မီးကျွမ်းနေသော ပေါင်မုန့်

ညနေခင်းတခုမှာ ပင်ပန်းတဲ့ အလုပ်တွေ ပြီးတော့ အမေက ကျွန်တော်နဲ့ ဖေဖေ့ အတွက် ညစာ လုပ်ပေးပါတယ်။ သူမက ကြက်ဥပန်းကန်ရယ်၊ အသုပ်စုံနဲ့ မီးကင်ထားတဲ့ ပေါင်မုန့် တချပ်ကို အဖေ့ရှေ့မှာ တင်လိုက်တယ်။

ချက်ခြင်း သတိထားမိ တာက ပန်းကန်ပြားပေါ်က မီးလောင်ကျွမ်းထားတဲ့ ပေါင်မုန့် ပါပဲ။ သူ အပြစ်တင် တော့မှာလား ဆိုပြီး စောင့်မျှော်နေပေမယ့် အဖေက အားရပါးရ စားရင်း ပြုံးပြီး ကျောင်းမှာ တနေ့တာ ဘယ်လို ကုန်ဆုံးခဲ့လဲ လို့ ကျွန်တော့်ကို မေးတော့တယ်။

အဖေက ဘာမှ မပြောသော်လည်း မီးလောင်ထားတဲ့ မုန့်အတွက် အမေက အဖေ့ကို တောင်းပန် ပါတယ်။ မေမေ့ကို ဖေဖေ ပြန်လည် တုန့်ပြန်တဲ့ စကားက ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။

"ရှင်မရယ်၊ ယောက်ျားက ပေါင်မုန့်မီးကင်ဆို ကျွမ်းနေတာမျိုးမှ ကြိုက်တာ" တဲ့။

ညဘက် အိပ်ယာဝင်တော့ အဖေက ကျွန်တော့်ကို နမ်းဖို့ ရောက်လာပါတယ်။ "မီးလောင်ထားတဲ့ ပေါင်မုန့်ကို တကယ် ကြိုက်လား"လို့ ဖေဖေ့ကို မေးကြည့်ပါတယ်။ သူက ကျွန်တော့်ကို ပွေ့ဖက်ပြီး ပြောတယ်။

"သားမေမေက အလုပ်များတဲ့နေ့ တွေဆို အရမ်း ပင်ပန်းနေပြီ။ ဖေဖေတို့ အတွက် ဒီအစားအစာတွေ ပြင်ဆင်ဖို့ သူ အချိန်လုပြီး အမြန် လုပ်ရတယ်။ မရည်ရွယ်ပဲ ဖြစ်သွားတဲ့ ကိစ္စ အတွက်နဲ့ ပင်ပန်းနေတဲ့ မေမေ့ကို ထပ်ပြီး အပြစ်တင်ရင် သူစိတ်မကောင်းဖြစ်မှာပေါ့" တဲ့။

မီးကျွမ်းနေတဲ့ ပေါင်မုန့်က ဘယ်သူ့ကိုမှ မနာကျင်စေ နိုင်ပါဘူး။ ဒါပေမယ့် စကားလုံးတွေ ကတော့ အလွန် နာကျင်စေနိုင် ပါတယ်။

မပြီးပြည့်စုံရင်တောင်မှ စေတနာနဲ့ လုပ်ပေးထားတဲ့ အခြားသူတွေရဲ့ တန်ဘိုးကို ကျွန်တော်တို့ သိဘို့ လိုပါတယ်။ ဘယ်သူမှ မပြီးပြည့်စုံကြပါဘူး။ Saya U Khin Zaw

Zawgyi

မီးက်ြမ္းေနေသာ ေပါင္မုန့္

ညေနခင္းတခုမွာ ပင္ပန္းတဲ့ အလုပ္ေတြ ၿပီးေတာ့ အေမက ကြၽန္ေတာ္နဲ႔ ေဖေဖ့ အတြက္ ညစာ လုပ္ေပးပါတယ္။ သူမက ၾကက္ဥပန္းကန္ရယ္၊ အသုပ္စုံနဲ႔ မီးကင္ထားတဲ့ ေပါင္မုန႔္ တခ်ပ္ကို အေဖ့ေရွ႕မွာ တင္လိုက္တယ္။

ခ်က္ျခင္း သတိထားမိ တာက ပန္းကန္ျပားေပၚက မီးေလာင္ကြၽမ္းထားတဲ့ ေပါင္မုန႔္ ပါပဲ။ သူ အျပစ္တင္ ေတာ့မွာလား ဆိုၿပီး ေစာင့္ေမွ်ာ္ေနေပမယ့္ အေဖက အားရပါးရ စားရင္း ၿပဳံးၿပီး ေက်ာင္းမွာ တေန႔တာ ဘယ္လို ကုန္ဆုံးခဲ့လဲ လို႔ ကြၽန္ေတာ့္ကို ေမးေတာ့တယ္။

အေဖက ဘာမွ မေျပာေသာ္လည္း မီးေလာင္ထားတဲ့ မုန႔္အတြက္ အေမက အေဖ့ကို ေတာင္းပန္ ပါတယ္။ ေမေမ့ကို ေဖေဖ ျပန္လည္ တုန႔္ျပန္တဲ့ စကားက ကြၽန္ေတာ္ ဘယ္ေတာ့မွ ေမ့ႏိုင္မွာ မဟုတ္ပါဘူး။ "ရွင္မရယ္၊ ေယာက္်ားက ေပါင္မုန႔္မီးကင္ဆို ကြၽမ္းေနတာမ်ိဳးမွ ႀကိဳက္တာ" တဲ့။

ညဘက္ အိပ္ယာဝင္ေတာ့ အေဖက ကြၽန္ေတာ့္ကို နမ္းဖို႔ ေရာက္လာပါတယ္။ "မီးေလာင္ထားတဲ့ ေပါင္မုန႔္ကို တကယ္ ႀကိဳက္လား"လို႔ ေဖေဖ့ကို ေမးၾကည့္ပါတယ္။ သူက ကြၽန္ေတာ့္ကို ေပြ႕ဖက္ၿပီး ေျပာတယ္။

"သားေမေမက အလုပ္မ်ားတဲ့ေန႔ ေတြဆို အရမ္း ပင္ပန္းေနၿပီ။ ေဖေဖတို႔ အတြက္ ဒီအစားအစာေတြ ျပင္ဆင္ဖို႔ သူ အခ်ိန္လုၿပီး အျမန္ လုပ္ရတယ္။ မရည္႐ြယ္ပဲ ျဖစ္သြားတဲ့ ကိစၥ အတြက္နဲ႔ ပင္ပန္းေနတဲ့ ေမေမ့ကို ထပ္ၿပီး အျပစ္တင္ရင္ သူစိတ္မေကာင္းျဖစ္မွာေပါ့" တဲ့။

မီးကြၽမ္းေနတဲ့ ေပါင္မုန႔္က ဘယ္သူ႔ကိုမွ မနာက်င္ေစ ႏိုင္ပါဘူး။ ဒါေပမယ့္ စကားလုံးေတြ ကေတာ့ အလြန္ နာက်င္ေစႏိုင္ ပါတယ္။ မၿပီးျပည့္စုံရင္ေတာင္မွ ေစတနာနဲ႔ လုပ္ေပးထားတဲ့ အျခားသူေတြရဲ႕ တန္ဘိုးကို ကြၽန္ေတာ္တို႔ သိဘို႔ လိုပါတယ္။ ဘယ္သူမွ မၿပီးျပည့္စုံၾကပါဘူး။ Saya U Khin Zaw

Post a Comment

0 Comments