တခါတုန်းက တောနက်ကြီး တခုထဲမှ ဆင်ကြီး တကောင်ဟာ အရှိန်အဟုန် ပြင်းစွာဖြင့် ပြေးလာခဲ့သည်။
၎င်းဆင်ကြီး ပြေးလာရာ လမ်းတည့်တည့်မှာ နှာပြည်စုတ် ငှက်မလေးက ရှေ့မှာ သူမ၏ အသိုက်လေး ရှိကြောင်း၊ ထိုအသိုက်လေး ထဲမှာ သူမ၏ သားငယ် သမီးငယ် အကောင်ပေါက်လေးတွေ ရှိသောကြောင့် ထိုနေရာ ရောက်လျှင် ရှောင်ကွင်းသွားပါ ဟု ဆင်ကြီးအား မေတ္တာရပ်ခံ လေသည်။
ထိုအခါ ဆင်ကြီးက ပြောသည်။ "နင့်လို မလောက်လေး မလောက်စား ငှက်မလေး ကများ ငါ့ကို ဆရာ လာလုပ်ရမလား ဆိုပြီး သူမ၏ သားငယ် သမီးငယ် ငှက်ပေါက်လေးများကို ခြေထောက်ကြီးဖြင့် နင်းချေ ဖျက်ဆီး သတ်ဖြတ် ပစ်လေသည်။
ထိုအခါ နှာပြည်စုတ်ငှက်လေးမှာ အသည်းကွဲ မတတ် ဝမ်းနည်း ငိုကြွေးနေချိန်မှာ တောစပ် တနေရာ ရေအိုင်ကြီး၏ ဘေးရှိညောင်ပင်ကြီးပေါ်မှ ကျီးကန်းအုပ်ကြီး တအုပ်သည် ထိုငှက်မလေး ရှိရာသို့ သွား၍ ပြောလေသည်။
"အသင် ငှက်မလေး အသင် ဘာမှ အားမငယ်ပါနဲ့ သင်၏ မိသားစု အသိုက်အမြုံလေးကို ဖျက်စီးတဲ့ ဒီဆင်ကြီးကို ဒီနေ့က စပြီး ငါတို့ နှိမ်နင်းတော့မည်။ ဒီအတွက် ငါတို့ ယင်ကောင်တွေရယ် ဖားတွေနဲ့ ငါတို့ တိုင်ပင်ထား ကြပြီးပါပြီ"
ဒီလိုနဲ့ ကျီးကန်း တသိုက်ဟာ ထိုဆင်ကြီးရဲ့ နောက်ကို လိုက်၍ ထိုဆင်ကြီးရဲ့ ဦးခေါင်းမှ မျက်လုံး ၂ လုံးကို ဝိုင်းအုံပြီး တကောင်ပြီး တကောင် အတောင်များနှင့် ပုတ်ခပ်ပြီး နှုတ်သီးများဖြင့် ထိုးစိတ်လိုက်ကြတာ မကြာခင်မှာပဲ ကျီးကန်းတွေရဲ့ ထိုးစိတ်တဲ့ ဒဏ်ချက် တွေကြောင့် ဆင်ကြီးရဲ့ မျက်လုံးအိမ်ထဲမှ သွေးများ ယိုစီး၍ ကြလာသည်။
ထိုအခါ ယင်ကောင်လေး တွေဟာ ထိုဆင်ကြီး၏ မျက်လုံးအိမ်မှ ဒဏ်ရာတွေ အပေါ်မှာ ဝိုင်းအုံပြီး ဥများကို ဥစေသည်။ ဒီလိုနဲ့ နောက်တော့ ဆင်ကြီးဟာ ရက်တွေက တရက်ပြီး တရက် ကြာလာသည်နှင့် အမျှ အနာကြီးမှာ ရင်းပြီး မျက်လုံး နှစ်လုံး စလုံး ကွယ်သွားတော့သည်။
ဒီလိုနဲ့ ဆင်ကြီးဟာ ထိုတောနက်ကြီး ထဲမှာ ဆင်ကန်းတောတိုး ဆိုသည့်ျအတိုင်း ဟိုလျှောက်သွား၊ ဒီလျှောက်သွားနဲ့ အစာတွေ ငတ် ရေတွေကလည်း ငတ်နေတဲ့ အချိန်မှာ သူ၏ နားထဲမှာ ဖားအော်သံလေးကို ကြားလိုက်ရသည်။
ဒီတော့ ဆင်ကြီးက တွေးသည်မှာ "ဖားရှိတဲ့ နေရာဟာ ရေအိုင် ဖြစ်ရမယ်" ဆိုသော အတွေဖြင့် ဖားအော်သံ နောက်ကို တဖြေးဖြေးနဲ့ လိုက်သွားလေသည်။
ဖားလေးဟာ တဖြေးဖြေးနဲ့ မြှားပြီး ခေါ်သွားလိုက်တာ တနေရာ အရောက်မှာ ဖားတွေဟာ အစုလိုက် အပြုံလိုက်နဲ့ ဝိုင်းပြီး တအောက် အောက်နဲ့ အော်လိုက်ချိန်မှာ ဆင်ကြီးဟာ ရေအိုင်ကြီး ဆိုပြီး
အရှိန်နဲ့ ခုန်ချလိုက်တာ သူထင်ထားတဲ့ ရေအိုင် မဟုတ်ပဲ ပေပေါင်း ထောင်ချီ နက်တဲ့ ချောက်ကမ်းပါးပျက်ကြီး ထဲသို့ မျက်မမြင် ဆင်ကန်းကြီး ထိုးကျ သွားလေသည်။
ဒီတော့မှ ထိုတောနက်ထဲရှိ တိရိစ္ဆာန် အားလုံးသည် ကျီးကန်းရယ် ယင်ကောင်ရယ် ဖားလေးတွေရဲ့ ညီညွတ်မှု တွေကြောင့် ဆင်ဆိုးကြီး၏ ရန်မှ ကင်းဝေးပြီး ပျော်ရွှင်စွာ နေထိုင်နိုင် ကြလေတော့သည်။
ဒီအကြောင်းအရာလေးက "ပညာအတွက် မာန်တတ်တဲ့ နေ့ဟာ ပညာပျောက်တဲ့ နေ့ပါ။ ဥစ္စာ အတွက် မာန်တတ်တဲ့ နေ့ဟာ ဥစ္စာ ပျောက်တဲ့နေ့ပါ။ အလှအတွက် မာန်တက်တဲ့ နေ့ဟာ အလှပျောက်တဲ့ နေ့ပါ။
ရာထူး အတွက် မာန်တတ်တဲ့ နေ့ဟာ ရာထူး ပျောက်တဲ့နေ့ပါ" တခုခုကြောင့် မာန်တတ်တော့မယ် ဆိုရင် ဒီအကြောင်းအရာလေးကို သတိရဖို့ သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd
0 Comments