ကျောပေါ်က အထုပ်ကြီး

လူတယောက်ဟာ ကြီးမားပြီး လေးလံတဲ့ အထုပ်ကြီး တထုပ်ကို ကျောပေါ်မှာ ထမ်းပိုးရင်း လမ်းပေါ်မှာ လျှောက်သွားနေ ပါတယ်။ သူဟာ အထုပ်ကြီးကို ပင်ပန်းကြီးစွာ သယ်ပိုးနေရလို့ ပင်ပန်းနွမ်းနယ် နေတာပေါ့။

အထုပ်ကြီးထဲ ကလည်း အလွန် နံစော်တဲ့ အပုပ်နံ့ တထောင်းထောင်း ထွက်နေ ပါတယ်။ လမ်းမှာ တွေ့တဲ့ လူတယောက်က သူ့ကို ခုလို ပြောလိုက်ပါတယ်။

"မိတ်ဆွေ၊ ခင်ဗျား အထုပ်ကြီးဟာ ပုပ်စော် နံနေပါပြီ။ ဘာဖြစ်လို့ အဲဒါကြီးကို အလေးခံ သယ်နေရတာလဲ။ အမှိုက်ပုံ တခုမှာ စွန့်ပစ်လိုက် ပါလား။ ဒါမှ ခင်ဗျား စိတ်ရော လူပါ ပေါ့ပါးသွား မှာပေါ့"

ဒီအခါမှာ အထုပ်သယ်သူက ခုလို ပြန်ပြောပါတယ်။

"ဘာကွ ဒီအထုတ်ကြီးကို ပစ်လိုက်ရမယ် ဟုတ်လား။ မပစ်နိုင်ပါဘူးကွာ။ ဒီအထုတ်ကြီး မရှိရင် ငါ မနေတတ်ဘူး။ ဒါကြောင့် ငါ သယ်နေတာ ကြာလှပြီ နောက်လည်း ဆက်သယ်နေ အုံးမှာပဲ"

မိတ်ဆွေ သူ ထမ်းပိုး သယ်နေတဲ့ အထုတ်ကြီးထဲမှာ ဘာတွေ ပါတယ်လို့ ထင်ကြပါ သလဲ။ ပြောပြပါမယ်။

သူ ထမ်းထားတဲ့ အထုပ်ကြီးထဲမှာ ပါတာတွေက သူ့ဘဝ တသက်တာမှာ ထားရှိခဲ့တဲ့ လောဘ၊ ဒေါသ၊ မော ဟ၊ မာန်မာန၊ မနာလို ဝန်တိုမှု၊ မုန်းတီးခြင်း၊ ကဲ့ရဲ့ခြင်း၊ အတင်းပြောခြင်းစတာတွေပါ။

မိတ်ဆွေတို့လည်း သူ့လို အထုပ်ကြီး ထမ်းနေမိသလား ဆိုတာ သုံးသပ်ကြည့် ကြပါနော်။ သူ့လို အထုပ်ကြီး လေးလေးလံလံကို သယ်မထားပဲ ဘဝခရီးကို ပေါ့ပါးစွာ ခရီးဆက်နိုင် ကြပါစေ။ Crd

Zawgyi

ေက်ာေပါ္က အထုပ္ၾကီး

လူတေယာက္ဟာ ႀကီးမားၿပီး ေလးလံတဲ့ အထုပ္ႀကီး တထုပ္ကို ေက်ာေပၚမွာ ထမ္းပိုးရင္း လမ္းေပၚမွာ ေလွ်ာက္သြားေန ပါတယ္။ သူဟာ အထုပ္ႀကီးကို ပင္ပန္းႀကီးစြာ သယ္ပိုးေနရလို႔ ပင္ပန္းႏြမ္းနယ္ ေနတာေပါ့။

အထုပ္ႀကီးထဲ ကလည္း အလြန္ နံေစာ္တဲ့ အပုပ္နံ႔ တေထာင္းေထာင္း ထြက္ေန ပါတယ္။ လမ္းမွာ ေတြ႕တဲ့ လူတေယာက္က သူ႔ကို ခုလို ေျပာလိုက္ပါတယ္။

"မိတ္ေဆြ၊ ခင္ဗ်ား အထုပ္ႀကီးဟာ ပုပ္ေစာ္ နံေနပါၿပီ။ ဘာျဖစ္လို႔ အဲဒါႀကီးကို အေလးခံ သယ္ေနရတာလဲ။ အမႈိက္ပုံ တခုမွာ စြန႔္ပစ္လိုက္ ပါလား။ ဒါမွ ခင္ဗ်ား စိတ္ေရာ လူပါ ေပါ့ပါးသြား မွာေပါ့"

ဒီအခါမွာ အထုပ္သယ္သူက ခုလို ျပန္ေျပာပါတယ္။ "ဘာကြ ဒီအထုတ္ႀကီးကို ပစ္လိုက္ရမယ္ ဟုတ္လား။ မပစ္ႏိုင္ပါဘူးကြာ။ ဒီအထုတ္ႀကီး မရွိရင္ ငါ မေနတတ္ဘူး။ ဒါေၾကာင့္ ငါ သယ္ေနတာ ၾကာလွၿပီ ေနာက္လည္း ဆက္သယ္ေန အုံးမွာပဲ"

မိတ္ေဆြ သူ ထမ္းပိုး သယ္ေနတဲ့ အထုတ္ႀကီးထဲမွာ ဘာေတြ ပါတယ္လို႔ ထင္ၾကပါ သလဲ။ ေျပာျပပါမယ္။ သူ ထမ္းထားတဲ့ အထုပ္ႀကီးထဲမွာ ပါတာေတြက သူ႔ဘဝ တသက္တာမွာ ထားရွိခဲ့တဲ့ ေလာဘ၊ ေဒါသ၊ ေမာ ဟ၊ မာန္မာန၊ မနာလို ဝန္တိုမႈ၊ မုန္းတီးျခင္း၊ ကဲ့ရဲ႕ျခင္း၊ အတင္းေျပာျခင္းစတာေတြပါ။

မိတ္ေဆြတို႔လည္း သူ႔လို အထုပ္ႀကီး ထမ္းေနမိသလား ဆိုတာ သုံးသပ္ၾကည့္ ၾကပါေနာ္။ သူ႔လို အထုပ္ႀကီး ေလးေလးလံလံကို သယ္မထားပဲ ဘဝခရီးကို ေပါ့ပါးစြာ ခရီးဆက္ႏိုင္ ၾကပါေစ။ Crd

Post a Comment

0 Comments