အချိန်တိုအတွင်း ငွေစုမိစေမယ့်နည်းလမ်း (၉) ခု

ငွေကို စုမယ်လို့ ကြံရွယ်လိုက်တိုင်း မစုမိဘဲ ပိုပိုသုံးမိသွားတဲ့အချိန်တွေကို သင်ကြုံတွေ့ဖူးမှာပါ။ တကယ်တော့ ငွေစုဖို့ဆိုတာနည်းလမ်းသိရင် လွယ်လွယ်လေးပါပဲ။ အဲဒါကြောင့် ငွေမြန်မြန်စုမိစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဗိုက်ဆာနေတဲ့အချိန်မှာ ဘယ်တော့မှ ဈေးဝယ်မထွက်သင့်ပါဘူး။

ဗိုက်ဆာနေတဲ့အချိန်မှာ ဈေးဝယ်ထွက်ရင် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေ၊ အပိုအစားအစာတွေကို စားမိသွားတတ်ပါတယ်။ စတိုးဆိုင်ကို ဈေးသွားဝယ်တော့မယ်ဆိုရင်လည်း ဝယ်မယ့်စာရင်းကို ကြိုတင်ပြင်ဆင်သွားပြီးမှ ဝယ်ပါ။ အဲဒီအခါ အပိုမဝယ်မိတော့တာကြောင့် ငွေလည်း အရမ်းမကုန်တော့ပါဘူး။

၂။ များများစုပါ။

ဒီလောက်လေးဝယ်တာနဲ့ ဘာမှမဖြစ်သွားပါဘူးဆိုပြီး ဝယ်ရင်းဝယ်ရင်းနဲ့ ငွေတွေက ပိုကုန်သွားပါတယ်။ အဲဒါကြောင့် ၅၀/ ၂၀/ ၃၀ စည်းမျဉ်းကို လိုက်လုပ်ကြည့်ပါ။ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို စုပါ။ ၃၀ ရာခိုင်နှုန်းကို အသုံးစရိတ်နဲ့ လိုချင်တာတွေကို ဝယ်ပါ။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ ငွေတွေ တိုးပွားလာအောင် ရင်းနှီးမြှုပ်နှံပါ။

၃။ ငွေကို မလိုတဲ့နေရာမှာ အသုံးလျှော့ပါ။

သင်က မကြာခဏ ဘားသွားတာ၊ ကလပ်တက်တာတွေကို မကြာခဏလုပ်တဲ့အခါ ငွေတွေက စုမိသင့်သလောက် မစုမိတော့ပါဘူး။ မလိုတဲ့အသုံးတွေကို လျှော့လိုက်ရင် ငွေပိုတွေက အများကြီးထွက်လာပါတယ်။

၄။ မလိုအပ်ဘဲ subscriptions လုပ်ထားတာတွေကို ဖျက်လိုက်ပါ။

အွန်လိုင်းပေါ်မှာ ဖျော်ဖြေရေးအတွက် ငွေသွင်းပြီး subscriptions လုပ်ထားတာတွေကလည်း သင့်ကို ငွေပိုကုန်စေပါတယ်။ တကယ်အသုံးဝင်ပြီး ကြည့်ဖြစ်တဲ့အရာတွေကိုပဲ subscriptions ပြုလုပ်ထားပါ။ မကြည့်ဖြစ်ဘဲ subscriptions လုပ်ထားရင် လတိုင်း သင့်ရဲ့ငွေတွေက အလကားဖြစ်နေမှာပါ။

၅။ ကားကို ဖြည်းဖြည်းမောင်းပါ။

မလိုအပ်ဘဲ ကားကို မြန်မြန်မောင်းရင် ဓာတ်ဆီပိုကုန်ပြီး ငွေလည်း ပိုကုန်ပါတယ်။ ကားကို ဖြည်းဖြည်းမောင်းတာက ငွေကုန်သက်သာစေပါတယ်။ ဒါမှမဟုတ် cruise control ကိုအသုံးပြုပါတယ်။ အဲဒါကလည်း ဓာတ်ဆီကုန်သက်သာစေပါတယ်။

၆။ သင့်မှာ ရှိတဲ့ငွေထက်ပိုပြီး မသုံးသင့်ပါဘူး။

အချို့တွေက အကြွေးဝယ်ကတ်နဲ့ ဈေးဝယ်ရတာကို သဘောကျကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အကြွေးတွေပဲ တင်ကျန်နေရစ်ပါတယ်။ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားပြီးမှ ဝယ်ရင် သင့်မှာရှိတဲ့ငွေထက် ပိုပြီးမသုံးမိတော့ပါဘူး။ ဒါ့အပြင် နေရာတကာမှာ အကြွေးဝယ်ကတ်နဲ့ ငွေမရှင်းသင့်ပါဘူး။ အကြွေးဝယ်ကတ်နဲ့ ဝယ်ပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တဲ့အခါ အကြွေးက နစ်သထက်နစ်လာမှာပါ။

၇။ ကူပွန်တွေ ရှိတိုင်း ဝယ်စရာမလိုပါဘူး။

သင့်မှာ ကူပွန်တွေ ရှိနေရင် မလိုအပ်ဘဲလည်း ဝယ်ချင်နေမှာပါ။ အဲဒါကြောင့် ကူပွန်တွေ သင့်မှာ ရှိတိုင်းလည်း ဝယ်စရာမလိုပါဘူး။ တကယ်လိုအပ်မှသာ ဝယ်ပါ။

၈။ ငွေကို အရင်စုပါ။

အချို့တွေက ဝင်ငွေကို ပိုမှသာ စုဖြစ်ကြပါတယ်။ မပိုတဲ့အခါမှာ မစုဖြစ်ကြပါဘူး။ အဲဒီအခါ ငွေစုမိဖို့က မလွယ်တော့ပါဘူး။ အဲဒါကြောင့် ဝင်ငွေကို စုဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် ဦးစားပေးပြီးမှသာ ကျန်တဲ့အရာတွေအတွက် သုံးသင့်ပါတယ်။

၉။ စိတ်ရှည်ပါ။

တစ်ခုခုကို ဝယ်ချင်လာပြီဆိုရင် ဈေးကြီးနေတဲ့အရာဖြစ်တဲ့အခါ တကယ်လိုချင်တာလား၊ တကယ်လိုအပ်လားဆိုတာကို စိတ်ရှည်ရှည်နဲ့ စဉ်းစားပါ။ အချိန်ကြာလာတဲ့အခါ စိတ်ပြောင်းသွားပြီး မဝယ်ချင်တော့ပါဘူး။ ဒီနည်းကလည်း ငွေကို မလိုအပ်တဲ့နေရာမှာ မသုံးဖြစ်အောင် ကူညီပေးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments