အဝတ်အစားအဟောင်းတွေကို ပြန်လည်သစ်လွင်လာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်း (၆) ခု

မကြာခဏဝတ်ပြီး ဟောင်းသွားတဲ့အင်္ကျီတွေက အလကားဖြစ်မသွားပါဘူး။ အနည်းငယ်ပြုပြင်လိုက်ရုံနဲ့ အသီးနီးပါး ပြန်လည်လှပသွားနိုင်ပါတယ်။ အဲဒါကြောင့် အဝတ်အစားအဟောင်းတွေကို သစ်လွင်လာအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆွယ်တာတွေမှာ အသီးတွေ ထနေတာကို ဖယ်ရှားလိုက်ပါ။

ဆွယ်တာမှာအသီးတွေ ထနေတယ်ဆိုရင် ဝတ်ထားတာများကြောင်း အရမ်းသိသာပါတယ်။ အဲဒါကြောင့် ဆွယ်တာပေါ်က အသီးထနေတာတွေကို ဖယ်ရှားလိုက်ပါ။ သင်တုန်းဓားနဲ့ ဖြည်းဖြည်းနဲ့ ဖယ်ရှားလို့ ရပါတယ်။

၂။ ကြယ်သီးတွေကို လဲလိုက်ပါ။

အင်္ကျီအဟောင်းက ကြယ်သီးတွေအားလုံးကို ဖြုတ်လိုက်ပြီး ကြယ်သီးအသစ်တွေ လဲတပ်လိုက်ပါ။ အဲဒီအခါ အမြင်လှပပြီး နောက်ထပ်အင်္ကျီတစ်ထည်လို ဖြစ်သွားပါတယ်။

၃။ အင်္ကျီမှာ သီထားတာတွေကို ဖြုတ်လိုက်ပါ။

အရင်ဆုံး ကလေးခေါင်းလျှော်ရည်နဲ့ ရေနွေးကို ရောလိုက်ပြီး အင်္ကျီကို ထည့်စိမ်လိုက်ပါ။ ခြောက်သွေ့အောင်လို့ လှမ်းပါ။ နောက်ဆုံးမှာတော့ အင်္ကျီကို သီထားရင် ချုပ်ရိုးတွေကို ဖြည်လိုက်ပါ။

မီးပူတိုက်ပြီးနောက်မှာတော့ အင်္ကျီက အရောင်လည်း ပြန်လှလာပြီး အသစ်တစ်ထည်လို ပြန်ဖြစ်သွားပါတယ်။ ဒါပေမယ့် သိုးမွေးချည်နဲ့ချုပ်ထားတဲ့ အင်္ကျီတွေမှာတော့ ဒီနည်းကို အသုံးမပြုသင့်ပါဘူး။

၄။ ဆေးဆိုးပါ။

အင်္ကျီကို မူလအရောင်ကနေ အခြားရောင်တစ်ရောင်ကို ဆေးဆိုးလိုက်ပါ။ အင်္ကျီက အရောင်လည်း ပြောင်းသွားပြီး ပြန်လည် သစ်လွင်လာပါတယ်။

၅။ အစွန်းချွတ်ပါ။

မုန့်ဖုတ်ဆိုဒါခွက်တစ်ဝက်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ခွက်တစ်ဝက်နဲ့ ရေတစ်ခွက်တို့ကို ဇလုံတစ်လုံးထဲမှာ ရောမွှေပါ။ ရလာတဲ့အနှစ်ကို အင်္ကျီချိုင်းနေရာက အစွန်းတွေပေါ်မှာ သုတ်လိမ်းလိုက်ပါ။

အင်္ကျီပေါ်က စွန်းနေတဲ့အခြားနေရာတွေမှာလည်း သုတ်လိမ်းလို့ရပါတယ်။ မိနစ် ၃၀ ခန့် ထားပြီးနောက်မှာတော့ ပုံမှန်အတိုင်း လျှော်လိုက်လို့ရပါပြီ။

၆။ ကော်မှုန့်နဲ့ ဖြူးပေးပါ။

ဒီနည်းကတော့ အလွယ်ကူဆုံးပါပဲ။ ကော်မှုန့်ကို အင်္ကျီဟောင်းတစ်ထည်မှာ ဖြူးပေးပါ။ အဲဒီအခါ အင်္ကျီက ဝယ်ခါစကလိုပဲ မာတောင့်တောင့်လေး ဖြစ်နေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments