အချို့သော အလှကုန်ပစ္စည်းတွေက ကြော်ငြာအားကောင်းတာကြောင့် လူသိများပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာတော့ ဝယ်လိုက်တဲ့အခါအသုံးမဝင်ဘဲ ငွေကုန်ရုံပဲဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ဝယ်ပြီး အသုံးမဝင်တဲ့ အလှကုန်ပစ္စည်းတွေအကြောင်းကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဆံဖျားနှစ်ခွဖြစ်တာကို သက်သာစေတဲ့ဆေး
ဆံဖျားနှစ်ခွဖြစ်တာကို သက်သာစေတဲ့ ပေါင်းဆေး၊ ဖျန်းဆေး၊ လိမ်းဆေးဆိုပြီး ဈေးကွက်ထဲမှာ ကြော်ငြာကြပါတယ်။ ဒါပေမယ့် တကယ်တော့ အကျိုးမရှိဘဲ ဆံဖျားနှစ်ခွဖြစ်တာလည်း မသက်သာသွားပါဘူး။
ဆံဖျားနှစ်ခွဖြစ်တာကို သက်သာစေတဲ့နည်းကတော့ ဆံဖျားလေးတွေကို ညှပ်ချပြီး ရေဓာတ်ပြည့်အောင် ဂရုစိုက်တာပါ။
၂။ ဗောက်ကိုပါ ပျောက်စေတဲ့ ခေါင်းလျှော်ရည်
ဦးရေပြားက အဆီဂလင်းတွေက အားနည်းလာရင် ဗောက်လို့ခေါ်ကြတဲ့ မှိုတွေ ဖြစ်လာပါတယ်။ သာမန်ခေါင်းလျှော်ရည်က ဗောက်ပြဿနာကို မဖြေရှင်းပေးနိုင်ပါဘူး။
ဆရာဝန်ညွှန်ကြားချက်ပါတဲ့ခေါင်းလျှော်ရည် သို့မဟုတ် ဗောက်ပျောက်စေတဲ့ဆေးထည့်ထားတဲ့ ခေါင်းလျှော်ရည်ကသာ ဗောက်တွေကို ကင်းစင်စေတာပါ။
၃။ Lip balm
အချို့သော Lip balm တွေမှာ အယ်လ်ကိုဟောတွေ ပါဝင်တာကြောင့် နှုတ်ခမ်းက မစိုပြေတော့ဘဲ ပိုပြီးတောင် ခြောက်သွေ့လာပါတယ်။ အဲဒါကြောင့် Lip balm ဝယ်ယူတဲ့အခါ ပါဝင်ပစ္စည်းကို ကြည့်ရှုသင့်ပါတယ်။
၄။ Shaving cream
အမွေးအမျှင်တွေကို မဖယ်ရှားခင်မှာ အကူအညီဖြစ်စေဖို့အတွက် shaving cream ကို အသုံးပြုကြပါတယ်။ ဒါပေမယ့် shower gel မှာ အလှဆီနဲ့ အစိုဓာတ်ဖြည့်ပေးတဲ့အရာတွေက shaving cream မှာထက် ပိုပြီးတော့ ပါဝင်နေပါသေးတယ်။
၅။ Cellulite cream
Cellulite တွေက အမျိုးသမီးတွေအတွက် အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာပါ။ အဲဒါကြောင့် Cellulite cream တွေကို အသုံးပြုကြပါတယ်။ တကယ်တော့ Cellulite တွေကို ပျောက်ကင်းစေတာက သွက်လက်တဲ့နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပါ။
၆။ လက်သည်းအရေမာအရစ်ကို အားဖြည့်ပေးတဲ့ ဆီ
လက်သည်းအောက်ခြေကျန်းမာနေဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ ဆီတွေက လူသုံးများပါတယ်။ ဒါပေမယ့် သူရဲ့အာနိသင်က စုပ်ယူပြီးသွားတာနဲ့ ပျောက်ကွယ်သွားပါတယ်။ သူ့အစား သဘာဝအဆီတွေဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီတို့ကို လိမ်းပေးလို့ရပါတယ်။
၇။ Tissue mask
Tissue mask တွေကိုတော့ လုံးဝအသုံးမဝင်ဘူးလို့ မပြောနိုင်ပါဘူး။ Tissue mask တွေက အသားအရေကို ပိုမိုကောင်းမွန်လာစေပါယ်။ ဒါပေမယ့် Tissue mask အစား ရေဓာတ်ဖြည့်ခရင်မ်တွေကု လိမ်းပေးရင်လည်း အာနိသင်က အတူတူပါပဲ။
Zombie (lovemeida)
0 Comments