နေ့စဉ်နေ့တိုင်းမှာ နေထိုင်မှုပုံစံနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေက အများကြီးပါပဲ။ ဒါပေမယ့် နည်းလမ်းလေးတွေကို သိထားရင်တော့ ထင်သလောက် မခက်ခဲတော့ပါဘူး။
၁။ ချီယာစေ့
ဝမ်းချုပ်တာကို ဖြေရှင်းဖို့ ချီယာစေ့ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ ချီယာစေ့မှာ အမျှင်ဓာတ်တွေအများကြီး ပါဝင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ချီယာစေ့လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ ရေတစ်ခွက်ကို ရောမွှေပြီးသောက်ပါ။
၂။ ဗိုက်ကို နှိပ်နယ်ပေးခြင်း
ဝမ်းချုပ်တဲ့အခါမှာ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဗိုက်ကို နှိပ်နယ်ပေးတာပါ။ လက်ကို နံရိုးအောက်မှာထားပြီး ညာဘက်ကနေ ဘယ်ဘက်ကို၊ ဘယ်ဘက်ကနေ ညာဘက်ကို ဖြည်းဖြည်းချင်းနှိပ်လာပြီး ဗိုက်အလယ်နားမှာ ရပ်လိုက်ပါ။
၃။ မြန်မြန်အိပ်ပျော်စေဖို့အတွက်
အိပ်မပျော်တဲ့ညတွေ များတဲ့အခါ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေ ယိုယွင်းလာမှာပါ။ ဒီနည်းလမ်းကတော့ စက္ကန့် ၁၂၀ အတွင်းအိပ်ပျော်သွားစေမှာပါ။
- မျက်နှာတစ်ခုလုံးက ကြွက်သားတွေကို ဖြေလျှော့လိုက်ပါ။
- လေကို ပြင်းပြင်းရှူထုတ်ပါ။
- ဘာကိုမှ မစဉ်းစားဘဲ စိတ်ကို လျှော့ထားလိုက်ပါ။
၄။ ရယ်တာ ရပ်ဖို့အတွက်
တစ်ခါတရံမှာ မရယ်သင့်တော့ပေမယ့် ရယ်တာက မရပ်ရင် အခက်တွေ့နေမှာပါ။ ရယ်တာရပ်ဖို့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဆွဲဆိတ်လိုက်ပါ။ အဲဒီအခါ ရယ်တာ ရပ်သွားတတ်ပါတယ်။
နောက်တစ်နည်းကတော့ အရမ်းရယ်မိနေတဲ့အခါ "အသံကျယ်ကျယ်နဲ့ ထပ်ရယ်လိုက်ဦး" လို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်ပါ။ ဒီနည်းကလည်း ရယ်နေတာကိုရုတ်တရက် ရပ်သွားစေပါတယ်။
၅။ ဒေါသထွက်နေတဲ့စိတ်ကို ပြောင်းလဲဖို့အတွက်
ဒေါသထွက်တဲ့အခါ အချိန်မီ ထိန်းချုပ်နိုင်ဖို့ အရေးအကြီးဆုံးပါ။ ဒေါသကို ထိန်းဖို့အတွက် အလွယ်ဆုံးနည်းကတော့ အသံကို တိုးပြီး ပြောလိုက်ပါ။ အသံတိုးပြောလိုက်တာနဲ့ ဒေါသထွက်နေတဲ့စိတ်တွေကလည်း လျော့ကျသွားပါတယ်။
၆။ ကော်ဖီဖျော်တဲ့အခါ သကြားနဲ့ နို့ဆီနေရာမှာ အခြားအရာကို အစားထိုးနည်း
ကော်ဖီသောက်တဲ့အခါ သကြားနဲ့ နို့ဆီမပါရင်အရမ်းကို ခါးနေတတ်ပါတယ်။ ကော်ဖီထဲကို ဆားအနည်းငယ်ထည့်လိုက်ရင် အခါးတွေ လျော့သွားပါတယ်။
Zombie (lovemeida)
0 Comments