Comments