ကလေးတွေက မိဘနဲ့အတူတူအိပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ

ကလေးတွေကို မိဘနဲ့ အိပ်ရာခွဲပြီး မသိပ်တာ ကောင်းတယ်၊ မကောင်းဘူးဆိုတာကို စိတ်ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေက အဖြေရှာခဲ့ကြပါတယ်။ အဲဒါကြောင့် ကလေးတွေ မိဘနဲ့အတူတူအိပ်ခြင်းရဲ့အကျိုးကျေးဇူးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ရာစုနှစ်ပေါင်းများစွာ ကြာအောင် မိဘနဲ့ ကလေးတွေဟာ အတူတူအိပ်ခဲ့ကြပါတယ်။ ကလေးကို မိဘနဲ့အတူတူသိပ်တာကြောင့် ညဘက်လည်း ခဏခဏလည်း ထကြည့်စရာမလိုတော့ပါဘူး။ အချိန်တွေ ကြာလာတဲ့အခါမှာ ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်ဖို့အတွက် အိပ်ရာခွဲအိပ်သင့်ကြောင်း အကြံပြုချက်တွေ ထွက်ပေါ်လာပါတယ်။

ကလေးတွေကိုအိပ်ရာခွဲအိပ်သင့်ကြောင်း၊ ညပိုင်း ကလေးတွေ ငိုတဲ့အခါမှာလည်း ထမကြည့်သင့်ကြောင်း၊ ကလေးအချင်းချင်းကိုလည်း အခန်းခွဲသိပ်သင့်ကြောင်း စတဲ့အကြံပြုချက်တွေကို Dr.Spock က ဖော်ပြခဲ့ပါတယ်။

ကလေးတွေက မိဘနဲ့အတူတူအိပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ။

ကလေးတွေက ငယ်ရွယ်စဉ်မှာ အမှောင်နဲ့အခြားသောအရာတွေကို ကြောက်လန့်တတ်ကြပါတယ်။ ဘေးမှာ အဖော်မရှိဘဲ အိပ်ရတဲ့အခါ အိပ်မပျော်တာ၊ လန့်နိုးတာတွေကို ကလေးတွေက ကြုံတွေ့ရတတ်ပါတယ်။

မိဘနဲ့အတူတူအိပ်တဲ့အခါ ကလေးတွေမှာ စိတ်ဖိစီးမှု လျော့နည်းလာတာ၊ အိပ်ပျော်လွယ်လာတာ၊ စိတ်လုံခြုံမှုရှိတာတို့ ရရှိလာပါတယ်။ တစ်ခါတရံမှာလည်း ကလေးရဲ့စိတ်ကျန်းမာရေးအတွက် မိဘနဲ့ကလေးက အတူတူအိပ်သင့်ပါတယ်။

မိဘနဲ့ကလေး အတူတူအိပ်တာက ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေလဲ။

မိဘနဲ့ကလေးက အတူတူအိပ်တဲ့အခါ မိဘအများစု စိုးရိမ်တတ်တာက ကလေးတွေမှာ ကိုယ့်အားကိုယ်ကိုးစိတ် မရှိတော့မှာကိုပါပဲ။ ဒါပေမယ့် မိဘနဲ့အတူတူအိပ်တဲ့အခါမှာတော့ ရင်းနှီးမှုတွေ၊ နွေးထွေးမှုတွေ ပိုရလာပါတယ်။ မိဘနဲ့လည်း ပိုပြီးသံယောဇဉ်တွယ်လာပါတယ်။

အချို့မိဘတွေက ကလေးတွေအရမ်းငယ်ရွယ်စဉ်မှာပဲ မိဘနဲ့အတူတူမအိပ်ခိုင်းဘဲ အခန်းခွဲအိပ်ခိုင်းတတ်ကြပါတယ်။ အဲဒီအခါ မိဘနဲ့ အနေဝေးတဲ့ခံစားချက်မျိုး ကလေးတွေမှာ ရရှိလာတတ်ပါတယ်။ ကလေးတွေနဲ့အတူတူ အိပ်တဲ့အခါ အဖေတွေမှာ testosterone ဟော်မုန်း တိုးလာပါတယ်။

ကလေးတွေကို ဘယ်အသက်အရွယ်မှာ အခန်းခွဲပြီး အိပ်ခိုင်းသင့်လဲ။

ဒီအဖြေဟာ အငြင်းပွားစရာအဖြေ ဖြစ်နေဆဲပါပဲ။ ကလေးရဲ့စိတ်အခြေအနေ၊ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးတော့မှသာ အခန်းခွဲအိပ်သင့်တဲ့ အသက်အရွယ်ကို ဆုံးဖြတ်သင့်ပါတယ်။

ဒါပေမယ့် သိပ္ပံပညာရှင်အများစုကတော့ ကလေးတွေဟာ ငယ်ရွယ်စဉ်မှာ မိဘနဲ့အတူတူ အိပ်ရင် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေ ဖြစ်မလာစေဘူးလို့ ဆိုပါတယ်။

ကလေးတွေကို တစ်ယောက်တည်းအိပ်တတ်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ။

ကလေးတွေကို အခန်းခွဲပြီးအိပ်တော့မယ်ဆိုရင် အိပ်ခန်းက ဆွဲဆောင်မှုရှိနေစေဖို့၊ အရောင်လှလှပပလေးတွေ၊ သူတို့ကြိုက်တဲ့အရုပ်လေးတွေနဲ့ အလှဆင်ထားဖို့ လိုအပ်ပါတယ်။

ကလေးကို အခန်းခွဲအိပ်ခိုင်းတော့မယ်ဆိုရင် သူတို့အိပ်ပျော်သွားတဲ့အထိ စောင့်ပေးပါ။ ကလေးက တစ်ယောက်တည်း အခန်းခွဲအိပ်နိုင်သွားပြီဆိုရင် ချီးကျူးစကားပြောဖို့လည်း မမေ့သင့်ပါဘူးနော်။

Bonus

နာမည်ကြီးအကျော်အမော်တွေဖြစ်တဲ့ Gwen Stefani, Heidi Kium, Kourtney Kardashian, Angelina Jolie တို့လည်း ကလေးတွေနဲ့အတူတူ အိပ်လေ့ရှိကြပါတယ်။ ကလေးတွေနဲ့အတူတူ အိပ်တဲ့အခါ မိဘနဲ့ကလေးအကြား ရင်းနီးမှုတွေ ပိုတိုးလာစေတယ်လို့ သူတို့က ဆိုပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments