ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါမှာ မိဘတွေ ပြုလုပ်တတ်တဲ့အမှား (၅) ခု

ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ စည်းကမ်းအရမ်းတင်းကြပ်ရင်လည်းမကောင်းသလို အရမ်းအလိုလိုက်ရင်လည်း မကောင်းပါဘူး။ အဲဒါကြောင့် ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ မိဘတွေ ပြုလုပ်တတ်တဲ့အမှားများတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကလေးကို ရှက်ကြောက်တတ်အောင် ပြုလုပ်ခြင်း

ကလေးတွေအတွက် နေရထိုင်ရခက်တဲ့ အပြုအမူတွေကို ပြုလုပ်ဖို့ အတင်းမတိုက်တွန်းသင့်ပါဘူး။ သင့်ကလေးက မိသားစုဝင်တွေရှေ့မှာ သီချင်းတွေဆိုတတ်၊ အကတွေ ကတတ်၊ ချစ်စရာအမူအရာတွေ ပြုလုပ်တတ်နေပါလိမ့်မယ်။

ကလေးက မိဘတွေရှေ့မှာပဲ ဒီလိုအမူအရာတွေကို ပြုလုပ်ချင်တာ ဖြစ်ပေမယ့် အခြားသူတွေရှေ့မှာတော့ သီချင်းဆိုပြရမှာ၊ ကပြရမှာကို ရှက်နေနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ကလေးအတွက်အဆင်မပြေတဲ့ အပြုအမူတွေကို အခြားသူတွေရှေ့မှာ အတင်းအကြပ် မတိုက်တွန်းသင့်ပါဘူး။

၂။ ပြဿနာကို ကိုယ်တိုင်ဖြေရှင်းဖို့ ခွင့်မပြုခြင်း

ကလေးက ကြီးပြင်းလာမှာဖြစ်တဲ့အတွက်ကြောင့် ပြဿနာတွေနဲ့ မလွဲမသွေတွေ့ရမှာ အသေအချာပါပဲ။ ကလေးမှာ ပြဿာနာတွေကြုံတွေ့တဲ့အခါ ကလေးကိုယ်တိုင် ဖြေရှင်းနိုင်အောင် လမ်းဖွင့်ပေးတာ၊ အကြံပေးတာတွေ ပြုလုပ်သင့်ပါတယ်။

ပြဿနာတွေကို အောင်အောင်မြင်မြင် ဖြေရှင်းပြီးတိုင်း ကလေးတွေမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ တိုးလာပါတယ်။

၃။ နားပူနားဆာလုပ်ခြင်း

အချို့မိဘတွေက အပြစ်တစ်ခုတွေ့တာနဲ့ မရပ်မနား ဆူပြောတာ၊ လိုအပ်တာထက် ဆူပြောတာမျိုးကို ပြုလပ်တတ်ကြပါတယ်။ သင့်ကလေးကို အမြဲပွစိပွစိလုပ်နေတာက ပြဿနာကို ပြေလည်မသွားစေပါဘူး။

ဥပမာအားဖြင့် ကလေးက အခန်းကိုညစ်ညစ်ပတ်ပတ်နေရင် နားပူနားဆာ ပွစိပွစိလုပ်နေတာထက် အခန်းကို သန့်အောင် ဘယ်လိုပြုလုပ်နိုင်မလဲဆိုတာ သင်ပေးသင့်ပါတယ်။

၄။ ခိုင်မာတဲ့ဆက်ဆံရေးကို မတည်ဆောက်ခြင်း

မိဘနဲ့ ကလေးအကြားမှာ ဆက်ဆံရေးတွေ အေးစက်တာက မလိုလားအပ်တဲ့ဆိုးကျိုးတွေပဲ ဖြစ်ပေါ်စေမှာပါ။ အမြဲတမ်းအလိုလိုက်ပြီး စည်းကမ်းမတင်းကြပ်တာကလည်း ကလေးရဲ့အနာဂတ်အတွက် မကောင်းပါဘူး။

အဲဒါကြောင့် မိဘတွေအပေါ် ကလေးက ပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲရှိလာအောင်၊ ရင်းနှီးလာအောင် နွေးနွေးထွေးထွေး နေထိုင်သင့်ပါတယ်။

၅။ ကလေးနဲ့ ပျော်ပျော်ရွှင်ရွှင် မနေထိုင်ခြင်း

သင့်ကလေးနဲ့အတူ ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးဖို့လည်း အရေးကြီးပါသေးတယ်။ ဥပမာအားဖြင့် သင့်ကလေးနဲ့အတူ ဗီဒီယိုလေးတွေ ရိုက်တာ၊ ဂိမ်းအတူဆော့တာ၊ ကစားကွင်းအတူသွားတာမျိုး ပြုလုပ်နိုင်ပါတယ်။

အချိန်တွေအတူကုန်ဆုံးပေးတာကို ကလေးတွေက အမြဲတမ်းမှတ်မိနေပြီး မိဘအပေါ် ချစ်ခင်စိတ်လည်း ပိုတိုးလာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments