အာဖရိကတိုက်တွင် ဖြစ်ပါသည်။ ကျောင်းသား အရွယ် လူငယ်သုံးယောက် ကျောင်းတက်ရန် လမ်းလျှောက်လာ ကြသည်။
သူတို့ လမ်းလျှောက် လာစဉ် ကုန်တိုက်ကြီးတခု ရှေ့၌ အလွန် တန်ဖိုးကြီးသော ဖာရာရီကား အနီ တစီး ရပ်ထားသည်ကို တွေ့လိုက် ရသည်။
အေ "လှလိုက်တဲ့ ကားကြီးကွာ ငါပညာတွေ အများကြီး တတ်အောင် ကြိုးစားပြီး အလုပ်ကောင်းကောင်း ရအောင်ကြိုးစားမယ်။ ပြီးရင် အဲဒီကားကြီး ဝယ်စီးမယ်"
ဘီ "ဟုတ်တယ် ငါလည်း တက္ကသိုလ် တက်နိုင်အောင် ကြိုးစားမယ်။ ပြီးရင် ဒီကား ဝယ်စီးမယ်"
ဒီ "ငါကတော့ ဗိုလ်ချုပ်ကြီး ဖြစ်အောင် လုပ်မယ်"
အေနှင့် ဘီက စီကို မေးသည်။ "မင်း ပညာ မသင်တော့ဘူးလားကွ။ ဆရာမက ပြောတယ်လေ ပညာတွေ အများကြီး တတ်ရင် ငါတို့ လိုချင်တာတွေ ဖြစ်လာလိမ့်မယ်တဲ့"
စီက ပြန်ပြောသည်။ "ဆရာမက ပညာတွေ အများကြီး တတ်တာပဲကွာ ဒါပေမဲ့ ကားမပြောနဲ့ စက်ဘီးလေး တစီးတောင် ဝယ်စီးနိုင်လို့လား"
"ဒါဆိုရင် မင်းက ပညာ မသင်တော့ဘူးပေါ့" "မသင်ဘူးကွ ဗိုလ်ချုပ်ကြီး ဖြစ်အောင်ပဲ ကြိုးစားမယ်။ ဒီကားက ဗိုလ်ချုပ်ကြီးသား စီးတဲ့ ကားကွ"
သူပြောနေစဉ်မှာပင် လူငယ်တယောက်သည် ကောင်မလေးနှင့် တွဲလာကာ ကားပေါ် တက်သွားသည်။ ထို့နောက် ကားကို အရှိန်ဖြင့် မောင်းထွက်သွားသည်။ လမ်းဆုံမှ ယာဉ်ထိန်းရဲက ထိုကားကို အလေးပြုသည်။
စီက ပြောသည်။ "တွေ့လား အဲဒီကောင် ၁၀ တန်းတောင် မအောင်ဘူး" အာဖရိကတိုက်တွင် ဖြစ်သည်။ (Red Ferrari ကို မြန်မာမှု ပြုသည်) တင်ညွန့်
0 Comments