နားနားနေနေ ရှိပါစေ ဆိုပေမဲ့ အားလွန်းရင်တော့ ပျက်စီးတတ် ပါတယ်။ နားနေ လွန်းရင် ဒုက္ခ ဖြစ်တတ်တယ်။ လူရဲ့ သဘော သဘာဝအရ အားရင်း အားရင်းနဲ့ တွန်းအား ကင်းမဲ့ သွားပါတယ်။
အကျင့်ဆိုးတွေ စွဲကပ်လာတယ်။ ဖုန်းပွတ်တယ်။ ဂိမ်းပစ်တယ်။ ဖေ့စ်ဘွတ်ခ်မှာ လျှောက်ဖွတယ်။ ဆိုင်တာ မဆိုင်တာ ဝင်ဆဲလိုက် သေးတယ်။
အပျင်း ထူလာတယ်၊ စားချိန် သောက်ချိန် ပျက်လာတယ်။ တိုးတက်မှု မရှာဖွေချင် တော့ဘူး။ သာမာန် နေထိုင်မှု ဘဝကို ဖျက်ဆီးပစ် လိုက်တယ်။
ဇိမ်ကျကျ နေထိုင်တယ်။ နားနားနေနေ ရှိတယ်။ အချိန်ပိုတွေ များတယ်။ လုပ်စရာ မယ်မယ်ရရ မရှိဘူး၊ အမြဲတမ်း အားနေတတ်တယ်။
တောင်တွေး မြောက်တွေး တွေးတယ်။ တွေးရင်း တွေးရင်းနဲ့ စိတ်မချမ်းသာ တော့ဘူး။ စိတ်လှုပ်ရှား ခံစားမှုတွေ များလာတယ်။ မကျေမချမ်းတွေ ဖြစ်လာတယ်။
လူဆိုတာ အားလွန်းနေရင် ပြဿနာ မရှိရင် ပြဿနာ ရှာတယ်။ စကားပြောဖော် ရှာချင်လာတယ်။ တောင်ပြော မြောက်ပြော ပြောလာတယ်။
သူများအကြောင်း၊ ကိုယ့်အကြောင်း၊ ကောင်းတာတွေ၊ မကောင်းတာတွေ၊ ပြောရင်း ပြောရင်းနဲ့ ခံစားမှုတွေ ဝင်လာတယ်။ အမြင်တွေ ပြောင်းလာတယ်။ သဘောထား ငယ်လာတယ်။ အမြင် ကျဉ်းလာတယ်။ တဖြည်းဖြည်းချင်း၊ လူတွေနဲ့ ဝေးလာတယ်။
တိုးတက်ချင်စိတ် ပျောက်ဆုံး သွားတယ်။ စဉ်းစားဉာဏ်တွေ ထိုင်းမှိုင်း သွားတယ်။ ထိုးဖေါက်ချင်စိတ် ကင်းဝေး သွားတယ်။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ လုံးဝ မရင်ဆိုင်ချင် တော့ဘူး၊ တဖြည်းဖြည်းနဲ့ အပယ်ခံဘဝ ဖြစ်သွားတယ်။
ဒါကြောင့်မို့လို့ လူရယ်လို့ ဖြစ်လာရင်၊ နားနားနေနေ သိပ်မနေရဘူး။ ပြင်ပလောကမှာ ဒုက္ခ ကြုံရင် ကြုံပါစေ၊ အိမ်တွင်းအောင်းပြီး ခံစားချက် များနေတာမျိုး မဖြစ်ပါစေနဲ့။ အပြင်မှာ ပင်ပန်းပြီး သေရင် သေပါစေ၊ အိမ်မှာ ပျင်းရိပြီး သေတာမျိုး မဖြစ်စေပါနဲ့။
ယောက်ျား ဖြစ်ရင် ကိုယ့်တာဝန် ကိုယ်ယူရဲ ရမယ်။ မိန်းမဖြစ်ရင်၊ ကိုယ့်ကိုယ်ကို အားကိုး နိုင်အောင် ကြိုးစားနိုင် ရမယ်။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အားလွန်းတာမျိုး မဖြစ်သင့်ဘူး။
ဘဝကို ကြိုးစားရင်းနဲ့ပဲ ခရီးဆက်သင့် ပါတယ်။ အများအကျိုးပြုတာ တခုခုလုပ်ပြီး အနှစ်သာရ ပြည့်ဝ စေချင်ပါတယ်။ အားလုံး အောင်မြင်ပျော်ရွှင်နိုင်ပါစေ။ Crd
0 Comments