အချို့ကလေးတွေမှာ Solomon ရောဂါဖြစ်နေတာကို လူအများစုက သတိမထားမိကြပါဘူး။ ကလေးတွေမှာ Solomon ရောဂါ ကြောင့် လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးခက်ခဲသွားတာ၊ မိဘ၊ ဆရာဆရာမ၊ ရွယ်တူတွေနဲ့ ခပ်ဝေးဝေးမှာနေလိုတာတွေ ဖြစ်လာတတ်ပါတယ်။
အဲဒါကြောင့် သင့်ကလေးမှာ Solomon ရောဂါဖြစ်နေလားဆိုတာကို သတိပြုနိုင်မယ့်အချက်တွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
Solomon ရောဂါ ဆိုတာ ဘာလဲ။
Solomon ရောဂါဆိုတာ လူတွေကို ကြောက်ရွံ့တာ၊ လူတွေနဲ့ခပ်ဝေးဝေးမှာပဲ သွားနေတာ၊ လူအများနဲ့ ပြောဆိုဆက်ဆံရမှာ ဝန်လေးတာပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းပြီး စိတ်မလုံခြုံမှုများတဲ့အခါမှာ ကလေးတွေမှာ Solomon ရောဂါ ဖြစ်လာပါတယ်။
သူတို့မှာ ကိုယ်ပိုင်အရည်အချင်းတွေ ရှိရင်တောင် လူကြောက်တတ်တာကြောင့် ထုတ်မပြတတ်ပါဘူး။ Solomon ရောဂါကို အမေရိကန်လူမျိုးစိတ်ပညာရှင် Solomon Asch က နာမည်ပေးခဲ့ပါတယ်။ Solomon ရောဂါရှိတဲ့ကလေးတွေက ပတ်ဝန်းကျင်ရဲ့အတွေးအမြင်တွေကိုလည်း ကြောက်ရွံပြီး လူတွေနဲ့ခပ်ဝေးဝေးနေလိုကြပါတယ်။
Solomon ရောဂါက ကလေးတွေမှာ အဖြစ်များပြီး အရွယ်ရောက်ပြီးသားလူကြီးတွေမှာလည်း ဖြစ်လေ့ရှိကြပါတယ်။ ဒါပေမယ့် Solomon ရောဂါဖြစ်နေတဲ့အခါမှာ ဘေးနားကလူတွေက သိပ်ပြီး သတိမထားမိတာကြောင့် နားလည်မှုလည်း မပေးနိုင်ကြပါဘူး။
Solomon Asch ရဲ့စမ်းသပ်မှု
၁၉၅၁ ခုနှစ်မှာ Solomon Asch က စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုမှာ ကျောင်းသူကျောင်းသားတွေပါဝင်ခဲ့ကြပြီး Solomon Asch ရဲ့မေးခွန်းတွေကို တမင်မှားအောင် ဖြေဆိုကြပါတယ်။
စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ကျောင်းသူကျောင်းသား ၇၅ ရာခိုင်နှုန်းက အဖြေကို သိပေမယ့် အခြားသူတွေ လှောင်ရယ်ခံရမှာစိုးရိမ်တာကြောင့် အမှားတွေကို တမင်ဖြေခဲ့ကြပါတယ်။
သင့်ကလေးမှာ Solomon ရောဂါ ဖြစ်နေကြောင်း ဘယ်လိုသိနိုင်မလဲ။
Solomon ရောဂါ ခံစားနေရတဲ့ကလေးတွေရဲ့ တွေးခေါ်စဉ်းစားပုံ၊ ဆုံးဖြတ်ချက်ချပုံတွေက ရွယ်တူတွေနဲ့ ကွဲပြားနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုကလေးတွေက သူတို့ရဲ့အတွေးအမြင်တွေကို ထုတ်ဖော်မပြောဘဲ တစ်ယောက်တည်း တွေးခေါ်နေတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းပြီး အခြားသူတွေရဲ့အမြင်တွေက သူတို့အမြင်ထက် ပိုအရေးကြီးတယ်လို့ ယုံကြည်တတ်ကြပါတယ်။
Solomon ရောဂါ ခံစားရတဲ့အခါ ဘယ်လိုအန္တရာယ်တွေ ရှိလာနိုင်လဲ။
Solomon ရောဂါ ခံစားနေရတဲ့ကလေးတွေက အားငယ်တတ်ပြီး သူတို့ကို အခြားသူတွေက အနိုင်ကျင့်ရန်လိုတတ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ်ကို ရောက်တဲ့အခါမှာတော့ အပေါင်းအသင်းမိတ်ဆွေဖွဲ့ဖို့ခက်ခဲလာပြီး လူတွေနဲ့ တဖြည်းဖြည်းဝေးလာပါတယ်။
သင့်ကလေးမှာ Solomon ရောဂါ မဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းများ
- ကလေးရဲ့အတွေးအမြင်တွေကို တန်ဖိုးထားပြီး နားထောင်ပေးပါ။
- သူတို့ရဲ့အောင်မြင်မှုတွေကို ချီးကျူးပေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေနဲ့ အတွေးအခေါ်အသစ်တွေ တိုးလာမှာပါ။
- သင့်ကလေးကို အခြားကလေးတွေနဲ့ မနှိုင်းယှဉ်သင့်ပါဘူး။
- ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့၊ မိမိရဲ့အားနည်းချက်တွေကို လက်ခံတတ်ဖို့ သင်ကြားပေးပါ။
- အကောင်းဆုံးနည်းလမ်းကတော့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေကို အလုံအလောက်ပေးတာပါ။
Zombie (lovemedia)
0 Comments