အန္တရာယ်ရှိတဲ့အခြေအနေတွေဟာ လူတိုင်းကြုံတွေ့နိုင်ရတဲ့အရာပါ။ အန္တရာယ်ရှိတဲ့အခြေအနေတွေမှာ မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဘယ်လိုပစ္စည်းတွေ ဆောင်ထားသင့်လဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဆား
ဆားက ဟင်းချက်တဲ့နေရာမှာ အသုံးဝင်ရုံတင်မကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ပစ္စည်းအဖြစ်လည်း အသုံးဝင်ပါတယ်။ ဥပမာ ခွေးက အန္တရာယ်ပြုဖို့ သင့်အနားကို ကပ်လာပြီဆိုရင် ဆားနဲ့ ပက်လိုက်ပါ။
ဆားက တိရစ္ဆာန်တွေအတွက် အဆိပ်အတောက်ဖြစ်စေပြီး ထုံထိုင်းအားကုန်သွားစေပါတယ်။ အဲဒီနောက် ခွေးက သင့်ကို ရန်မပြုနိုင်တော့တာကြောင့် သင့်အတွက် ထွက်ပြေးချိန်ရသွားမှာပါ။
၂။ ပိုက်ဆံအိတ်အတု
ခါးပိုက်နှိုက်နဲ့ လုယက်သူတွေက ပေါများလာပါတယ်။ အဲဒါကြောင့် သင့်အိတ်ကို လိုက်လုသူရှိရင် ဘာမှမထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ချပေးခဲ့လိုက်ပါ။ အဲဒီအခါ အရေးကြီးတဲ့အချက်အလက်တွေ၊ ငွေတွေမပါသွားတဲ့အပြင် လုံခြုံတဲ့နေရာကို ပြေးသွားဖို့ အချိန်ရစေမှာပါ။
၃။ ရေပုလင်း
ပြန်လည်အသုံးပြုနိုင်တဲ့ရေပုလင်းကို ပလက်စတစ်တွေ အသုံးပြုမှုကို လျှော့ချပေးပါတယ်။ ရေဆာတဲ့အခါမှာလည်း အလွယ်တကူ သောက်လို့ရသလို သင့်ကို အခြားသူက ရန်ပြုလာတဲ့အချိန်မှာလည်း အသုံးဝင်ပါတယ်။
၄။ လက်ပတ်နာရီ
လက်ပတ်နာရီကိုလည်း အမြဲပတ်ထားသင့်ပါတယ်။ သင့်ကို ရန်ပြုလာတဲ့အခါ လက်ပတ်နာရီကို လက်သီးဆုပ်မှာပတ်ပြီး သံလက်သီးအစား သုံးလို့ရပါတယ်။ သင့်မှာ နှလုံးရောဂါရှိတဲ့အခါ လဲကျသွားတဲ့အချိန် နာရီရပ်သွားရင် ဆရာဝန်က နာရီက ရပ်သွားတဲ့အချိန်ကိုကြည့်ပြီး လိုအပ်တဲ့ကုသမှုကိုလည်း ပေးလို့ရပါတယ်။
၅။ ခေါင်းဘီး
ခေါင်းဘီးက မိန်းကလေးတိုင်းရဲ့အိတ်ထဲမှာ အမြဲလိုလိုပါတတ်တဲ့အရာပါ။ ခေါင်းဘီးအမာကို ဆောင်ထားပြီး အရေးပေါ်အခြေအနေမှာ ရန်သူရဲ့မျက်နှာကို ခေါင်းဖြီးနဲ့ တိုက်ခိုက်လို့ရပါတယ်။ ဒါ့အပြင် ဖွင့်လို့ရတဲ့ခေါင်းဘီးထဲမှာ ပိုက်ဆံနဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ဖွက်ထားလို့ရပါသေးတယ်။
၆။ သွားကို သန့်ရှင်းပေးတဲ့ချည်မျှင်
သွားကို သန့်ရှင်းပေးတဲ့ချည်မျှင်ကို အိတ်ထဲမှာ ထည့်ထားရင် လေးလံနေမှာမဟုတ်ပါဘူး။ ချည်မျှင်လေးက သွားကို သန့်ရှင်းရေးပေးရုံတင်မကပါဘူး။ အရေးပေါ်အခြေအနေတွေမှာ ပတ်တီးကို မြဲအောင်ချည်နိုင်တာ၊ အစာတွေကို လှီးဖြတ်တာ၊ ဓားမပါတဲ့အခါ ဓားအဖြစ်အသုံးပြုတာလို့ လုပ်နိုင်ပါတယ်။ ချည်မျှင်လေးက သေးငယ်ပေမယ့် အရမ်းကို အသုံးဝင်ပါတယ်။
၇။ ဇစ်ပါတဲ့ ပလက်စတစ်အိတ်
ဇစ်ပါတဲ့ပလက်စတစ်အိတ်ကိုလည်း ဆောင်ထားသင့်ပါတယ်။ ဇစ်ပါတဲ့အိတ်ထဲကို ရေမဝင်လွယ်တာကြောင့် အရေးပေါ်အခြေအနေတွေမှာ ဖုန်းကို ထည့်ထားလို့ရပါတယ်။ ရေပုလင်းမရှိတဲ့အခါမှာလည်း ရေထည့်သောက်လို့ရပါသေးတယ်။
ဒါ့အပြင် နေ့စဉ်ဘဝမှာလည်း သင့်အတွက် လိုအပ်တဲ့ဆေးဝါး၊ မတည့်တဲ့အရာ၊ မိသားစုနဲ့ဆွေမျိုးတွေကို ဆက်သွယ်လို့ရနိုင်မယ့် ဖုန်းနံပါတ်တွေကိုလည်း ထည့်ထားဖို့ အသုံးဝင်ပါတယ်။
၈။ ဓာတ်မီး
ဓာတ်မီးကတော့ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အသုံးဝင်ပါတယ်။ သင့်ကို တိုက်ခိုက်တဲ့သူရဲ့မျက်နှာကို ဓာတ်မီးနဲ့ထိုးလိုက်ရင် သူက ခဏလောက် မျက်စိပြာသွားပြီး ဘာမှမလုပ်နိုင်တော့ပါဘူး။ အဲဒီအချိန်မှာ သင့်အတွက် ထွက်ပြေးဖို့ တန်ဖိုးရှိတဲ့အချိန်ရလာမှာပါ။
Zombie (lovemedia)
0 Comments