ပျော်စရာကောင်းခဲ့တဲ့အချစ်ရေးကို သွေးအေးလာစေတဲ့အပြုအမူ (၇) ခု

လမ်းခွဲပြီးနောက် ရလာတဲ့ ခံစားချက်တွေက အသားကျဖို့အတွက် အရမ်းကို ကြာရှည်နေနိုင်ပါတယ်။ ကြီးကြီးမားမားကိစ္စ မဟုတ်ပေမယ့်လည်း သေးမွှားတဲ့ပြဿနာတွေ စုလာတဲ့အခါမှာတော့ သည်းမခံနိုင်တော့ဘဲ စုံတွဲတွေ လမ်းခွဲလိုက်ကြပါတယ်။

အဲဒါကြောင့် အမြဲတမ်း ပျော်စရာကောင်းခဲ့တဲ့အချစ်ရေးကို သွေးအေးလာစေတဲ့ အပြုအမူတွေအကြောင်းကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အတူရှိချိန်မှာ ချစ်ချစ်ခင်ခင်မနေခြင်း

ပျော်စရာကောင်းတဲ့ အချစ်ရေးဖြစ်ဖို့အတွက် အတူရှိနေချိန်မှာ အတူတူအချိန်ကုန်ဆုံးဖို့ အရေးကြီးပါတယ်။ အတူတူရှိနေကြပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်ဂရုမစိုက်ဘဲ ကြိုက်တာလုပ်တဲ့အခါ တဖြည်းဖြည်းနဲ့ ဝေးကွာလာမှာပါ။

သူကြိုက်တဲ့အရာလေးတွေကို လိုက်လုပ်ပေးတာ၊ လမ်းလျှောက်ရင်း စကားပြောတာ၊ ရုပ်ရှင်အတူတူကြည့်တာ စတာတွေက ချစ်ခင်ရင်းနှီးမှုတွေကို ပိုတိုးလာစေမှာပါ။

၂။ အသိအမှတ်မပြုခြင်း

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုထားတာ၊ အသိအမှတ်ပြုတာက ကြာရှည်ခိုင်မြဲစေဖို့အတွက် သော့ချက်ပါ။ တစ်ဖက်က အမြဲတမ်းလိုလို အလိုက်တသိလုပ်ပေးတာတွေ၊ နားလည်ပေးတာတွေ၊ ဂရုစိုက်ပေးတာတွေကို သင့်ဘက်က အသိအမှတ်မပြုတဲ့အခါ ချစ်တဲ့ခံစားချက်တွေက လျော့ပါးလာမှာပါ။

အချိန်ကြာလာပေမယ့်လည်း အချစ်တွေမလျော့စေဖို့ သူ့ရဲ့အလှအပ၊ သိတတ်မှု၊ ကြင်နာမှုတွေကို အသိအမှတ်ပြုပေးဖို့ လိုအပ်ပါ်တယ်။

၃။ အားငယ်တဲ့အချိန်တွေတိုင်း အနားမှာမရှိပေးခြင်း

အားငယ်တဲ့အချိန်၊ ဝမ်းနည်းတဲ့အချိန်မှာ ပစ်ထားပြီး အဆင်ပြေတဲ့အချိန်မှသာ ရှိနေပေးရင် တကယ်အချစ်စစ်မဟုတ်ပါဘူး။ ခိုင်မြဲရှည်ကြာတဲ့အချစ်ရေးဖြစ်ဖို့ တစ်ယောက်နဲ့တစ်ယောက် ဖေးမဖို့လည်း လိုအပ်ပါတယ်။

၄။ လေးစားမှုမထားခြင်း

စုံတွဲတွေကြားထဲမှာ လေးစားမှုထားဖို့ကလည်း အရေးပါတဲ့အချက်ပါပဲ။ လေးစားမှုမရှိဘဲ နေရာတကာခြယ်လှယ်နေတဲ့အခါ အချစ်တွေက ရှာမရဖြစ်လာတော့မှာပါ။ တန်ဖိုးတွေကို အပြန်အလှန်လေးစားပြီး ယုံကြည်မှုပေးတဲ့အခါ ပျော်စရာကောင်းတဲ့အချစ်ရေးဖြစ်လာမှာပါ။

၅။ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ခြင်း

တကယ်ချစ်မိသွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ သတိမထားမိကြတော့ပါဘူး။ အဲဒီအခါ ကိုယ်တိုင်က ဘာလဲဆိုတာ ပျောက်ဆုံးလာပါတယ်။ အားကစားလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုစားတာ၊ ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့ သင်တန်းတွေ တက်တာ၊ ဝါသနာပါတဲ့အရာတွေကို လုပ်တာ စတဲ့အရာတွေ ပြုလုပ်ဖို့လည်း မမေ့သင့်ပါဘူးနော်။

၆။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာခြင်း

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတဲ့သူတွေက ငြင်းပယ်ခံရမှာကို ကြောက်ရွံ့ကြပါတယ်။ တကယ်ချစ်တဲ့အခါ အချို့အရာတွေကို အလိုအလျောက် ဖြတ်ကျော်သွားနိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အားနည်းတဲ့အခါ လွယ်လွယ်နဲ့ လက်လျှော့ချင်စိတ်တွေဖြစ်လာပြီး ချစ်လျက်နဲ့ ဝေးသွားတတ်ကြပါတယ်။

၇။ အငြင်းပွားစရာတွေကို ရှောင်ခြင်း

အငြင်းပွားစရာတွေကို ရှောင်တာက ပြဿနာတွေကို နည်းသွားစေတယ်လို့ ထင်ရပါတယ်။ တကယ်တော့ ဖြေရှင်းစရာရှိတဲ့ပြဿာနာတွေကို ရှင်းလင်းသွားအောင် ဖြေရှင်းသင့်တာပါ။

မငြင်းချင်တော့တဲ့အတွက် ရှောင်နေရာကနေ ပြဿနာက ပိုကြီးလာပြီး သံသယတွေလည်း ပိုတိုးလာစေမှာပါ။ သင့်ရဲ့ချစ်သူက သင့်ရဲ့စိတ်ကို အလုံးစုံမသိနိုင်တာကြောင့် အရမ်းနောက်မကျခင်မှာ ပြဿနာတွေကို အတူတကွဖြေရှင်းလိုက်ပါ။

Zombie (lovemeida)

Post a Comment

0 Comments