မကြာခဏခေါင်းလျှော်တဲ့အခါ ဆံပင်အတွက် ရရှိလာမယ့်ဆိုးကျိုး (၇) ခု

ခဏခဏခေါင်းလျှော်တာက သန့်ရှင်းစေဖို့ ကူညီနိုင်ပေမယ့် ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဆံနွယ်စုလေးတွေက အရင်ကလောက်ကြည့်မကောင်းတော့တာက နေ့စဉ်ခေါင်းလျှော်တာနဲ့လည်း သက်ဆိုင်နေပါတယ်။

အဲဒါကြောင့် ခဏခဏခေါင်းလျှော်မယ်ဆိုရင် ဆံသားမှာ ဘယ်လိုပြောင်းလဲမှုတွေ ရလာမလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပုံမှန်ထက် ဆံပင်ကျွတ်လာခြင်း

ခေါင်းလျှော်တဲ့အချိန်မှာ ဆံပင်ကျွတ်တာက ပုံမှန်ပါပဲ။ ခဏခဏခေါင်းလျှော်ပြီး ခေါင်းလျှော်ရည်တွေ မကြာခဏ အသုံးပြုနေရတဲ့အခါ ဆံပင်က အစုအဝေးလိုက် ကျွတ်လာမှာပါ။

ခေါင်းလျှော်ရည်တွေက ဦးရေပြားက သဘာဝအဆီတွေကို ဖယ်ရှားပစ်လိုက်တာမို့လိုပါ။ ခဏခဏခေါင်းလျှော်မယ်ဆိုရင် ဆံပင်တွေက နဂိုကထက် ပိုကြမ်းပြီး ဖွာလာမှာပါ။

၂။ ဆံဖျားတွေမှာ နှစ်ခွဖြစ်လာခြင်း

ဆံဖျားတွေ နှစ်ခွဖြစ်လာရတဲ့အကြောင်းအရင်းတွေထဲမှာ နေ့စဉ်ခေါင်းလျှော်တာလည်း ပါဝင်ပါတယ်။ စိုနေတဲ့ဆံပင်က အားနည်းတာကြောင့် ပိုပြီး ကျွတ်လွယ်ပါတယ်။

အဲဒါကြောင့် မကြာခဏခေါင်းလျှော်ရည် ဆံသားတွေအားနည်းပြီး ဆံဖျားတွေမှာ နှစ်ခွဖြစ်လာပါတယ်။ နေ့စဉ်ခေါင်းလျှော်တာက ဆံသားရဲ့အစိုဓာတ်တွေကိုလည်း နည်းပါးသွားစေပါတယ်။

၃။ ပုံမှန်ထက် ဆံပင်အဆီပိုထွက်လာခြင်း

ခေါင်းလျှော်ရည်တွေက ဆံပင်ကို သန့်စင်ပေးမယ့်လည်း မကြာခဏခေါင်းလျှော်တဲ့အခါမှာတော့ ဆံသားကို ရေဓာတ်ဖြည့်ဖို့ ဦးရေပြားက သဘာဝအဆီတွေ ပိုထုတ်လုပ်လာရပါတယ်။ ဆံပင်ကို တစ်ပတ်နှစ်ကြိမ်ခန့် လျှော်တာက သန့်စင်ပြီးကျန်းမာတဲ့ဆံသားကို ရရှိစေပါတယ်။

၄။ ဆံပင်က အရင်ကလောက် အရောင်မတောက်ပတော့ခြင်း

ဆံပင်တွေက ခြောက်သွေ့ပြီး အရောင်မတောက်ပတော့ဘူးဆိုရင် ခဏခဏခေါင်းလျှော်တာကလည်း ဖြစ်နိုင်ပါတယ်။ ဆံသားမှာ အစိုဓာတ်တွေ နည်းပါးလာတာကြောင့် အရောင်လည်း မတောက်ပနိုင်တော့ပါဘူး။ ခေါင်းလျှော်ရည်တွေက ဆံပင်မှာ မပြောင်တဲ့အခါမှာ ဆံပင်က အရောင်မလှပနိုင်တော့ပါဘူး။

၅။ ဆံပင်အရောင်ဆိုးထားတဲ့အခါ အရောင်ပြယ်လာခြင်း

မကြာခဏ ခေါင်းလျှော်တာက ဆိုးထားတဲ့ဆံပင်အရောင်တွေကို ခပ်မြန်မြန် မှေးမှိန်လာစေပါတယ်။ သင်က ဆံပင်ကို ဆေးဆိုးထားသူဆိုရင် ၂ ရက် သို့မဟုတ် ၃ ရက်တစ်ခါသာ ခေါင်းလျှော်ပါ။ ဒါ့အပြင် ဆံပင်ဆေးဆိုးထားသူတွေအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်သုံးပစ္စည်းတွေကိုလည်း သုံးစွဲသင့်ပါတယ်နော်။

၆။ ဆံပင်ဖွာလာခြင်း

နေ့စဉ်ခေါင်းလျှော်တာကြောင့် ဆံပင်တွေက ဖွာပြီး သပ်သပ်ရပ်ရပ်မဖြစ်တော့ပါဘူး။ ဆံပင်ကို မကြာခဏအပူပေးပြီးဖြောင့်ခြင်း၊ ကောက်ခြင်း၊ အရောင်ဆိုးခြင်း၊ နေ့စဉ်ခေါင်းလျှော်ခြင်းတို့ကြောင့် ဆံပင်က ဖွာလာတတ်ပါတယ်။ အဲဒါကြောင့် မကြာခဏ ခေါင်းလျှော်တာကို ရှောင်ပြီး ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်စေတဲ့ ဖျန်းဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။

၇။ ဆံပင်ကို ရှင်းရခက်လာခြင်း

ခဏခဏခေါင်းလျှော်တာကြောင့် ဆံပင်တွေက ခြောက်သွေ့ပြီး ခေါင်းဖြီးရခက်လာပါတယ်။ ခေါင်းဖြီးတဲ့အခါမှာလည်း ဆံပင်တွေ ညှိပြီး ဆံပင်တွေ ပိုကျွတ်လာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments