တနေ့က ဈေးထဲမှာ သူတောင်းစား တယောက် တောင်းစားနေတာ တွေ့မိတယ်။ သူတောင်းစား တောင်းနေပုံက ထူးခြား နေတယ်။
"အကိုကြီး အမကြီးတို့ရယ် သနားကြပါနော်။ ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာလေးပါ ပေးခဲ့ပါ"
သူ့ ရှေ့မှာ ချထားတဲ့ ခွက်ထဲကို ပိုက်ဆံ လာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို မေးပြီး စာအုပ်တအုပ်နဲ့ မှတ်ထားလိုက်တယ်။
ဒါပေမယ့် လူတော်တော် များများက အိမ်အထိများ လာတောင်းမလား ဆိုတဲ့ အတွေးနဲ့ သူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွား ကြပါဘူး။
တချို့ကတော့ သနားတာနဲ့ ထည့်သွားကြတာ ပေါ့ဗျာ။ သိပ်မကြာပါဘူး။ သူ့က ခွက်ကို သိမ်းပြီး ခုနက ခွက်ထဲ ပိုက်ဆံ ထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကို အပင်ပန်းခံပြီး သူတို့ ထည့်ခဲ့တဲ့ ငွေတန်ဖိုး ရဲ့ အဆ ၁၀၀ ကို လိုက်ပေးတယ်။
အဲ့ဒီ သတင်းက ဈေးထဲမှာ ချက်ချင်း ပြန့်သွားတာပေါ့။ သူ့ကိုလည်း လူတွေက ဝေဖန်ကြတယ်။ အမျိုးမျိုး ပြောကြနဲ့ ပေါ့လေ။ နောက်တနေ့ မနက်တော့ ဈေးထဲက အဲဒီနေရာမှာပဲ သူတောင်းစား ပြန်တောင်း နေပြန်တာ တွေ့ရရော။
အဲဒီနေ့မှာတော့ သူ့ဘေးမှာ ပိုက်ဆံ ထည့်မယ့်သူတွေ အများကြီး ဖြစ်နေတော့တယ်။ သူ့ခွက်ထဲ ထည့်ကြတဲ့ ပိုက်ဆံတွေ ကလည်း တထောင်တန်တွေ ငါးထောင်တန်တွေ တသောင်းတန်တွေ ထပ်ပြီး ထပ်ပြီး လာထည့်ကြသလို ရွှေတွေ လက်ဝတ်ရတနာတွေတောင် ထည့်ကြ ပါရောလား။
လိပ်စာမှတ်တဲ့ စာအုပ်တောင်မှ လေး၊ ငါးအုပ်လောက် ကုန်သွားပါတယ်။ သူတောင်းစားက ညနေပိုင်း ရောက်တော့ ပြန်သွားတယ်။
ဒါပေမယ့် နောက်နေ့က စပြီး အဲဒီဈေးထဲမှာ သူတောင်းစားကို ဘယ်တော့မှ ပြန်မတွေ့ရတော့ ပါဘူး။ ဒီပုံပြင်လေးကတော့ လောဘကြီးတဲ့ သူတွေကို လိမ်ဖို့ လွယ်ကူတဲ့အကြောင်း သင်ခန်းစာ ပေးထားပါတယ်။ phoomyatchal
Zawgyi
ေစ်းထဲက သူေတာင္းစား
တေန႔က ေဈးထဲမွာ သူေတာင္းစား တေယာက္ ေတာင္းစားေနတာ ေတြ႕မိတယ္။ သူေတာင္းစား ေတာင္းေနပုံက ထူးျခား ေနတယ္။ "အကိုႀကီး အမႀကီးတို႔ရယ္ သနားၾကပါေနာ္။ ပိုက္ဆံေလးမ်ား ထည့္ၿပီးရင္ လိပ္စာေလးပါ ေပးခဲ့ပါ"
သူ႔ ေရွ႕မွာ ခ်ထားတဲ့ ခြက္ထဲကို ပိုက္ဆံ လာထည့္ၾကတဲ့ လူတိုင္းရဲ႕ လိပ္စာကို ေမးၿပီး စာအုပ္တအုပ္နဲ႔ မွတ္ထားလိုက္တယ္။ ဒါေပမယ့္ လူေတာ္ေတာ္ မ်ားမ်ားက အိမ္အထိမ်ား လာေတာင္းမလား ဆိုတဲ့ အေတြးနဲ႔ သူ႔ခြက္ထဲကို ဘာပိုက္ဆံမွ ထည့္မသြား ၾကပါဘူး။
တခ်ိဳ႕ကေတာ့ သနားတာနဲ႔ ထည့္သြားၾကတာ ေပါ့ဗ်ာ။ သိပ္မၾကာပါဘူး။ သူ႔က ခြက္ကို သိမ္းၿပီး ခုနက ခြက္ထဲ ပိုက္ဆံ ထည့္သြားတဲ့ သူေတြရဲ႕ အိမ္ေတြကို အပင္ပန္းခံၿပီး သူတို႔ ထည့္ခဲ့တဲ့ ေငြတန္ဖိုး ရဲ႕ အဆ ၁၀၀ ကို လိုက္ေပးတယ္။
အဲ့ဒီ သတင္းက ေဈးထဲမွာ ခ်က္ခ်င္း ျပန႔္သြားတာေပါ့။ သူ႔ကိုလည္း လူေတြက ေဝဖန္ၾကတယ္။ အမ်ိဳးမ်ိဳး ေျပာၾကနဲ႔ ေပါ့ေလ။ ေနာက္တေန႔ မနက္ေတာ့ ေဈးထဲက အဲဒီေနရာမွာပဲ သူေတာင္းစား ျပန္ေတာင္း ေနျပန္တာ ေတြ႕ရေရာ။
အဲဒီေန႔မွာေတာ့ သူ႔ေဘးမွာ ပိုက္ဆံ ထည့္မယ့္သူေတြ အမ်ားႀကီး ျဖစ္ေနေတာ့တယ္။ သူ႔ခြက္ထဲ ထည့္ၾကတဲ့ ပိုက္ဆံေတြ ကလည္း တေထာင္တန္ေတြ ငါးေထာင္တန္ေတြ တေသာင္းတန္ေတြ ထပ္ၿပီး ထပ္ၿပီး လာထည့္ၾကသလို ေ႐ႊေတြ လက္ဝတ္ရတနာေတြေတာင္ ထည့္ၾက ပါေရာလား။
လိပ္စာမွတ္တဲ့ စာအုပ္ေတာင္မွ ေလး၊ ငါးအုပ္ေလာက္ ကုန္သြားပါတယ္။ သူေတာင္းစားက ညေနပိုင္း ေရာက္ေတာ့ ျပန္သြားတယ္။ ဒါေပမယ့္ ေနာက္ေန႔က စၿပီး အဲဒီေဈးထဲမွာ သူေတာင္းစားကို ဘယ္ေတာ့မွ ျပန္မေတြ႕ရေတာ့ ပါဘူး။ ဒီပုံျပင္ေလးကေတာ့ ေလာဘႀကီးတဲ့ သူေတြကို လိမ္ဖို႔ လြယ္ကူတဲ့အေၾကာင္း သင္ခန္းစာ ေပးထားပါတယ္။ phoomyatchal
0 Comments