လူတစ်ယောက်က သင့်အပေါ် လိမ်ညာနေလားဆိုတာကို သတိပြုမိနိုင်မယ့် လက္ခဏာ (၈) ခု

အရမ်းကို ဟန်ဆောင်ကောင်းတဲ့သူတွေက သူတို့လိမ်ညာနေတာကို တစ်ဖက်သား မရိပ်မိအောင် ပြောဆိုတတ်ကြပါတယ်။ ဒါပေမယ့် လူတစ်ယောက်က သင့်အပေါ် လိမ်ညာနေလားဆိုတာကို သတိပြုမိနိုင်မယ့် လက္ခဏာတွေ ရှိပါတယ်။

၁။ လက်အမူအရာတွေ အများကြီးထည့်ပြောခြင်း

လိမ်နေတဲ့သူက တစ်ဖက်သားယုံကြည်အောင်လို့ ဇာတ်လမ်းတွေ လုပ်ကြံပြောနေတဲ့အခါမှာ လက်က မငြိမ်တော့ဘဲ လက်အမူအရာတွေ များနေတတ်ပါတယ်။ လေ့လာမှုတစ်ခုအရ လိမ်ပြောတတ်သူတွေဟာ လက်နှစ်ဖက်လုံးကို အသုံးပြုပြီး အမူအရာတွေ လုပ်တတ်တယ်လို့ ဖော်ပြထားပါတယ်။

၂။ စကားနည်းခြင်း သို့မဟုတ် စကားအရမ်းပြောခြင်း

လိမ်နေတဲ့သူတွေက လိမ်တာကို ပေါ်သွားမှာစိုးရိမ်တဲ့အခါ စကားသိပ်မပြောကြပါဘူး။ တစ်ဖက်မှာလည်း လိမ်ပြောသူတွေက တစ်ဖက်သားယုံကြည်အောင် လုပ်ကြံပြောနေရတာကြောင့် စကားတွေ အများကြီးပြောတတ်ကြပါတယ်။ အရေးကြီးတဲ့အချက်အလက်မပါဘဲ စကားလုံးတစ်လုံးတည်းကိုပဲ ထပ်ခါထပ်ခါ ပြောတတ်ကြပါတယ်။

၃။ အခြားသူတွေကို အပြစ်ပုံချခြင်း

လိမ်ညာသူတွေက သူတို့အပြစ်ကို ဖုံးကွယ်ချင်တဲ့အခါ တစ်ဖက်သားရဲ့အပြစ်ကို ရှာကြံပြီး ပြောတတ်ကြပါတယ်။ အပြစ်ရှာပြီးတဲ့အခါမှာလည်း အဲဒီစကားကိုပဲ ကြိမ်ဖန်များစွာ ပြောလေ့ရှိကြပါတယ်။ သူတို့လိမ်နေတာကို မယုံတဲ့အခါမှာလည်း ခြိမ်းခြောက်ပြီး ပြောတတ်ကြပါတယ်။

၄။ ခြေထောက်ကို အငြိမ်မနေခြင်း

စကားပြောနေစဉ်မှာ ခြေထောက်ကို အငြိမ်မနေဘဲ လှုပ်နေတာ၊ ခြေထောက်ကို ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် လုပ်တာက လိမ်ညာနေသူရဲ့လက္ခဏာတစ်ရပ်ပါ။ လိမ်ညာနေစဉ်မှာ စိတ်က မတည်ငြိမ်ဘဲ ခြေထောက်က လှုပ်ရှားနေတတ်ပါတယ်။

၅။ စကားကို ခပ်နှေးနှေးပြောခြင်း

စကားတစ်လုံးနဲ့တစ်လုံးကြား အရမ်းကို ကြာရှည်နေရင်၊ မေးတဲ့အခါ ချက်ချင်းမဖြေဘဲ ဝေ့ဝိုက်နေရင် သူ လိမ်နေပါပြီ။ လိမ်နေသူတွေက ပုံမှန်စကားပြောတာထက် ပိုနှေးနေတတ်ပါတယ်။

၆။ စကားလမ်းကြောင်းပြောင်းခြင်း

လိမ်ညာနေသူက သူတို့လိမ်ညာနေတာကို ရိပ်မိသွားတာမှာ စိုးရိမ်တာကြောင့် စကားလမ်းကြောင်းပြောင်းပြီး ပြောလေ့ရှိကြပါတယ်။ ဒါ့အပြင် အဆက်အစပ်မရှိတဲ့စကားတွေ ပြောတာ၊ သင်နားမလည်တဲ့စကားလုံးတွေ၊ ဝါကျတွေ ထည့်ပြောတာတွေနဲ့ လှည့်စားလေ့ရှိကြပါတယ်။

၇။ နှုတ်ခမ်းက ဘယ်ဘက်ကို အနည်းငယ် ကွေးသွားခြင်း

သင့်ကို လိမ်ညာနေလားဆိုတာ သိဖို့ နှုတ်ခမ်းကို သတိထားကြည့်ပါ။ လိမ်ပြောသူအများစုက လိမ်နေစဉ်မှာ နှုတ်ခမ်းက ဘယ်ဘယ်ကို ကွေးသွားတတ်ပါတယ်။

၈။ ညည်းညူပြခြင်း

လိမ်ညာသူတွေက တစ်ဖက်သားဆီက သနားကရုဏာတွေကို ရရှိချင်ကြပါတယ်။ အဲဒါကြောင့် သူတို့ရဲ့အခက်အခဲတွေကို သူမတူအောင် ညည်းညူပြတတ်ပါတယ်။ တစ်ဖက်သားက သနားသွားတဲ့အခါမှာတော့ ဆက်ပြီး လိမ်ပြောကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments