အမျိုးသမီးတွေအတွက် ဓမ္မတာလာနေချိန်မှာ နာကျင်မှုတွေ သက်သာစေမယ့်နည်းလမ်း (၅) ခု

အမျိုးသမီးတွေအတွက် ဓမ္မတာလာတဲ့အချိန်ဟာ အရမ်းကို နာကျင်ခံစားရတဲ့အချိန်ပါ။ အဲဒီအချိန်မှာ စိတ်အတက်အကျကလည်း မြန်ပြီး ခန္ဓာကိုယ်ကလည်း နေရထိုင်ရအဆင်မပြေတတ်ပါဘူး။

အဲဒါကြောင့် အမျိုးသမီးတွေအတွက် ဓမ္မတာလာနေချိန်မှာ နာကျင်မှုတွေ သက်သာစေမယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရှောင်သင့်တဲ့အစားအစာများနဲ့ စားသင့်တဲ့အစားအစာများ

အမျိုးသမီးတွေက ဓမ္မတာလာစဉ်မှာ ဝမ်းဗိုက်ကိုက်ခဲတာ၊ အန်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ လေပွတာ၊ စိတ်ကျလွယ်တာ စတဲ့ အရာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါတွေကို သက်သာဖို့ ဒီအစားအစာတွေကို စားပေးသင့်ပါတယ်။

- သခွားသီး၊ ဖရဲသီးတို့လို အရည်ရွှမ်းတဲ့အသီးများ

- ကြွက်သားနာကျင်တာကိုသက်သာစေတဲ့ ဂျင်းလက်ဖက်ရည်

- နာကျင်ကိုက်ခဲတာတွေကို သက်သာစေတဲ့ချောကလက်

- သံဓာတ်နဲ့ အိုမီဂါ ၃ တို့ပါဝင်တဲ့ ငါးများ

- ဝမ်းဗိုက်နာကျင်တာကို သက်သာစေတဲ့ နနွင်း

- အမျိုးသမီးအင်္ဂါမှိုဝင်တာကို သက်သာစေတဲ့ ဒိန်ချဉ်

- အန်တာ၊ ကြွက်သားနာကျင်တာကို သက်သာစေတဲ့ ပက်ပါမင့်လက်ဖက်ရည်တို့ကို စားသောက်ပေးသင့်ပါတယ်။ ဒါ့အပြင် ဓမ္မတာလာနေစဉ်မှာ ခေါင်းကိုက်တာနဲ့ ရေဓာတ်ခန်းခြောက်တာမဖြစ်ဖို့ ရေများများသောက်ပေးဖို့လည်း မမေ့သင့်ပါဘူးနော်။

ရှောင်သင့်တဲ့အစားအစာတွေကတော့

- ဆားနဲ့ အငန်များတဲ့အစားအစာများ

- သကြား

- အသား

-ကော်ဖီ

- ဝမ်းဗိုက်ကို နာကျင်စေတဲ့ ပူစပ်စပ်အစားအစာတွေကို ရှောင်သင့်ပါတယ်။

၂။ ခေါင်းအုံး

ကြွက်သားနာကျင်တာ၊ ခါးနာတာကို သက်သာစေဖို့ နောက်ကျောနဲ့ ထိုင်ခုံကြားမှာ ခေါင်းအုံးကို ညှပ်ပြီးမှ ထိုင်ပါ။ အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်တာထက် မကြာခဏလမ်းလျှောက်ပေးတာက ကြွက်သားနာကျင်တာကို သက်သာစေပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

၃။ ရေနွေးအိတ်

ဝမ်းဗိုက်မှာ ရေနွေးအိတ်ကပ်ပေးတာက နာကျင်မှုတွေကို သက်သာစေပါတယ်။ ဒါပေမယ့် ရေနွေးက အရမ်းမပူဖို့၊ ရေနွေးအိတ်က အရည်အသွေးကောင်းဖို့လည်း အရေးကြီးပါတယ်။

၄။ အိပ်တဲ့ပုံစံ

ဓမ္မတာလာနေစဉ်မှာ သက်တောင့်သက်သာဖြစ်စေဖို့ အိပ်တဲ့အခါ ဒီနည်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

- ဘေးစောင်းအိပ်တဲ့အခါ ဒူးနှစ်လုံးကြားမှာ ခေါင်းအုံးကိုညှပ်ပြီးအိပ်ပါ။ ဒီနည်းက ခါးနာတာ သက်သာစေပြီး ကျောရိုးကိုလည်း ဖြောင့်တန်းစေပါတယ်။

- ပက်လက်အိတ်တဲ့အခါ ဒူးအောက်မှာ ခေါင်းအုံးတစ်လုံးထားပြီးအိပ်ပါ။ နောက်ကျောမှာ ဖိအားတွေဖြစ်နေတာကို သက်သာစေတဲ့နည်းပါ။

- မှောက်အိပ်တတ်သူဆိုရင် ဝမ်းဗိုက်အောက်မှာ ခေါင်းအုံးလေးထားအိပ်ပါ။

၅။ ယောဂ

ယောဂလေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲတာတွေကိုလည်း သက်သာစေပါတယ်။

ငါးပုံစံ

ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်မှာ ပက်လက်လှဲချလိုက်ပြီး ခြေထောက်တွေကို ဆန့်ထုတ်ထားပါ။ ကြမ်းပြင်ပေါ်မှာ တံတောင်ဆစ်နဲ့ ထောက်ထားပြီး ခေါင်းကို မော့ထားပါ။ ခေါင်းကို ကြမ်းပြင်နဲ့ ထိခါနီးအထိ မော့ထားပါ။

ကလေးပုံစံ

ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး လက်တွေကို ရှေ့ကို ပို့ထားလိုက်ပါ။ တံတောင်ဆစ်က ကြမ်းပြင်နဲ့ ထိဖို့လိုအပ်ပါတယ်။ ခေါင်းကိုလည်း ကြမ်းပြင်နဲ့ ထိထားပါ။

မြွေဟောက်ပုံစံ

ကြမ်းပြင်ပေါ်မှာ မှောက်ရက်လှဲချလိုက်ပြီး လက်တွေကို ထောက်ထားပါ။ ခေါင်းကို မော့ပြီး ခြေထောက်တွေကို ဆန့်ထုတ်ထားပါ။

Zombie (lovemedia)

Post a Comment

0 Comments