ပျက်စီးနေသော ဆင်ခြေဖုံး

ရှေးခေတ်က ဘုရင်တွေဟာ စစ်တိုက် ထွက်ရင် ဆင်ကို သုံးတယ်။ အကယ်၍ အဲဒီ ဆင်က ခြေထောက် နာသွားပြီ ဆိုရင် သုံးမရတော့ဘူး။

ဒီတော့ ဆင်ရဲ့ ခြေကို ကာကွယ် စောင့်ရှောက်ဖို့ စစ်သည်တော်တွေ ထားတယ်။ ဆင်ခြေဖုံး စစ်သည်တော် လို့ ခေါ်ကြတယ်။ သူတို့ တွေက အဲ့ဒီဆင် အတွက်တော့ အလွန် အရေးပါတယ်။

နောက်တော့ မြို့တွေ တည်လာတဲ့အခါ မြို့ရဲ့ ဘေးနားက ဝန်းရံတဲ့ ရပ်ကွက် တွေကို မြို့ဆင်ခြေဖုံး ရပ်ကွက်တွေ လို့ ခေါ်တယ်။ လက်လုပ်လက်စား လူတန်းစားတွေ၊ အလုပ်ကြမ်း လုပ်တဲ့သူတွေ နေကြတာ များတယ်။

သူတို့လည်း သူ့နေရာနဲ့သူ အရေး ပါတယ်။ လောကကြီးမှာ အလုပ်ကြမ်း လုပ်တဲ့သူက မရှိမဖြစ် အရေးကြီးတယ်။

အဲဒီလို လူတွေ ဘဝတွေ ပျက်ပြီး အလုပ်လက်မဲ့ ဖြစ်ကုန်ရင် စာရိတ္တတွေ ပျက်ပြီး ခိုးဆိုးလုယက် ဘဝ ရောက်သွားရင် မြို့ပူပြီ။ မြို့ပူရင် နိုင်ငံဆူပြီ။

ဆင်ရဲ့ ခြေ မလုံရင် စစ်ရှုံးနိုင် သလို ဆင်ခြေဖုံး ရပ်ကွက်က အခြေခံ လူတန်းစားကို ဂရုမစိုက်မိရင် တိုင်းပြည် အထိ နာမယ်။ တိုင်းပြည်တခု ထူထောင်ဖို့ဆိုရင် အခြေခံ လူတန်းစားက အဓိက ကျတယ်။

မယုံမရှိနဲ့။ အခုဆို ဆင်ခြေဖုံးတွေ ကတော့ တော်တော်လေး ပျက်စီးနေ ပါပြီ။ Crd

Zawgyi

ပ်က္စီးေနေသာ ဆင္ေျခဖံုး

ေရွးေခတ္က ဘုရင္ေတြဟာ စစ္တိုက္ ထြက္ရင္ ဆင္ကို သုံးတယ္။ အကယ္၍ အဲဒီ ဆင္က ေျခေထာက္ နာသြားၿပီ ဆိုရင္ သုံးမရေတာ့ဘူး။

ဒီေတာ့ ဆင္ရဲ႕ ေျခကို ကာကြယ္ ေစာင့္ေရွာက္ဖို႔ စစ္သည္ေတာ္ေတြ ထားတယ္။ ဆင္ေျခဖုံး စစ္သည္ေတာ္ လို႔ ေခၚၾကတယ္။ သူတို႔ ေတြက အဲ့ဒီဆင္ အတြက္ေတာ့ အလြန္ အေရးပါတယ္။

ေနာက္ေတာ့ ၿမိဳ႕ေတြ တည္လာတဲ့အခါ ၿမိဳ႕ရဲ႕ ေဘးနားက ဝန္းရံတဲ့ ရပ္ကြက္ ေတြကို ၿမိဳ႕ဆင္ေျခဖုံး ရပ္ကြက္ေတြ လို႔ ေခၚတယ္။ လက္လုပ္လက္စား လူတန္းစားေတြ၊ အလုပ္ၾကမ္း လုပ္တဲ့သူေတြ ေနၾကတာ မ်ားတယ္။

သူတို႔လည္း သူ႔ေနရာနဲ႔သူ အေရး ပါတယ္။ ေလာကႀကီးမွာ အလုပ္ၾကမ္း လုပ္တဲ့သူက မရွိမျဖစ္ အေရးႀကီးတယ္။ အဲဒီလို လူေတြ ဘဝေတြ ပ်က္ၿပီး အလုပ္လက္မဲ့ ျဖစ္ကုန္ရင္ စာရိတၱေတြ ပ်က္ၿပီး ခိုးဆိုးလုယက္ ဘဝ ေရာက္သြားရင္ ၿမိဳ႕ပူၿပီ။ ၿမိဳ႕ပူရင္ ႏိုင္ငံဆူၿပီ။

ဆင္ရဲ႕ ေျခ မလုံရင္ စစ္ရႈံးႏိုင္ သလို ဆင္ေျခဖုံး ရပ္ကြက္က အေျခခံ လူတန္းစားကို ဂ႐ုမစိုက္မိရင္ တိုင္းျပည္ အထိ နာမယ္။ တိုင္းျပည္တခု ထူေထာင္ဖို႔ဆိုရင္ အေျခခံ လူတန္းစားက အဓိက က်တယ္။

မယုံမရွိနဲ႔။ အခုဆို ဆင္ေျခဖုံးေတြ ကေတာ့ ေတာ္ေတာ္ေလး ပ်က္စီးေန ပါၿပီ။ Crd

Post a Comment

0 Comments