ချောမွတ်ပြီး ညီညာလှပတဲ့ အသားအရေရဖို့အတွက် တန်ဖိုးကြီးတဲ့ skincare ပစ္စည်းတွေ အမြဲတမ်းမလိုအပ်ပါဘူး။ လှပတဲ့အသားအရေရဖို့အတွက် မျက်နှာသစ်တဲ့အချိန်က အရေးကြီးပါတယ်။
မျက်နှာသစ်တဲ့အခါ ပုံမှန်သစ်နေကျကြာချိန်ထက် နည်းနည်းလေးအချိန်ပိုပေးလိုက်တာနဲ့ ချောမွတ်နူးညံ့တဲ့အသားအရေကို ရရှိနိုင်ပါတယ်။
မျက်နှာသစ်တဲ့အချိန်ကို နည်းနည်းလေး ပိုယူလိုက်ပါ။
စက္ကန့်၆၀ ကြာ မျက်နှာသစ်နည်းကို LABeautyologist Nayamka Roberts-Smith က ပြောပြထားတာပါ။ ပျမ်းမျှအားဖြင့် မျက်နှာသစ်တဲ့အခါ ၁၅ စက္ကန့်လောက်သာ ကြာတတ်ကြပါတယ်။
ချောမွတ်တဲ့အသားအရေရဖို့ဆိုရင် အနည်းဆုံး စက္ကန့် ၆၀ ကြာအောင် မျက်နှာသစ်သင့်တယ်လို့ Nayamka Roberts-Smith က အကြံပြုထားပါတယ်။
မျက်နှာအသားအရေကို ရေဓာတ်စိမ့်ဝင်သွားအောင် အချိန်ပိုပေးပါ။
တစ်နေကုန်လုံးမှာ ပြင်ပက ဘက်တီးရီးယားတွေ၊ ဖုန်တွေ၊ အညစ်အကြေးတွေ၊ မိတ်ကပ်တွေက မျက်နှာမှာ စုမိနေပြီး ချွေးပေါက်ပိတ်လာပါတယ်။ မျက်နှာကို အချိန်ကြာကြာသစ်တဲ့အခါ မျက်နှာက အညစ်အကြေးတွေ၊ ဖုန်တွေ၊ ဘက်တီးရီးယားတွေလည်း ပြောင်စင်သွားဖို့ အချိန်ပိုရလာပါတယ်။
အဲဒါကြောင့် ချွေးပေါက်ပိတ်တာလည်းနည်းပါးသွားမှာပါ။ မျက်နှာကို ၆၀ စက္ကန့်ကြာ သစ်ဖို့ဆိုရင် oil cleanser က အကောင်းဆုံးဖြစ်ကြောင်း Nayamka Roberts-Smith က ဖော်ပြထားပါတယ်။
ဒါပေမယ့် မျက်နှာသစ်ခရင်မ်နဲ့ ဂျယ်လ်တွေကိုလည်း အသုံးပြုလို့ရပါတယ်။ Scrubs လိုမျိုး ကြမ်းတမ်းတဲ့ cleanse ကိုတော့ အချိန်ကြာကြာ အသုံးပြုလို့မကောင်းပါဘူး။
မျက်နှာသစ်ချိန်ပိုကြာတာအောင် မျက်နှာတစ်ခုလုံးကို သန့်စင်ဖို့အချိန်ပိုရသွားပါတယ်။
မျက်နှာကို အနည်းဆုံး စက္ကန့် ၆၀ ကြာ သစ်တာက ချွေးပေါက်ပိတ်တတ်သူတွေအတွက် အရမ်းကို သင့်တော်ပါတယ်။ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေက မျက်နှာက သဘာဝအဆီတွေနဲ့ ရောပြီး ချွေးပေါက်ပိတ်သွားပါတယ်။
ချွေးပေါက်ပိတ်ရာကနေ အမည်းစက်တွေလည်း ဖြစ်လာပါတယ်။ အချိန်ကြာကြာ မျက်နှာသစ်တာက အမည်းစက်တွေကိုပါ လျော့နည်းသွားစေပါတယ်။
Zombie (lovemedia)
0 Comments