နှာခေါင်းတစ်ဝိုက်မှာ ခဏခဏအေးစက်နေရတဲ့ အကြောင်းအရင်း (၄) ခု

ရာသီဥတုအရမ်းအေးတဲ့အခါမှာ နှာခေါင်းက အေးနေတတ်ပါတယ်။ ဒါပေမယ့် ပူနွေးတဲ့ရာသီဥတုမှာ နှာခေါင်းက အေးနေတယ်ဆိုရင်တော့ သင့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

၁။ နှာခေါင်းထဲမှာ သွေးလည်ပတ်မှုအားနည်းခြင်း

အပူချိန်နည်းတဲ့အခန်းထဲမှာ အချိန်အကြာကြီးနေရင် ခန္ဓာကိုယ်ရဲ့အပူချိန်ကို ဆက်ထိန်းထားဖို့ သွေးစီးဆင်းမှုတွေကို လျှော့ချလိုက်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အရမ်းအရေးပါတဲ့အင်္ဂါအစိတ်အပိုင်းတွေကိုပဲ သွေးတွေက အဓိကရောက်ရှိပါတော့တယ်။

အဲဒါကြောင့် ခန္ဓာကိုယ်မှာ နှာခေါင်းက အေးစက်မှုကို အရင်ဆုံးခံစားလာရပါတယ်။ နှာခေါင်းမှာ အဆီတွေက အများကြီးမရှိပါဘူး။ ကော်ဖီပူပူတစ်ငုံ သို့မဟုတ် ရေနွေးတစ်ငုံလောက် သောက်လိုက်ရင် ခန္ဓာကိုယ်က ပြန်လည်နွေးထွေးသွားပါတယ်။

၂။ အလုပ်ပင်ပန်းခြင်း

ခန္ဓာကိုယ်အပူချိန်နဲ့ ဦးနှောက်ထဲက စိတ်ဖိစီးမှုပမာဏက ဆက်စပ်နေပါတယ်။ အလုပ်အရမ်းပင်ပန်းတဲ့အခါမှာ နှာခေါင်းက စပြီး အေးလာပြီး မျက်နှာတစ်ခုလုံးလည်း အေးလာပါတယ်။ အဲဒီလိုအေးလာတဲ့အခါမှာ ခဏလောက်အနားယူပြီးမှ အလုပ်ပြန်ုလုပ်သင့်ပါတယ်။

၃။ စိတ်ခံစားချက်များခြင်း

စိတ်ခံစားချက်များတဲ့အခါ၊ စိတ်ထိခိုက်ကြေကွဲစရာတွေများတဲ့အခါမှာ သွေးကြောလေးတွေက အချိန်အနည်းငယ်လောက် ကျဉ်းသွားပါတယ်။ အဲဒီအခါ နှာခေါင်းက အေးစက်ပြီး ထုံကျင်လာပါတယ်။

တစ်ခါတရံ မိနစ်အနည်းငယ်လောက် အေးနေတတ်ပြီး နာရီအနည်းငယ်လည်း ကြာသွားတတ်ပါတယ်။ စိတ်ခံစားချက်များလို့ နှာခေါင်းအေးစက်လာတာက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

၄။ ဟော်မုန်းမညီမျှခြင်း

ခန္ဓာကိုယ်မှာ သိုင်းရွိုက်ဟော်မုန်းကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တဲ့အခါ ဇီဝကမ္မဖြစ်စဉ်တွေက နှေးကွေးလာပါတယ်။

ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် နှေးကွေးလာတာကြောင့် တစ်ကိုယ်လုံးမှာ နွေးထွေးနေအောင် သွေးလည်ပတ်မှုတွေကို လျှော့ချလိုက်ပါတယ်။ ရလဒ်အနေနဲ့ နှာခေါင်းက အမြဲတမ်းလိုလို အေးနေတတ်ပါတယ်။

Zombie (lovemeida)

Post a Comment

0 Comments