ခြေထောက်လေ့ကျင့်ခန်းတွေက ဦးနှောက်ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲ

ပြေးတာက ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားနည်းတွေထဲက တစ်မျိုးပါ။ ပြေးတာက ကိုယ်အလေးချိန်ကို ကျလွယ်စေရုံတင်မကပါဘူး။ ဦးနှောက်ကျန်းမာရေးကိုပါ အများကြီး တိုးတက်ကောင်းမွန်စေပါတယ်။

၁။ ဦးနှောက်အိုမင်းလာမှုကို နှေးသွားစေခြင်း

လန်ဒန်က ကင်းကောလိပ်ရဲ့လေ့လာချက်တစ်ခုအရ နေ့စဉ်ပြေးသူတွေဟာ မပြေးသူတွေထက် ဦးနှောက်အိုမင်းမှု နှေးကွေးကြောင်း တွေ့ရပါတယ်။ ပြေးတဲအခါ ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ဓာတ်တွေက ဦးနှောက်ကျန်းမာရေးကို အကျိုးပြုပါတယ်။

၂။ ဦးနှောက်မှာ ကျန်းမာတဲ့ဆဲလ်တွေတိုးလာခြင်း

စက်ဘီးစီးတာ၊ ပြေးတာ၊ တောင်တက်တာ စတဲ့လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ ခြေထောက်က သန်မာလာပါတယ်။ ခြေထောက်သန်မာတာနဲ့ ဦးနှောက်ကျန်းမာရေးက ဆက်စပ်နေပါတယ်။

လေ့ကျင့်ခန်းလုပ်တာကြောင့် ခြေထောက်သန်မာလာတဲ့အပြင် အပိုဆုအနေနဲ့ကတော့ ဦးနှောက်မှာ ကျန်းမာတဲ့အာရုံကြောဆဲလ်တွေ ထုတ်လုပ်မှု တိုးတက်လာတာပါ။

၃။ ဗဟိုအာရုံကြောမကြီးရဲ့လုပ်ငန်းတွေ တိုးတက်လာခြင်း

ခြေထောက်က လှုပ်ရှားမှု နည်းပါးတဲ့အခါ နာဗ်ဆဲလ်အသစ်တွေ ထုတ်လုပ်ဖို့ ခက်ခဲလာပါတယ်။ အဲဒီအခါ အာရုံကြောလည်း အားနည်းလာပါတယ်။

ခြေထောက်နဲ့ သက်ဆိုင်တဲ့လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ စိတ်ဖိစီးမှုလည်း လျော့ကျပြီး နာဗ်ဆဲလ်အသစ်တွေလည်း တိုးလာတာကြောင့် ဗဟိုအာရုံကြောမကြီးရဲ့လုပ်ငန်းတွေလည်း တိုးတက်လာပါတယ်။

၄။ မှတ်ဉာဏ်ကို အားကောင်းစေခြင်း

အေရိုးဗစ်လေ့ကျင့်ခန်း၊ အပြေးလေ့ကျင့်ခန်း၊ စက်ဘီးစီးလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးရင် မှတ်ဉာဏ်တွေ တိုးတက်လာပြီး လေ့လာမှုအားကောင်းလာတယ်လို့ University of British Columbia ရဲ့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် ဘယ်အသက်အရွယ်မဆို အပြေးလေ့ကျင့်ခန်း၊ အေရိုးဗစ်လေကျင့်ခန်း၊ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုထားပါတယ်။

၅။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေခြင်း

ခန္ဓာကိုယ်မှာ လှုပ်ရှားမှုနည်းတဲ့အခါ အောက်ဆီဂျင်တွေက နည်းပါးလာပါတယ်။ အဲဒါကြောင့် ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်ပြီး ကျန်းမာရေးလည်း မကောင်းလာတောပါဘူး။ ခြေထောက်နဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်တဲ့အခါ ဇီဝကမ္မဖြစ်စဉ်တိုးတက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာနေမှာပါ။

Zombie (lovemeida)

Post a Comment

0 Comments