သွားတိုက်တဲ့အခါ ဖိပြိးတိုက်ရင် သွားအတွက် ဘယ်လိုဆိုးကျိုးတွေ ရလာမလဲ

ခံတွင်းထဲက အနံ့ဆိုးတွေနဲ့ သွားပေါ်က စားကြွင်းစားကျန်တွေ ပျောက်စေဖို့ သွားတိုက်တံကို ဖိပြီးတိုက်သင့်တယ်လို့ အချို့တွေက ယုံကြည်ကြပါတယ်။ တကယ်တော့ သွားတိုက်တဲ့အခါမှာ အားနဲ့ဖိပြီးမတိုက်သင့်ပါဘူး။ သွားတိုက်တဲ့အခါ ဖိတိုက်ရင် အောက်ပါဆိုးကျိုးတွေ ရရှိလာမှာပါ။

၁။ သွားဖုံးတွေ နောက်ကို ဆုတ်သွားခြင်း

သွားတစ်ချောင်းစီတိုင်းကို သွားအပေါ်ယံကြွေသားက ကာကွယ်ထားပါတယ်။ သွားကို အားနဲ့ဖိတိုက်တဲ့အခါ သွားအပေါ်ယံကြွေသားတွေအတွက် အန္တရာယ်ဖြစ်စေပါတယ်။ အဲဒီကနေ သွားဖုံးတွေက နောက်ဆုတ်သွားပြီး သွားရဲ့အမြစ်တွေကိုပါ နာကျင်စေပါတယ်။

၂။ သွားက အထိမခံဖြစ်လာခြင်း

သွားဖုံးတွေက နောက်ဆုတ်သွားတဲ့အခါမှာ သွားက နည်းနည်းမှ အထိမခံဖြစ်လာပါတယ်။ သွားမှာရှိတဲ့နာဗ်ကြောလေးတွေက နာကျင်လာတဲ့အတွက်ကြောင့်ပါ။

အရမ်းအေးတဲ့သောက်စရာ၊ အရမ်းပူတဲ့သောက်စရာ၊ မာတဲ့အစားအစာတွေကို ကိုက်တဲ့အခါမှာ သွားက မခံမရပ်နိုင်လာအောင် နာကျင်လာတတ်ပါတယ်။ အဲဒီအခါမှာတော့ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သွားကိုလည်း ညင်ညင်သာသာပဲ တိုက်သင့်ပါတယ်။

၃။ သွားတိုက်တံတွေ ဖွာလာခြင်း

သွားတိုက်တံကို ဖိတိုက်တဲ့အခါ၊ သွားတိုက်နည်းမမှန်ကန်တဲ့အခါမှာ သွားတိုက်တံရဲ့အမျှင်တွေက ဖွာလာပြီး သွားတိုက်ရတာလည်း အဆင်မပြေဖြစ်လာပါတယ်။ သွားတိုက်တံတွေကို မကြာခဏဝယ်ရမယ့်အပြင် သွားတွေလည်း သေချာပြောင်စင်မှာမဟုတ်ပါဘူး။

၄။ သွားဖုံးနားက သွားတွေကို မလှမပဖြစ်စေခြင်း

သွားကို ဖိတိုက်ပြီး သွားဖုံးတွေ နောက်ဆုတ်သွားတဲ့အခါ သွားတွေရဲ့အောက်ခြေက မဖြူဖွေးတော့ဘဲ ဝါနေတတ်ပါတယ်။ သွားဖုံးအောက်ခြေနားမှာ ကာကွယ်ပေးမယ့် သွားအပေါ်ယံကြွေသားမရှိတာကြောင့် ဘက်တီးရီးယားတွေ ဝင်ပြီး သွားတွေက မလှမပဖြစ်နေတတ်ပါတယ်။

သွားကျန်းမာစေဖို့ စနစ်တကျသွားတိုက်နည်း

၁။ နူးညံ့တဲ့အမျှင်တွေပါဝင်တဲ့ သွားတိုက်တံကို ရွေးချယ်ပါ။

နူးညံ့တဲ့အမျှင်တွေပါဝင်တဲ့ သွားတိုက်တံကို အသုံးပြုရင် သွားကို အရမ်းဖိမတိုက်ဖြစ်တော့သလို သွားကိုလည်း မထိခိုက်တော့ပါဘူး။ သွားတိုက်တဲ့အခါမှာ သွားတိုက်တံကို ၄၅ ဒီဂရီစောင်းပြီးတော့ တိုက်ပါ။ သွားတိုက်တံကို ကိုင်တဲ့အခါ ဘယ်သန်ဖြစ်ရင် ညာလက်နဲ့ ကိုင်ပြီး ညာသန်ဖြစ်ရင် ဘယ်လက်နဲ့ကိုင်ပါ။

၂။ လျှပ်စစ်သွားတိုက်တံကို အသုံးပြုပါ။

လျှပ်စစ်သွားတိုက်တံရဲ့ထူးခြားချက်တစ်ခုကတော့ သွားကိုဖိတိုက်တဲ့အခါမှာ အချက်ပေးတာပါ။ သွားကို ဖိတိုက်မိတယ်ဆိုရင် လျှပ်စစ်သွားတိုက်တံပေါ်က အစိမ်းရောင်လေးက အနီရောင်ကို ပြောင်းသွားပါတယ်။ ဒါပေမယ့် လျှပ်စစ်သွားတိုက်တံတိုင်းမှာလည်း အာရုံခံစနစ်မပါနိုင်ပါဘူး။

၃။ သွားတိုက်တံကို လက်ချောင်း၃ချောင်းနဲ့ပဲ ကိုင်ပါ။

သွားတိုက်တံကို ဘောပင်ကိုင်သလို ကိုင်ပြီးတိုက်တဲ့အခါမှာ သွားကို ဖိပြီး တိုက်မိသွားတတ်ပါတယ်။ အဲဒါကြောင့် သွားတိုက်တံကို လက်ချောင်း ၃ ချောင်းနဲ့ပဲကိုင်ပြီး တိုက်ပါ။

၄။ သွားတိုက်ဆေးဘူးအညွှန်း

သွားအပေါ်ယံကြွေသားတွေ မထိခိုက်ဖို့အတွက် သွားတိုက်ဆေးဝယ်တဲ့အခါ အညွှန်းကို ဖတ်သင့်ပါတယ်။ ဒါမှမဟုတ် သွားတိုက်ဆေးကို ဖောက်ပြီး အလူမီနီယံပြားပေါ်မှာ သွားတိုက်ဆေးအနည်းငယ်ကို တင်ကြည့်ပါ။

အဲဒီနောက် ရေများများနဲ့ လောင်းချပါ။ အလူမီနီယံပြားပေါ်မှာ အစင်းကြောင်းတွေ ကျန်ခဲ့လားဆိုတာကို စစ်ဆေးကြည့်ပါ။ အစင်းကြောင်းတွေ အများကြီးကျန်နေခဲ့ရင် သွားအပေါ်ယံကြွေသားကို ထိခိုက်စေတဲ့ပါဝင်ပစ္စည်းတွေ များပြားကြောင်း ဖော်ပြတာပါ။

Zombie (lovemedia)

Post a Comment

0 Comments