ဆံပင်နဲ့ အသားအရေအလှအပအတွက် ကော်ဖီကိုအသုံးပြုနိုင်တဲ့နည်းလမ်း (၅) မျိုး

ကော်ဖီကြိုက်တတ်သူအတွက် ကော်ဖီတစ်ခွက်ဟာ မနက်စာကို ပြီးပြည့်စုံစေပါတယ်။ ကော်ဖီက စိတ်ကို လန်းဆန်းစေတဲ့အပြင် အလှအပအတွက်လည်း အကျိုးပြုပါသေးတယ်။ ကော်ဖီကို အလှအပအတွက် ဘယ်လိုနေရာတွေမှာ အသုံးပြုနိုင်မလဲဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

အသားအရေနဲ့ ဆံပင်အတွက် ကော်ဖီ၏ ကောင်းကျိုးများ

ကော်ဖီကို အသားအရေနဲ့ဆံပင်အတွက် ခရင်မ်၊ ခေါင်းလျှော်ရည်၊ scrub စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ ပြုပြင်အသုံးပြုကြပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကာဖိန်းဓာတ်က အသားအရေကို လှပစေပြီး ဆံသားတွေကိုလည်း တောက်ပြောင်စေပါတယ်။

၁။ မျက်နှာအတွက် ကော်ဖီ Mask

ကော်ဖီက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပြီး ကော်လဂျင်ထုတ်လုပ်မှုတွေကို လှုံ့ဆော်ပေးပါတယ်။ မျက်နှာကြည်လင်လာဖို့ဆိုရင် ကော်ဖီနဲ့ပြုလုပ်တဲ့ mask ကို အသုံးနိုင်ပါတယ်။

- ကော်ဖီအကြမ်းမှုန့်တစ်ခွက်

- သကြားညိုတစ်ခွက်

- သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း

- ပျားရည်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းတို့ကို ရောမွှေပါ။ အဲဒီနောက် မျက်နှာအနံ့အပြားမှာ လိမ်းပေးပြီး မျက်နှာကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။ ကော်ဖီတွေ ခြောက်သွားတဲ့အထိ စောင့်ပြီးနောက်မှာတော့ မျက်နှာကို ရေနွေးနဲ့သစ်ပါ။ ကော်ဖီ mask ကို ဘူးတစ်ခုထဲမှာ အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါတယ်။

၂။ နီရဲတဲ့နှုတ်ခမ်းအတွက် lip scrub

နှုတ်ခမ်းသားစိုစိုလေးနဲ့ နီရဲတဲ့နှုတ်ခမ်းရဲဖို့အတွက် ကော်ဖီက ပြုလုပ်ပေးနိုင်ပါတယ်။

- ကော်ဖီအကြမ်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်း

- သံလွင်ဆီလက်ဖက်ရည်ဇွန်းနှစ်ဇွန်းတို့ကို ရောမွှေပါ။ ရလာတဲ့အနှစ်ကို နှုတ်ခမ်းမှာ လိမ်းပေးပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ နှုတ်ခမ်းက သွေးလည်ပတ်မှုအားကောင်းလာပြီး ဆဲလ်သေတွေလည်း ဖယ်ရှားပြီးသားဖြစ်စေပါတယ်။ ကော်ဖီ lip scrub ကို တစ်ပတ်သုံးကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ ကော်ဖီ lip scrub ပြုလုပ်ပြီးနောက် နှုတ်ခမ်းကို ရေဓာတ်ပြည့်စေတဲ့ balm တစ်မျိုးမျိုး လိမ်းထားပေးပါ။

၃။ ခေါင်းလျှော်ရည်

ကော်ဖီက ဆံသားနဲ့ ဦးရေပြားကိုလည်း ဂရုစိုက်ပေးပါတယ်။ ဦးရေပြားကို သွေးလည်ပတ်မှုကောင်းစေပြီး ဆဲလ်သေတွေကိုလည်း ပြောင်စင်သွားစေပါတယ်။ ဆံပင်ကျွတ်လည်း သက်သာသွားမှာပါ။

- ဓာတုဆေးတွေမပါဝင်တဲ့ သဘာဝခေါင်းလျှော်ရည်

- ကော်ဖီကြမ်းမှုန့်လက်ဖက်ရည်ဇွန်း ၅ ဇွန်း

- ရေတစ်ခွ်ကတို့ကို ရေမွှေပါ။ အဲဒီနောက် အပူပေးပြီး အအေးခံပါ။ ဘူးတစ်ခုထဲကို ပြောင်းထည့်ပြီးနောက် အသုံးပြုလို့ရပါပြီ။ အသုံးမပြုခင်မှာ ဘူးကို လှုပ်ခါပြီးမှ အသုံးပြုပါ။

၄။ မျက်ကွင်းညိုတာကို သက်သာစေတဲ့ ကော်ဖီမှုန့်

အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာ၊ နေမကောင်းတာ စတဲ့အကြောင်းအရင်းတွေကြောင့် မျက်ကွင်းညိုလာတတ်ပါတယ်။

- ကော်ဖီအကြမ်းမှုန့် ခွက်ရဲ့လေးပုံတစ်ပုံ

- ပါးပါးလှီးထားတဲ့ အာလူးနှစ်ချပ်

ကော်ဖီကို ဖျော်လိုက်ပြီး အအေးခံထားပါ။ အေးနေတဲ့ကော်ဖီထဲကို အာလူး၂ ချပ်ထည့်လိုက်ပြီး ၂ မိနစ်ကြာထားပါ။ အဲဒီနောက်အာလူးတွေကို ဆယ်ပြီး မျက်လုံးအောက်မှာ မိနစ် ၂၀ ခန့် ကပ်ထားပေးပါ။

၅။ ခန္ဓာကိုယ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ scrub

ကော်ဖီက အကြောပြတ်ရာတွေ၊ cellutlite တွေကို ဖယ်ရှားပေးပါတယ်။

- ကော်ဖီအကြမ်းမှုန့်လက်ဖက်ရည်ဇွန်း ၅ ဇွန်း

- ဂျုံစေ့အဆန်လက်ဖက်ရည်ဇွန်း ၃ ဇွန်း

- သံလွင်ဆီ

- ပလက်စတစ်

ကော်ဖီအကြမ်းမှုန့်၊ သံလွင်ဆီ၊ ဂျုံစေ့အဆန်တို့ကို နှံ့သွားအောင် ရောမွှေလိုက်ပါ။ အဲဒီနောက် ခန္ဓာကိုယ်မှာ ကြေးချွတ်လိုတဲ့နေရာတွေမှာ ကော်ဖီ scrub ကို လိမ်းပေးပါ။ လိမ်းပြီးတဲ့နေရာပေါ်ကို ပလက်စတစ်စနဲ့ ပတ်ထားလိုက်ပါ။

မိနစ် ၃၀ ကြာပြီးနောက်မှာတော့ ပလက်စတစ်ကို ခွာလိုက်လို့ရပါပြီ။ လိမ်းထားတဲ့နေရာတွေကို စက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။ အဲဒီနောက် ရေနွေးနဲ့ ရေဆေးချလိုက်ရုံပါပဲ။ တစ်ပတ်ကို ၂ ကြိမ်ပြုလုပ်ပေးရုံနဲ့ သိသာတဲ့ရလဒ်ကို ရရှိစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments