အဝတ်အစားတွေမှာ အိမ်သုတ်ဆေးတွေနဲ့ ပန်းချီဆေးတွေပေသွားတဲ့အခါ ပြောင်စင်သွားဖို့ လျှော်ရခက်ခဲပါတယ်။ အိမ်သုတ်ဆေးတွေ သုတ်တဲ့အခါမှာ အဝတ်အစားအဟောင်းတွေ ဝတ်ပြီး ဆေးသုတ်တာက အကောင်းဆုံးနည်းလမ်းပါပဲ။
ဒါပေမယ့်လည်း အိမ်သုတ်ဆေးတွေ၊ ပန်းချီဆေးတွေ အင်္ကျီမှာ ပေကျံသွားတဲ့အခါ အလွယ်တကူဖယ်ရှားနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Acrylic paint
အင်္ကျီမှာ ဒီလိုဆေးတွေ စွန်းသွားပြီး ခြောက်သွားတဲ့အခါ ဖယ်ချွတ်ဖို့အတွက် အနည်းငယ်တော့ အချိန်ပေးရတတ်ပါတယ်။
လိုအပ်သောပစ္စည်းများ
- ဇွန်းတစ်ချောင်း
- ရေအေးတစ်ခွက်
- အရက်ပြန်
- ဆပ်ပြာရည်
အရက်ပြန်ကို စွန်းနေတဲ့အဝတ်အစားပေါ်မှာ လောင်းချလိုက်ပါ။ အရက်ပြန်က ခြောက်နေတဲ့ဆေးတွေကို လွယ်လွယ်ကူကူ ဖယ်ရှားဖို့ ကူညီပေးပါတယ်။ ဇွန်းနဲ့ ခြောက်နေတဲ့ဆေးတွေကို ခြစ်ချပါ။ ခြစ်ချပြီးနောက်မှာ စွန်းနေတဲ့အဝတ်အစားကို ရေထဲမှာ ၁၅ မိနစ်ခန့် စိမ်ထားပါ။ အဲဒီနောက်မှာတော့ ပုံမှန်အတိုင်း ဆပ်ပြာရည်နဲ့ လျှော်လိုက်လို့ရပါပြီ။
၂။ Acrylic paint
အဝတ်အစားတွေမှာ Acrylic ဆေးတွေက လောလောလတ်လတ်စွန်းသွားတယ်ဆိုရင် ချက်ချင်းဖယ်ရှားနိုင်တဲ့အခါ ပိုကောင်းပါတယ်။
လိုအပ်သောပစ္စည်းများ
- ရေနွေး
- ဘရက်ရှ်
- အမိုးနီးယားတစ်ခွက်
- ရှာလကာရည်တစ်ခွက်
- ဆား
- ဆပ်ပြာရည်
အဝတ်အစားပေါ်မှာ ဆေးတွေ ပေသွားခဲ့ရင် ရေနွေးနဲ့ ချက်ချင်းဆေးချလိုက်ပါ။ အမိုးနီးယား၊ ရှာလကာရည်၊ ဆားအနည်းငယ်တို့ကို ဇလုံတစ်ခုထဲမှာ ရောထည့်ပါ။ အဲဒီနောက် ပေနေတဲ့အဝတ်အစားကို ထည့်ပြီး ဘရက်ရှ်နဲ့ပွတ်တိုက်ပေးပါ။ အဲဒီနောက် ဆပ်ပြာနဲ့ လျှော်လိုက်ရုံပါပဲ။
၃။ Oil-based paint
ဆီဆေးတွေက အဝတ်အစားတွေမှာ ပေသွားပြီး ခြောက်သွားတဲ့အခါမှာ ချွတ်ရအခက်ဆုံးပါ။
လိုအပ်သောပစ္စည်းများ
- ဇွန်းတစ်ချောင်း
- အရက်ပြန်
- ရေအေး
- ဖော့
- ဆပ်ပြာရည်
ဆေးတွေ စွန်းနေတဲ့အဝတ်အစားပေါ်ကို အရက်ပြန်လောင်းချပြီးနောက် ဇွန်းနဲ့ ခြစ်ချပါ။ စွန်းနေတဲ့အဝတ်အစားပေါ်တွေကို ရေအေးထဲမှာ ၁၅ မိနစ်ခန့် စိမ်ထားပေးပါ။ အဲဒီနောက် ပေနေတဲ့အဝတ်အစားပေါ်ကို ဆပ်ပြာရည်ထည့်ပြီး ဖော့နဲ့ ပွတ်တိုက်ပေးပါ။ အဲဒီနောက် ဆပ်ပြာရည်ထဲမှာ ၈ နာရီကြာ ထပ်မံစိမ်ထားပေးပါ။
၄။ Oil-based paint
ဆီဆေးတွေက အဝတ်အစားပေါ်မှာ ချက်ချင်းပေသွားခဲ့ရင် မြန်မြန်လျှော်နိုင်လေ ပိုကောင်းလေပါပဲ။
လိုအပ်သောပစ္စည်းများ
- ဆီဆေးဖျက်တဲ့ဆေး
- ဇွန်း
- ပုဝါတစ်ထည်
- ဆပ်ပြာရည်
ပေနေတဲ့အဝတ်အစားရဲ့အောက်မှာ ပုဝါကို ထားလိုက်ပါ။ အဲဒီနောက် ဆီဆေးဖျက်တဲ့ဆေးကို ပေနေတဲ့အစွန်းပေါ် လောင်းချလိုက်ပါ။ ပေနေတဲ့အစွန်းပေါ်ကို ဇွန်းနဲ့ ခြစ်ချပေးပါ။ ပြီးနောက်မှာတော့ ဆပ်ပြာနဲ့ ပုံမှန်လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။
Zombie (lovemedia)
0 Comments