အချိန်ကုန်အကျိုးမရှိစေတဲ့ အသားအရေထိန်းသိမ်းတဲ့ နည်းလမ်း (၈) ခု

အချို့သော အသားအရေးထိန်းသိမ်းတဲ့နည်းလမ်းတွေက ကောင်းကျိုးမဖြစ်စေဘဲ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေမှာပါ။ အသားအရေထိန်းသိမ်းတာက အချိန်ကုန်၊ ငွေကုန်တာကြောင့် မိမိအသားအရေနဲ့ သင့်တော်တဲ့နည်းလမ်းတွေကို သေချာလေ့လာသင့်ပါတယ်။ အဲဒါကြောင့် ဘယ်လိုအသားအရေ ထိန်းသိမ်းနည်းလမ်းတွေက အကျိုးမရှိဖြစ်စေလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းများစွာကို အသုံးပြုခြင်း

အသားအရေထိန်းသိမ်းဖို့ပစ္စည်းတွေ၊ နည်းလမ်းတွေက အများကြီးပါပဲ။ အဓိကက မိမိအသားအရေလိုအပ်ချက်အပေါ်မှာမူတည်ပြီး ရွေးချယ်ဖို့ပါ။ မိမိအသားအရေအတွက်လိုအပ်တဲ့အဆင့်တွေကိုပဲ ဂရုစိုက်သင့်ပါတယ်။ မလိုအပ်တဲ့အဆင့်တွေကို လုပ်မိနေရင် ချွေးပေါက်ပိတ်ပြီး အသားအရေ ပိုတောင် ခြောက်သွေ့လာမှာပါ။

၂။ ဝက်ခြံသက်သာစေဖို့ သွားတိုက်ဆေးကို အသုံးပြုခြင်း

သွားတိုက်ဆေးမှာ မုန့်ဖုတ်ဆိုဒါပါဝင်တာကြောင့် ဝက်ခြံပေါက်တဲ့အခါ သွားတိုက်ဆေးလိမ်းရင် ဝက်ခြံက ကျုံ့ပြီး သေးသွားပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက မကောင်းပါဘူး။ သွားတိုက်ဆေးက သွားအတွက် ထုတ်လုပ်ထားတာဖြစ်ပြီး သွားအတွက်ပဲ အဆင်ပြေစေမှာပါ။ မျက်နှာအသားအရေအတွက်ဆိုရင် သွားတိုက်ဆေးမှာပါဝင်တဲ့ပစ္စည်းတွေက ပြင်းထန်နေမှာပါ။ မတည့်တဲ့အခါ ဝက်ခြံက ပိုတောင်ဆိုးလာစေမှာပါ။

၃။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေက moisturizerကို အသုံးမပြုခြင်း

အဆီပြန်တဲ့အသားရေပိုင်ရှင်တွေအတွက် မျက်နှာအသားအရေ အမြဲရေဓာတ်ပြည့်ဖို့ moisturizerလိုအပ်ပါတယ်။ အဆီပြန်တဲ့သူတွေအတွက် အဆီမပါတဲ့ moisturizer တွေရှိပါတယ်။ ဒီလို moisturizer တွေက ချွေးပေါက်ပိတ်တာလည်း မဖြစ်စေပါဘူး။

၄။ ခြေသလုံးကအမွေးအမျှင်တွေကို မကြာခဏရိတ်ခြင်း

ခြေသလုံးက အမွေးအမျှင်တွေကို မကြာခဏရိတ်ရင် ပိုးဝင်တာ၊ အသားလောင်တာ၊ အမွေးအမျှင်တွေ ပိတ်မိတာ၊ နာကျင်တာတို့ ကြုံတွေ့ရစေပါတယ်။ စတော်ဘယ်ရီခြေထောက်ဖြစ်လာနိုင်ပြီး မလှမပဖြစ်နေမှာပါ။ အဲဒါကြောင့် အခြားနည်းလမ်းတွေနဲ့ အမွေးအမျှင်ဖယ်ရှားတာက ပိုပြီးအဆင်ပြေစေမှာပါ။

၅။ အပူလောင်တဲ့အခါ ထောပတ်ကပ်ခြင်း

လက်မှာ အပူလောင်တဲ့အခါ ထောပတ်လိမ်းခြင်း၊ အဆီတစ်မျိုးမျိုးလိမ်းခြင်းက တကယ်တော့ မသက်သာစေပါဘူး။ အပူလည်း မလျော့သွားပါဘူး။ အပူလောင်တဲ့အခါ ရေခဲကပ်တာ၊ ရေခဲရေလောင်းတာက မြန်မြန်သက်သာစေပါတယ်။

၆။ ဝက်ခြံကို မညှစ်ခြင်း

ဝက်ခြံကို မညှစ်တာက ဝက်ခြံတွေ မြှုံပြီး ပိုဆိုးလာစေပါတယ်။ ဒါပေမယ့် ဝက်ခြံမှည့်တဲ့အချိန်မှသာ စနစ်တကျ ညှစ်သင့်ပါတယ်။ ဝက်ခြံမမှည့်တဲ့အချိန်ညှစ်ရင်လည်း ပိုဆိုးသွားတတ်ပါတယ်။ ဝက်ခြံညှစ်ပြီးတဲ့အခါ လက်ကို သေသေချာချာသန့်ရှင်းဖို့လည်း အရေးကြီးပါတယ်။

၇။ ချွေးပေါက်တွေ ပွင့်ဖို့ ရေနွေးနဲ့ မျက်နှာသစ်ခြင်း

မျက်နှာကို ရေနွေးငွေ့ခံတာက ချွေးပေါက်တွေပွင့်ပြီး အသားအရေအတွက် အကျိုးပြုပါတယ်။ ဒါပေမယ့် ရေနွေးနဲ့ မျက်နှာသစ်တာကတော့ အသားအရေကို ခြောက်သွေ့စေပါတယ်။ မျက်နှာကို ရေနွေးငွေ့ခံတာက အသားအရေနီမြန်းတာနဲ့ ခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။

၈။ မျက်နှာကို ခဏခဏ ကြေးချွတ်ခြင်း

မျက်နှာအသားအရေ ကြည်လင်ဖို့ ကြေးချွတ်တာက လိုအပ်ပါတယ်။ ကြေးချွတ်လိုက်ရင် ဆဲလ်သေတွေထွက်လာပြီး မျက်နှာအသားအရေက ချောမွေ့သွားပါတယ်။ ဒါပေမယ့် ခဏခဏ ကြေးချွတ်တဲ့အခါမှာတော့ မျက်နှာမှာ အရေးအကြောင်းတွေ စောစောစီးစီးထွက်လာစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments