အဝတ်အစားတွေကို သပ်ရပ်စေတဲ့ မီးပူက မီးပူတိုက်တဲ့နေရာမှာပဲ အသုံးဝင်ရုံတင်မကပါဘူး။ မီးပူကို အခြားသောနေရာတွေမှာလည်း အသုံးပြုလို့ရပါသေးတယ်။
၁။ သစ်သားချိုင့်ခွက်တွေကို ညီညာစေခြင်း
သစ်သားစားပွဲနဲ့ သစ်သားမျက်နှာပြင်တွေမှာ ချိုင့်ခွက်တွေ ဖြစ်နေတဲ့အခါ ညီညာသွားစေဖို့ မီးပူ၊ အဝတ်စတစ်စ၊ ရေတို့ လိုအပ်ပါတယ်။ မညီမညာဖြစ်နေတဲ့သစ်သားမျက်နှာဖြစ်ပေါ်ကို ရေဖျန်းလိုက်ပြီး အဝတ်စလေးနဲ့ အုပ်ထားလိုက်ပါ။
အဲဒီနောက် မီးပူတိုက်လိုက်ပါ။ ချိုင့်နေတဲ့နေရာကို ရေဖျန်းလိုက်၊ မီးပူကို အပူပေးပြီး တိုက်လိုက်နဲ့ သစ်သားမျက်နှာပြင်ညီညာသွားတဲ့အထိ ပြုလုပ်လို့ရပါတယ်။
၂။ ဖယောင်းစက်တွေကို ဖယ်ရှားပေးခြင်း
အဝတ်အစားတွေ၊ ကော်ဇောတွေ၊ စောင်တွေပေါ်မှာ ဖယောင်းစက်တွေ တင်ကျန်နေတဲ့အခါ လျှော်လိုက်ရင်လည်း မပြောင်ပါဘူး။ ဖယောင်းစက်တွေပေနေတဲ့ အဝတ်အစားပေါ်ကို နောက်ထပ်ပိတ်စလေးတစ်ခု တင်လိုက်ပါ။
မီးပူကို မီးအနည်းငယ်လောက်ထားပြီး ပိတ်စလေးပေါ်ကနေ မီးပူတိုက်လိုက်ပါ။ အဝတ်အစားတွေမှာ ကပ်နေတဲ့ ဖယောင်းစက်တွေက လွယ်လွယ်ကူကူ ပြောင်စင်သွားပါတယ်။
၃။ အဝတ်အစားတွေမှာ ကပ်နေတဲ့ပီကေကို ဖယ်ရှားပေးခြင်း
အဝတ်အစားနဲ့ အခြားသောအသုံးအဆောင်တွေမှာ ပီကေတွေ ကပ်နေရင် မီးပူကို အသုံးပြုလို့ရပါတယ်။ ပီကေကပ်နေတဲ့အဝတ်အစားရဲ့ နောက်တစ်ဖက်ကို လှန်ပြီး မီးပူတိုက်လိုက်ပါ။ ပီကေတွေက ပျော့လာပြီး ခွာလို့ရသွားပါတယ်။ ဒါပေမယ့် မီးပူရဲ့အပူချိန်ကို အရမ်းမများအောင်တော့ ဂရုပြုပါ။
၄။ အစားအသောက်တွေကို နွှေးနိုင်ခြင်း
အစားအသောက်တွေကို အမြန်နွှေးဖို့ မီးဖိုမရှိတဲ့အခါမှာ မီးပူတိုကို အသုံးပြုလို့ရပါတယ်။ အလူမီနီယမ်ပန်းကန်ပြားကို နှစ်ချပ်ဆင့်ပြီး အစားအသောက်ထည့်ပါ။ အဲဒီနောက် မီးပူပေါ်တင်ပြီး အစားအသောက်တွေကို နွေးအောင် ပြုလုပ်လို့ရပါတယ်။
၅။ သစ်သားမျက်နှာပြင်ပေါ်က အစွန်းတွေကို ဖယ်ရှားပေးခြင်း
ပူနေတဲ့ပန်းကန်၊ ပူနေတဲ့ခွက်တွေကို သစ်သားမျက်နှာပြင်ပေါ်တင်လိုက်ရင် အစွန်းတွေ ကျန်ရစ်နေတတ်ပါတယ်။ အဲဒီအခါ သစ်သားမျက်နှာပြင်ပေါ်ကို အဝတ်စလေးတစ်ခု တင်လိုက်ပါ။ မီးပူကို ရေနွေးငွေ့ဖွင့်ပြီး အဝတ်စလေးပေါ်ကို တိုက်လိုက်လို့ရပါတယ်။
၆။ ကော်ဇောပေါ်က ချိုင့်ခွက်တွေကို ညီညာစေခြင်း
ကော်ဇော်ပေါ်မှာ အိမ်သုံးပရိဘောဂပစ္စည်းတွေ ထင်ထားလို့မညီမညာ ဖြစ်နေတဲ့အခါမှာ ကော်ဇော်ပေါ်ကို ရေစိုပိတ်စတစ်စ တင်ထားပါ။ အဲဒီနောက် မီးပူကို ရေနွေးငွေ့ဖွင့်ပြီး ပိတ်စပေါ်ကို မီးပူတိုက်ပေးပါ။
၇။ ပန်းခြောက်
ပန်းအိုးထဲက ပန်းလေးတွေကို ခြောက်သွားပြီဆိုရင် မီးပူကို အသုံးပြုပြီး ပန်းခြောက်လေးတွေ ပြုလုပ်လို့ရပါတယ်။ စာရွက်နှစ်ရွက်ကြားမှာ ပန်းလေးတွေ ထည့်ပြီး အပေါ်ကနေ ၁၅ စက္ကန့်ကြာ မီးပူနဲ့ ဖိထားပါ။ အဲဒီအခါ ပန်းလေးတွေက လုံးဝခြောက်သွေ့သွားပြီး လိုအပ်တဲ့နေရာမှာ အလှဆင်နိုင်ပါတယ်။
၈။ ပလစ်စတစ်လောင်းတဲ့အခါ အသုံးဝင်ခြင်း
ဓာတ်ပုံလေးတွေ၊ စာရွက်လေးတွေကို ပလက်စတစ်လောင်းချင်တဲ့အခါမှာလည်း မီးပူကို အသံဒးပြုနိုင်ပါတယ်။ ပလက်စတစ်အိတ်လေးထဲကို ဓာတ်ပုံလေးတွေ၊ စာရွက်လေးတွေ ထည့်လိုက်ပါ။
အဲဒီနောက် ပိတ်စလေးတစ်ခု ခံပြီး အပေါ်ကနေ မီးပူတိုက်ပေးပါ။ အပူချိန်အရမ်းမပြင်းဖို့တော့ သတိထားသင့်ပါတယ်နော်။
Zombie (lovemeida)
0 Comments