ကလေးငယ်တွေကို ပြုစုစောင့်ရှောက်တဲ့အခါ ခါးမနာအောင် ကာကွယ်နိုင်မယ့်နည်းလမ်း (၁၀) ခု

ခါးနာတာက လူအများစု ကြုံတွေ့ခံစားရတဲ့အရာတစ်ခုပါ။ ဒါပေမယ့် ခါးမနာစေဖို့ ကာကွယ်လို့ရပါတယ်။ သင်က မိဘတစ်ယောက်ဆိုရင်တော့ ခါးနာတာကို ကြုံတွေ့ရနိုင်ပါတယ်။

အဲဒါကြောင့် ကလေးငယ်တွေကို ပြုစုစောင့်ရှောက်တဲ့အခါ ခါးမနာအောင် ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကလေးချီပိုးတဲ့အခါ

သင်က ကလေးကို ရှေ့မှာချီသူဆိုရင် ကြိုးကို မြင့်နိုင်သမျှမြင့်အောင် လွယ်ပြီးချီပါ။ ဒီနည်းက ခါးမနာအောင် ကာကွယ်ပေးပါတယ်။ ကလေးက ပေါင် ၂၀ ခန့် ရှိလာပြီဆိုရင် နောက်ကျောမှာ ချီပါ။ ကလေးက ပေါင်ချိန်များလာတဲ့အခါ ရှေ့မှာထားပြီချီရင် ခါးနာလာမှာအသေအချာပါပဲ။

၂။ နို့တိုက်တဲ့အခါ

ကလေးကို နို့တိုက်တဲ့အခါ ကျောနောက်နဲ့ ထိုင်ခုံကြားမှာ ခေါင်းအုံးခံထားပါ။ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး နို့တိုက်တာက သင့်ကို ခါးနာစေမှာပါ။ အဲဒါကြောင့် ကလေးရဲ့အောက်မှာ စောင်တွေ၊ ခေါင်းအုံးတွေ ခံပြီး ကလေးကို သင်ရဲ့ရင်ဘတ်နဲ့ ပိုပြီးနီးကပ်အောင်ပြုလုပ်ပါ။

၃။ ကလေးကို အိပ်ရာထဲကနေ ချီတဲ့အခါ

ကလေးကို ချီတဲ့အခါ ခါးကို ကိုင်းပြီး မချီသင့်ပါဘူး။ အခန့်မသင့်တဲ့အခါမှာ ခါးနာသွားတတ်ပါတယ်။ လက်ကို ပိုပြီးဆန့်ထုတ်ပြီးမှသာ ချီပါ။

၄။ ကလေးကို ချီပွေ့တဲ့အခါ

ကလေးကို ချီတဲ့အခါ ခါးကို အရမ်းကိုင်းပြီချီရင် တစ်နှစ်ကြာတဲ့အခါမှာ ခါးနာတာက သိသာလာပါတယ်။ ဆော့ကြောင့်ထိုင်ပြီးတော့မှ ချီပါ။

၅။ ထိုင်ခုံအမြင့်မှာထိုင်နေတဲ့ကလေးကို ချီတဲ့အခါ

ထိုင်ခုံအမြင့်မှာ ထိုင်နေတဲ့ကလေးကို ချီတဲ့အခါ ခုံမှာပါတဲ့စားပွဲလေးကိုဖယ်လိုက်ပါ။ အဲဒီအခါ ကလေးကို ချီရင် အရမ်းကြီးအားစိုက်ချီစရာမလိုဘဲ လွတ်လွတ်လပ်လပ် ချီလို့ရပါတယ်။

၆။ ကလေးတွန်းလှည်းကို တွန်းတဲ့အခါ

ကလေးတွန်းလှည်းကို တွန်းတဲ့အခါ ခါးကို မကုန်းဘဲ ခါးမတ်မတ်ထားပြီး တွန်းပါ။ ခါးကို ကိုင်းပီး တွန်းပါများတဲ့အခါ အကြိမ်တွေများလာရင် ခါးနာလာပါတယ်။

၇။ ကလေးနဲ့ ကစားတဲ့အခါ

ကလေးနဲ့ ကစားတဲ့အခါမှာလည်း ခါးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ထိုင်တဲ့အခါမှာလည်း ခါးကို မတ်မတ်ထားပါ။ ပုခုံးကိုလည်း မတ်မတ်ထားပြီးမှ ထိုင်ပါ။

၈။ ကလေးကို ခါးတစ်ခွင်ချီတဲ့အခါ

ကလေးကို ခါးတစ်ခွင်ချီတာက ပိုပြီးလွယ်ကူတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ကလေးရဲ့အလေးချိန်က အမေရဲ့ခါးတစ်ဖက်တည်းမှာပဲ ကျရောက်နေတာကြောင့် အလေးချိန်မမျှဘဲ ခါးနာလာတတ်ပါတယ်။ အဲဒါကြောင့် ကလေးကို ရှေ့မှာထားပြီး လက်နှစ်ဖက်လုံးနဲ့ ပွေ့ချီပါ။

၉။ ကားထဲက ကလေးကို ချီတဲ့အခါ

ကလေးရဲ့ကားခါးပတ်ကို အပြင်ကနေ ဖြုတ်ပေးပြီး ချီတာမျိုးကို မပြုလုပ်သင့်ပါဘူး။ ကားထဲကို ဝင်ထိုင်ပြီးမှ ကလေးရဲ့ခါးပတ်ကို ဖြုတ်ပေးပါ။ အဲဒီနောက်မှ ချီပါ။

၁၀။ ကလေးကို အဝတ်အစားလဲပေးတဲ့အခါ

ကလေးကို အဝတ်အစားလဲပေးတဲ့အခါ၊ ဒိုင်ဘာလဲပေးတဲ့အခါမှာလည်း ခါးကို သတိထားသင့်ပါတယ်။ သင့်ရဲ့ခါးထက်မြင့်တဲ့ စားပွဲပေါ်မှာ ကလေးကို တင်ထားပြီးမှ အဝတ်အစားလဲပေးပါ။ ခါးကို အမြဲကိုင်းပြီး အဝတ်အစားလဲပေးရင် အချိန်တွေကြာလာတဲ့အခါ ခါးနာလာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments