တနေ့မှာ ဘုရင်တပါးက ဥယျာဉ်ထဲကို ဆင်းကြည့် ပါတယ်။ သူ့ဥယျာဉ်ထဲက သစ်ပင် အများစုက ညှိုးနွမ်း နေတာကို တွေ့ရပါတယ်။
ဘုရင်ကြီးက တပင်စီကို လေ့လာကြည့်ပြီး မေးကြည့်လိုက်တော့ သစ်ပုပ်ပင်ဟာ သူဟာ ထင်းရှုးပင်လောက် မမြင့်နိုင်လို့ ညှိုးနွမ်းနေတယ် လို့ ပြောပါတယ်။ ထင်းရှုးပင် ကတော့ စပျစ်သီးပင်လို မသီးနိုင်တာကြောင့် ညှိုးနွမ်းနေ ပါသတဲ့။
စပျစ်ပင် ကျတော့ နှင်းဆီလို မပွင့်ပေးနိုင်လို့ ညှိုးနွမ်းနေတယ် ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် မြက်ပင်များ ကတော့ စိမ်းလန်းရှင်သန် နေတာကို တွေ့တာကြောင့် ဘုရင်ကြီးက မြက်ပင်တွေကို မေးလိုက်တယ်။
ကျနော်ကတော့ သဘာဝ ကျကျပဲ စဉ်းစားပါတယ်။ ရှင်ဘုရင်ကြီးက ကျနော်တို့ကို စိုက်ထားတာ ထင်းရှုးပင်လို မြင့်စေချင်လို့မဟုတ်ပါဘူး။ စပျစ်ပင်လို အသီး သီးစေချင်လို့လည်း မဟုတ်ပါဘူး။
နှင်းဆီပင်လို အပွင့် ပွင့်စေချင်လို့ လည်း မဟုတ်ပါဘူး။ ရှင်ဘုရင်ကြီး ကျနော်တို့ကို စိုက်ထားတာ မြက်ပင်မှန်း သိလို့ စိုက်ထားတာပါ။ ဒီတော့ ကျနော်တို့ သဘာဝအတိုင်း အကောင်းဆုံး ရှင်သန်နေတာကို တွေ့ရင် ရှင်ဘုရင် စိတ်ချမ်းသာမယ် လို့ ထင်ပါတယ်" တဲ့။
မိမိကိုယ်ကိုလည်း ပြန်ကြည့်လိုက်ပါ။ တခြားလူ တယောက်နဲ့ တူဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ မိမိကိုယ် မိမိ လက်ခံပြီး အကောင်းဆုံး ကြိုးစား ရှင်သန်နေထိုင်ခြင်း ကသာ အပျော်ရွှင်ဆုံး ဘဝကို ပိုင်ဆိုင်ရရှိ နိုင်မှာပါ။ Crd
Zawgyi
ကိုယ့္ဘဝနဲ့ကိုယ္ ရွင္သန္ပါ
တေန႔မွာ ဘုရင္တပါးက ဥယ်ာဥ္ထဲကို ဆင္းၾကည့္ ပါတယ္။ သူ႔ဥယ်ာဥ္ထဲက သစ္ပင္ အမ်ားစုက ညႇိဳးႏြမ္း ေနတာကို ေတြ႕ရပါတယ္။
ဘုရင္ႀကီးက တပင္စီကို ေလ့လာၾကည့္ၿပီး ေမးၾကည့္လိုက္ေတာ့ သစ္ပုပ္ပင္ဟာ သူဟာ ထင္းရႈးပင္ေလာက္ မျမင့္ႏိုင္လို႔ ညႇိဳးႏြမ္းေနတယ္ လို႔ ေျပာပါတယ္။ ထင္းရႈးပင္ ကေတာ့ စပ်စ္သီးပင္လို မသီးႏိုင္တာေၾကာင့္ ညႇိဳးႏြမ္းေန ပါသတဲ့။
စပ်စ္ပင္ က်ေတာ့ ႏွင္းဆီလို မပြင့္ေပးႏိုင္လို႔ ညႇိဳးႏြမ္းေနတယ္ ဆိုၿပီး ေျပာပါတယ္။ ဒါေပမယ့္ ျမက္ပင္မ်ား ကေတာ့ စိမ္းလန္းရွင္သန္ ေနတာကို ေတြ႕တာေၾကာင့္ ဘုရင္ႀကီးက ျမက္ပင္ေတြကို ေမးလိုက္တယ္။
က်ေနာ္ကေတာ့ သဘာဝ က်က်ပဲ စဥ္းစားပါတယ္။ ရွင္ဘုရင္ႀကီးက က်ေနာ္တို႔ကို စိုက္ထားတာ ထင္းရႈးပင္လို ျမင့္ေစခ်င္လို႔မဟုတ္ပါဘူး။ စပ်စ္ပင္လို အသီး သီးေစခ်င္လို႔လည္း မဟုတ္ပါဘူး။
ႏွင္းဆီပင္လို အပြင့္ ပြင့္ေစခ်င္လို႔ လည္း မဟုတ္ပါဘူး။ ရွင္ဘုရင္ႀကီး က်ေနာ္တို႔ကို စိုက္ထားတာ ျမက္ပင္မွန္း သိလို႔ စိုက္ထားတာပါ။ ဒီေတာ့ က်ေနာ္တို႔ သဘာဝအတိုင္း အေကာင္းဆုံး ရွင္သန္ေနတာကို ေတြ႕ရင္ ရွင္ဘုရင္ စိတ္ခ်မ္းသာမယ္ လို႔ ထင္ပါတယ္" တဲ့။
မိမိကိုယ္ကိုလည္း ျပန္ၾကည့္လိုက္ပါ။ တျခားလူ တေယာက္နဲ႔ တူဖို႔ ဆိုတာ မျဖစ္ႏိုင္တဲ့ ကိစၥပါ။ မိမိကိုယ္ မိမိ လက္ခံၿပီး အေကာင္းဆုံး ႀကိဳးစား ရွင္သန္ေနထိုင္ျခင္း ကသာ အေပ်ာ္႐ႊင္ဆုံး ဘဝကို ပိုင္ဆိုင္ရရွိ ႏိုင္မွာပါ။ Crd
0 Comments