ကြက်သွန်ဖြူတစ်မြွှာကို ခေါင်းအုံးအောက်မှာ ထားအိပ်ရုံနဲ့ ရရှိလာမယ့်အကျိုးကျေးဇူး

ကြက်သွန်ဖြူက သင့်ကို အသက်ရှည်စေတဲ့အရာတစ်ခုပါ။ ကြက်သွန်ဖြူဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ အဆီတွေကို ဖယ်ရှားပေးပါတယ်။

ကြက်သွန်ဖြူတစ်မြွှာကို ခေါင်းအုံးအောက်မှာ ထားအိပ်တဲ့အခါ ရရှိလာမယ့်အကျိုးကျေးဇူးတွေက အများကြီးပါပဲ။

နှာခေါင်းပိတ်တာကို သက်သာစေခြင်း

နှာခေါင်းပိတ်တာက အရမ်းကို နေရခက်ပါတယ်။ ကြက်သွန်ဖြူမှာ allicin ပါဝင်တာကြောင့် ရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးပါတယ်။

ကြက်သွန်ဖြူမှာပါတဲ့ allicin က နှာခေါင်းပိတ်တာကို သက်သာစေပြီး ချွဲတွေကို ပျော်သွားစေပါတယ်။ ကြက်သွန်ဖြူကို စားစရာမလိုဘဲ ခေါင်းအုံးအောက်မှာ ထားအိပ်ရုံနဲ့ အသက်ရှူရတာ အဆင်ပြေလာစေမှာပါ။

ကိုယ်ခံအားစနစ်ကို တိုးတက်စေခြင်း

ကြက်သွန်ဖြူက မကောင်းတဲ့ဘက်တီးရီးယားမှာသမျှကို တိုက်ဖျက်နိုင်ပါတယ်။ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာ နေ့စဉ်ထားအိပ်ရင် မနက်ခင်းနိုးလာတဲ့အခါမှာ နေရထိုင်ရကောင်းလာတာကို သတိပြုမိမှာပါ။ ဒါ့အပြင် တော်ရုံနဲ့ မဖျားနာတော့ပါဘူး။

ပိုးမွှားတွေကို ဖယ်ရှားပေးခြင်း

ညအိပ်နေတဲ့အခါမှာ ပင့်ကူတွေ၊ ပိုးဟပ်တွေ မလာစေဖို့အတွက် ကြက်သွန်ဖြူကို ဆောင်ထားပါ။ ကြက်သွန်ဖြူကို အိပ်ရာနားမှာ ထားအိပ်တဲ့အခါ ခြင်တွေတောင် ဝေးဝေးပြေးပါတယ်။

ကြက်သွန်ဖြူက ပိုးမွှားတွေအတွက်တော့ အဆိပ်အတောက်ပါပဲ။ ကြက်သွန်ဖြူရဲ့အနံ့ကို မခံနိုင်တာကြောင့် ပိုးမွှားတွေက မလာရဲကြပါဘူး။

အိပ်ပျော်လွယ်စေခြင်း

ကြက်သွန်ဖြူမှာ ဗီတာမင် B1 ပါဝင်ပါတယ်။ အဲဒါကြောင့် ညဘက်အိပ်မပျော်တာတွေကို လျော့နည်းသွားစေပါတယ်။ ကြက်သွန်ဖြူတစ်မြွှာကို ခေါင်းအုံးအောက်မှာ ထားပြီးအိပ်ရုံနဲ့ စိတ်ပင်ပန်းတာတွေ သက်သာစေပြီး အချိန်ခဏလေးနဲ့ အိပ်ပျော်သွားစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments