တစ်ရက်ကို အိပ်ချိန် ၇ နာရီအောက် နည်းပါးတဲ့အခါ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲဆိုးကျိုး (၈) ခု

ကျန်းမာရေးအခြေအနေ၊ စိတ်ခံစားချက်၊ အလုပ်အပေါ်အာရုံစိုက်နိုင်မှုအားလုံးတို့က အိပ်စက်ချိန်ပေါ်မှာ မူတည်နေပါတယ်။ တစ်ညခန့် အိပ်ရေးပျက်ရင်တောင်မှ ခေါင်းက မကြည်မလင်ဖြစ်ပြီး အာရုံလည်း အများကြီး မစိုက်နိုင်တော့ပါဘူး။

တစ်ရက်မှာ အိပ်ချိန်က ၇ နာရီအောက်လျော့နည်းနေမယ်ဆိုရင် ရရှိလာမယ့်နောက်ဆက်တွဲအန္တရာယ်က အများကြီးပါပဲ။

အိပ်ရေးမဝခြင်း

အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်ရက်ကို အိပ်စက်ချိန် ၇ နာရီကနေ ၉ နာရီကြာ ရှိသင့်ပါတယ်။ နေ့စဉ်အသက်ရှူဖို့အတွက် လေ၊ အစားအသောက်၊ ရေတို့လိုအပ်သလိုပဲ အိပ်စက်ချိန်ကိုလည်း မဖြစ်မနေလိုအပ်ပါတယ်။ အိပ်စက်နေချိန်မှာ ဦးနှောက်က ဆက်သွယ်မှုအသစ်တွေ ပြုလုပ်ပြီး ခန္ဓာကိုယ်အတွက်လည်း အနားယူပြီးသားဖြစ်ပါတယ်။

- ညဘက်မှာပဲ အလုပ်လုပ်တာ

- ညနက်တဲ့အထိ အလုပ်လုပ်တာ

- နေ့စဉ်အိပ်မပျော်တာ

- ကျန်းမာရေးအခြေအနေကြောင့် အိပ်မပျော်တာ စတဲ့အချက်တွေကြောင့် အိပ်ရေးမဝတဲ့ ခံစားချက်ကို ရရှိစေပါတယ်။

၁။ ကိုယ်အလေးချိန်တက်လာခြင်း

အိပ်ရေးမဝတဲ့သူတွေက ကာဗိုဟိုက်ဒရိတ်တွေ၊ အချိုတွေကို ပိုစားမိသွားပါတယ်။ အဲဒါကြောင့် အိပ်ရေးမဝခြင်းကနေ ကိုယ်အလေးချိန်တွေ တက်လာပြီး လိုချင်တဲ့ခန္ဓာကိုယ်ပုံစံနဲ့ အလှမ်းဝေးနေမှာပါ။

၂။ ဆီးချိုရောဂါဖြစ်နိုင်ခြေများခြင်း

တစ်ရက်ကို အိပ်ချိန် ၇နာရီထက် နည်းတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ သွေးတွင်းသကြားဓာတ်ကို ထိခိုက်လာစေပါတယ်။ အဲဒီကနေ ဆီးချိုရောဂါဖြစ်နိုင်ချေတွေ ပိုများလာပါတယ်။

၃။ စိတ်အတက်အကျမြန်ခြင်း

အိပ်ရေးမဝတာကြောင့် စိတ်လည်း မကြည်လင်ပါဘူး။ စိတ်တိုလွယ်တာ၊ စိတ်ဆတ်လွယ်တာ၊ ဝမ်းနည်းလွယ်တာတို့ ခံစားရစေပါတယ်။

၄။ ကိုယ်ခံအားနည်းလာခြင်း

ပြင်ပကူးစက်ပိုးတွေကို တိုက်ဖျက်ပေးတဲ့ကိုယ်ခံအားတွေကို အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်က ထုတ်လုပ်ပါတယ်။ အိပ်ရေးဝတဲ့အခါ ဗိုင်းရပ်ရောဂါပိုးနဲ့ ကူးစက်ရောဂါပိုးတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ဒါပေမယ့် အိပ်ရေးမဝတဲ့အခါမှာတော့ ကိုယ်ခံအားနည်းလာပြီး ကုးစက်ရောဂါပိုးတွေကိုလည်း ခံနိုင်ရည်မရှိတော့ပါဘူး။

၅။ နှလုံးရောဂါဖြစ်နိုင်ချေများခြင်း

အိပ်စက်ခြင်းက နှလုံးနဲ့ သွေးကြောလေးတွေကို ကျန်းမာအောင် ပြုလုပ်ပေးပါတယ်။ အိပ်ရေးမဝတဲ့အခါ၊ အိပ်စက်ချိန်နည်းပါးတဲ့အခါမှာ နလုံးသွေးလွှတ်ကြောယိုယွင်းလာတာ၊ သွေးဖိအားများလာတာ၊ ရုတ်တရက်နှလုံးဖောက်တာတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။

၆။ ယာဉ်မတော်တဆဖြစ်နိုင်ခြင်း

ညဘက်မှာ အိပ်ရေးမဝတဲ့အခါ နေ့ဘက်မှာ စိတ်မကြည်ဘဲ အိပ်ငိုက်နေတတ်ပါတယ်။ ယာဉ်မောင်းနေရင်း အိပ်ငိုက်တဲ့အခါ ယာဉ်မတော်တဆဖြစ်နိုင်တဲ့အပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်လာစေမှာပါ။

၇။ ဟော်မုန်းမညီမျှခြင်း

အိပ်ရေးဝဝအိပ်တာက ဟော်မုန်းတွေကို ညီမျှစေပါတယ်။ တစ်ရက်ကို အိပ်ချိန် ၇နာရီထက်နည်းပါးတဲ့အခါမှာ ဟော်မုန်းနဲ့ပတ်သက်တဲ့ပြဿနာတွေ ဖြစ်ပေါ်လာစေမှာပါ။

၈။ အသားအရေပြဿနာများ

ညဘက်အိပ်နေချိန်မှာ အသားအရေကို ကျန်းမာစေတဲ့ဟော်မုန်းတွေ ထွက်ရှိပါတယ်။ အိပ်ရေးဝနေရင် အသားအရေကလည်း အနားရပြီး ကော်လဂျင်ထုတ်လုပ်မှုလည်း မြင့်လာပါတယ်။ အိပ်ရေးမဝတဲ့အခါမှာတော့ နောက်ဆက်တွဲအနေနဲ့ အသားအရေက ခြောက်သွေ့လာပြီး ဝက်ခြံ၊ အမည်းစက်၊ မျက်ကွင်းညိုတာတွေ ဖြစ်ပေါ်လာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments