တရက်မှာ ကောင်မလေး တယောက်ဟာ ပန်းဝယ်ရန် အတွက် ပန်းဈေးတန်းထဲကို ဝင်သွားခဲ့သည်။ ပန်းဈေးတန်းထဲ ရောက်တော့ မဝယ်ခင် ဈေးတန်းတလျှောက် ပန်းတွေကို အရင် လိုက်ကြည့်သည်။
ပန်းသည်တွေ ကလည်း သူ့ကို ပန်းဝယ်မည်လော အလျိုလျို မေးကြသည်။ ကောင်မလေးက မည့်သူ့ အမေးမှ မဖြေပဲ ဈေးတန်းဆုံးသည် အထိ ပန်းတွေ အားလုံးကို လိုက်ကြည့်လိုက်သည်။
ပြီးတော့မှ အဖွားအို တယောက်ရဲ့ နှင်းဆီပန်းဆိုင်ကို ပြန်လျှောက်လာပြီး အဘွားကို ပန်းတပွင့်ကို ဘယ်လောက်လဲဟု မေးတယ်။ အဘွားအိုကလည်း နှင်းဆီပန်းတွေက အားလုံး လှပနေတာကြောင့် တပွင့်ကို (၅၀) ဟု ပြန်ဖြေသည်။
ထိုအခါ ကောင်မလေးက အဘွားအိုကို တချက် ပြုံးပြပြီး အစီအရီ ခင်းထားသော ပန်းခြင်းတွေ ထဲမှ ညှိုးနွမ်းသည်ဟု ထင်ရသော ပန်းပွင့်တွေကို ရွေးပြီး ဆွဲထုတ် လိုက်သည်။ အဘွားအိုက ကောင်မလေးရဲ့ လုပ်ရပ်တွေကို စိတ်ကွက် နေမိသည်။
"နှင်းဆီပန်းတွေ အားလုံး လှပတယ် လို့ ပြောထားတာ ပခု မလှတဲ့ ပန်းတွေကို ဆွဲထုတ်နေတယ် ဆိုတော့ ဒါသူ့ကို သက်သက် ချိုးတာပဲ" ဟု တွေးပြီး စိတ်မကြည်မသာ ဖြစ်နေသည်။
ပန်းတွေက အထက်အောက် ဆွဲထုတ်ရတာမို့ အနည်းငယ် ပုံပျက်သွား လေသည်။ အဘွားအိုကလည်း စိတ်မရှည်စွာနဲ့ "ယူမှာလား မယူဘူးလား ဟိုလှန်ဒီလော မလုပ်ပါနဲ့ ပန်းတွေ ကြေကုန်မယ်" ဟု လေသံ ခပ်မာမာနဲ့ ပြောလိုက်သည်။
ကောင်မလေး ကတော့ ဘာမှ ပြန်မပြောပဲ သူရွေးထားတဲ့ ညှိုးနွမ်းလုလု နှင်းဆီပန်းတွေကို စုပြီး "အဘွား ဘယ်နှပွင့်ရှိလဲ ရေပေးပါ သမီး ဒီပန်းတွေ ဝယ်ပါမယ်" လို့ ပြောလိုက်တော့ ပန်းသည် အဘွားဟာ အနည်းငယ် မျက်နှာ ပျက်သွားသည်။
ပြီးတော့မှ ပန်းအလှတွေ လန်းဆန်းတာတွေ ဒီလောက်များတာ ဘာလို့ ဒီမလှတဲ့ ပန်းတွေကိုမှ ရွေးပြီး ဝယ်သလဲ လို့ နားမလည်စွာ မေးလိုက်သည်။
ကောင်မလေးက "ပန်းတွေအားလုံးက လှပါတယ်။ ဒါပေမယ့် ဒီပန်းတွေက ရက်နည်းနည်း ကြာလိမ့်မယ် ထင်တယ်။ သူ သိပ်အကြာကြီး မနေရလောက် တော့ဘူး။ သမီးက သမီးချစ် သူရဲ့ အုတ်ဂူမှာ ပန်းစည်း တင်ဖို့ပါ။ ဘယ်လောက်ပဲ လှပ လန်းဆန်းတဲ့ ပန်းကိုပဲ ဝယ်ဝယ် နေပူမှာ ထားခဲ့မှာမို့ ခဏလေးနဲ့ ညှိုးသွားနိုင် ပါတယ်။
ဒါကြောင့် အဘွားလည်း ကျန်တဲ့ ပန်းတွေ လှလှပပ ရောင်းရအောင် သမီး တမင် ရွေးပြီး နွမ်းမယ်ထင်တဲ့ ပန်းတွေကို ဝယ်ခဲ့တာပါ" လို့ အပြုံးလေးနဲ့ ဖြေလိုက်တော့ အဘွားအိုဟာ အစောက သူစိတ်ကွက်မိတာ ကိုပင် သူ့ကိုယ်သူ ရှက်သလိုလို ဖြစ်သွားသည်။
တကယ် နှလုံးသား လှသူဆိုတာ စာနာစိတ် အပြည့်ဝ ရှိသလို ကိုယ့်ဖို့ထက် သူများ အဆင်ပြေဖို့ ကိုပဲ အရင်ဆုံး တွေးပေးတတ်ကြတယ်။ Crd
0 Comments