အသားအရေနဲ့ ဆံပင်အတွက် ဆန်ဆေးရည်ရဲ့အသုံးဝင်ပုံများ

အာရှတိုက်မှာ ဆန်ဆေးရည်ကို အလှအပအတွက် အသုံးပြုခဲ့တာဟာ ရာစုနှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပါပြီ။ ဆန်ဆေးရည်က တန်ဖိုးမကြီးပေမယ့် အသားအရေ၊ ဆံပင်တို့အတွက် အကျိုးပြုပါတယ်။

ဆန်ဆေးရည်ပြုလုပ်ပုံ နည်းလမ်းများ

၁။ ဆန်ကို စိမ်ခြင်း

ဆန်ကို ရေထဲမှာ စိမ်ထားလိုက်တာက အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းပါ။

ဆန် ခွက်တစ်ဝက်ကို ယူပြီး ဖုန်တွေ၊ အမှုန်တွေကို ရေနဲ့ အရင်ဆေးချလိုက်ပါ။

အဲဒီနောက် ဆန်ကို ရေ ၃ ခွက်နဲ့ ပန်းကန်လုံးတစ်လုံးထဲမှာ မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။

ဆန်ဆေးရည် ရလာရင်တော့ အသုံးပြုလို့ရပါပြီ။ ဆန်ဆေးရည်တွေ ပိုနေရင်လည်း ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါတယ်။

၂။ ဆန်ကို အချဉ်ဖောက်ခြင်း

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဆန်ဆေးရည်ကနေ အင်တီအောက်ဆီးဒင့်တွေ ရဖို့ အချဉ်ဖောက်တာပါ။

ဆန်တစ်ခွက်ကို ယူပြီး ဖုန်တွေ သန့်သွားအောင် ရေဆေးလိုက်ပါ။

ပန်းကန်လုံးတစ်လုံးထဲမှာ ရေတစ်ခွက်ထည့်ပြီး ဆန်လည်း ထည့်လိုက်ပါ။ အရည်တွေ နောက်လာတဲ့အထိ မွှေလိုက်ပါ။

အဲဒီနောက် ဆန်ကို ဖယ်ပြီး ဆန်ဆေးရည်ပဲ ယူထားလိုက်ပါ။ ဆန်ဆေးရည်ကို အဖုံးလုံတဲ့ဘူးထဲမှာ ပိတ်ထားပြီး အခန်းအပူချိန်မှာ ၁၂ နာရီကနေ ၂၄ နာရီကြာအောင် ထားပါ။ အဲဒီအခါ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ထွက်လာပါတယ်။ ဆန်ဆေးရည်ကို အခန်းအပူချိန်မှာ ၂၄ နာရီထက် ကျော်အောင် ထားရင်တော့ မကောင်းတော့ပါဘူး။

ဆန်ဆေးရည်အချဉ်ဖောက်ပြီးတဲ့နောက်မှာတော့ ရေခဲသေတ္တာထဲမှာ သိမ်းထားပြီး လိုအပ်တဲ့အချိန်မှာ သုံးလို့ရပါပြီ။

၃။ ချက်ခြင်း

ဆန်ခွက်တစ်ဝက်နဲ့ ရေနှစ်ခွက်ကို အိုးတစ်ခုထဲမှာ ထည့်ပြီး ချက်လိုက်ပါ။ ပွက်လာတဲ့အခါမှာ ဆန်ကို ဖယ်ပြီး ထမင်းရည်ကို ယူပါ။ အအေးခံပြီးနောက် အသားအရေနဲ့ ဆံပင်အတွက် အသုံးပြုလို့ရပါတယ်။

ဆန်ဆေးရည်ကို အသုံးပြုပုံ

၁။ ဆံပင်

ဆန်ဆေးရည်ကို hair conditioner အဖြစ်အသုံးပြုလို့ရပါတယ်။ ဆန်ဆေးရည်က ဆံပင်ရှည်တာမြန်စေပြီး ဆံဖျားတွေ နှစ်ခွဖြစ်တာကိုလည်း သက်သာစေပါတယ်။ ဆံပင်ကိုလည်း နူးညံ့လာစေပါတယ်။ အရင်ကထက် ပိုပြီး တောက်ပလာအောင်လည်း ကူညီပေးပါတယ်။

- အရင်ဆုံး ခေါင်းလျှော်ပါ။

- အဲဒီနောက် ရေဆေးချပါ။

- ဆံပင်ပေါ်ကို ဆန်ဆေးရည်လောင်းချပြီး ဦးရေပြားအထိ စိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။

- ဆန်ဆေးရည်ကို ဆံပင်မှာ မိနစ် ၂၀ ခန့် ပေါင်းထားပါ။ အဲဒီနောက် ရေနွေးနဲ့ ဆေးချပါ။

၂။ မျက်နှာ

ဆန်ဆေးရည်က မျက်နှာအသားအရေကိုလည်း နူးညံ့ချောမွတ်စေပါတယ်။ တစ်နေ့နှစ်ကြိမ် အသုံးပြုပေးတဲ့အခါ မျက်နှာအသားအရေက မခြောက်သွေ့တော့ဘဲ စိုစိုပြေပြေဖြစ်လာပါတယ်။

- ပိတ်ပါးလေးနဲ့ ဆန်ဆေးရည်ကို တို့ပြီး မျက်နှာနဲ့ လည်ပင်းနေရာကို ပွတ်လိမ်းပေးပါ။

- အချိန်ခဏကြာပြီးတဲ့နောက်မှာတော့ ရေနွေးနဲ့ မျက်နှာသစ်လိုက်လို့ရပါပြီ။

၃။ ခန္ဓာကိုယ်

ဆန်ဆေးရည်ကို ခန္ဓာကိုယ်အသားအရေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

- ပန်းကန်လုံးတစ်လုံးထဲမှာ ဆားအနည်းငယ်၊ ရနံ့ဆီအနည်းငယ်၊ ဆန်ဆေးရည်တို့ကို ရောထည့်လိုက်ပါ။ အဲဒီနောက် ခန္ဓာကိုယ်မှာ ပွတ်တိုက်ပေးပြီး ရေနွေးနဲ့ ဆေးချပါ။

Zombie (lovemedia)

Post a Comment

0 Comments