အဖြူရောင်ဖိနပ်လေးတွေက စီးရတာ လှပပေမယ့် ပေသွားရင်တော့ ဆေးကြောရတာ အရမ်းအလုပ်ရှုပ်ပါတယ်။ တစ်ခါတရံအစွန်းတွေ ကျန်ရစ်ပြီး ချွတ်ရခက်နေတတ်ပါတယ်။
အဲဒါကြောင့် ဖိနပ်အဖြူကို ခဏခဏဆေးစရာမလိုဘဲ အစွန်းတွေ ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည်
ရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရေနွေးတစ်ခွက်တို့ကို ရောမွှေပါ။ ရလာတဲ့အနှစ်ကို သွားတိုက်တံအဟောင်းလေးကို အသုံးပြုပြီး ဖိနပ်မှာ ပွတ်တိုက်ပေးပါ။
ပွတ်တိုက်ပေးပြီးနောက် နေရောင်အောက်မှာ ၄ နာရီကြာအောင်ထားပါ။ အဲဒီနောက်မှာတော့ ဖိနပ်က အစွန်းတွေနဲ့ အနံ့ဆိုးတွေ၊ ဘက်တီးရီးယားတွေ ဖယ်ရှားပြီးသားဖြစ်သွားမှာပါ။
၂။ ဆားကြမ်းနဲ့ နွားနို့
ဖိနပ်က တဖြည်းဖြည်းဝါလာတဲ့အခါမှာ အစွန်းမပြောင်မှာကို စိတ်ပူစရာမလိုပါဘူး။ ဆားကြမ်းတစ်ခွက်နဲ့ နွားနို့တစ်လီတာကို ဇလုံတစ်လုံးထဲမှာ ရောလိုက်ပါ။ အဲဒီနောက် ဇလုံထဲမှာ ဖိနပ်ကို ၃ နာရီကြာအောင် ထည့်စိမ်ထားပါ။ ပြီးနောက် ဖိနပ်ကို သွားတိုက်တံအဟောင်းနဲ့ ပွတ်တိုက်ပြီး ရေဆေးချလိုက်ပါ။
၃။ သွားတိုက်ဆေး
အချို့ဖိနပ်ရဲ့အသားတွေက နူးညံ့တာကြောင့် ဆေးကြောတဲ့ပစ္စည်းတွေကိုလည်း သတိပြုပြီး ရွေးချယ်သင့်ပါတယ်။ ဖိနပ်ကို ပြန်ဖြူလာစေဖို့ သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပြီး ၁၅ မိနစ်ခန့်ထားပါ။ အဲဒီနောက် သွားတိုက်ဆေးတွေ ဖယ်ရှားပြီး ရေဆေးချလိုက်လို့ရပါပြီ။
၄။ ဆားကြမ်းနဲ့ ဆပ်ပြာရည်
ဖိနပ်ကို နာရီပေါင်းများစွာ အစွန်းချွတ်ဖို့ အချိန်မရရင် ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ ဆားကြမ်း ၁၅၀ ဂရမ်နဲ့ ဖိနပ်ကို ပွတ်တိုက်ပြီး ဆပ်ပြာရည်နဲ့ ဆေးကြောပါ။ ဖိနပ်အတွင်းပိုင်းက ဘက်တီးရီးယားတွေလည်း ကင်းဖို့ အတွင်းပိုင်းကိုလည်း ဆေးကြောလို့ရပါတယ်။
၅။ အမိုးနီးယား
ဖိနပ်မှာ အစွန်းတွေက ဖယ်ရှားဖို့ မလွယ်ကူဘူးဆိုရင် ဒီနည်းလမ်းကို အသုံးပြုပါ။ အမိုးနီးယားကို အသုံးပြုမယ်ဆိုရင် လက်အိတ်ကိုအသုံးပြုဖို့နဲ့ မျက်လုံးကို မထိဖို့ ဂရုပြုသင့်ပါတယ်။ အမိုးနီးယားနဲ့ ရေကို ဆတူရောပါ။ ပိတ်စလေးကို အမိုးနီးယားထဲနှစ်ပြီး ဖိနပ်မှာ ပွတ်တိုက်ပေးပါ။ ပြီးနောက် ရေများများနဲ့ ဆေးချပါ။
၆။ မုန့်ဖုတ်ဆိုဒါနဲ့ အဝတ်လျှော်ဆပ်ပြာ
အရင်ဆုံးဖိနပ်ကို ရေထဲမှာ စိမ်ထားပါ။ အဲဒီနောက် ဖိနပ်ကို ခဏလောက်အခြာက်ခံထားပါ။ မုန့်ဖုတ်ဆိုဒါနဲ့ အဝတ်လျှော်ဆပ်ပြာကို ဆတူရောပြီး ဖိနပ်မှာ ပွတ်တိုက်ပါ။ ဖိနပ်ကို ရေထဲမှာ တစ်ဖန်ပြန်ပြီးရေစိမ်ပါ။ အဲဒီနောက် ဖိနပ်ကို အခြောက်ခံထားလို့ရပါပြီ။
၇။ သံပုရာသီး
သံပုရာသီးက အစွန်းတွေနဲ့ အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးတဲ့နေရာမှာ နာမည်ကြီးပါတယ်။ သံပုရာသီးတစ်လုံးကို တစ်ဝက်ခြမ်းပြီးအရည်ညှစ်ပါ။ အဲဒီနောက် ရေအနည်းငယ်ထည့်ပါ။ ရေရောပြီးနောက် သံပုရာရည်ကို ဖိနပ်မှာ ပွတ်တိုက်ပေးပါ။
၈။ ခဲဖျက်
သားရေဖိနပ်နဲ့ မျက်ပြင်ကြမ်းတဲ့ ဖိနပ်တွေအတွက် ခဲဖျက်ကို အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် စိတ်ရှည်ဖို့ကတော့ အဓိကပါ။ အစွန်းတွေရှိနေတဲ့နေရာကို ခဲဖျက်နဲ့ စိတ်ရှည်ရှည်ပွတ်တိုက်ပေးပါ။
၉။ ဖိနပ်တွေကို ဖြူဖွေးစေတဲ့ဆပ်ပြာ
အသီးအရွက်ဆီကနေ ထုတ်လုပ်ထားတဲ့ ဖိနပ်ဖြူစေတဲ့ဆပ်ပြာက ဖိနပ်က အစွန်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဖိနပ်ကိုအရင်ရေစွတ်ပြီးနောက် ဆပ်ပြာနဲ့ ပွတ်တိုက်ပါ။ ဆပ်ပြာနဲ့ပွတ်တိုက်ပြီးနောက် နာရီဝက်ခန့်ထားပါ။ အဲဒီနောက် ရေများများ ဆေးချလိုက်ပါ။
Zombie (lovemedia)
0 Comments