ကိုယ်အလေးချိန်ကျဖို့ဆိုတာက လက်တွေ့မှာတော့ တကယ်မလွယ်ကူပါဘူး။ စားချင်တဲ့အရာတွေ မစားရတော့တာ၊ အားကစားတွေ ပိုလုပ်ရတာ၊ နေထိုင်မှုပုံစံကို ပြောင်းလဲရတာတွေက ခက်ခဲပေမယ့် ကိုယ်အလေးချိန်ကျသွားတဲ့အခါမှာတော့ ပျော်ရွှင်မှုတွေ ရရှိပါတယ်။
ကိုယ်အလေးချိန်ကျစေမယ့် နည်းတွေအများကြီး ရှိတဲ့အထဲက မခက်မခဲဘဲနဲ့ လွယ်လွယ်ကူကူ လှပသွားစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အစားမစားခင်မှာ သွားတိုက်ပါ။
သွားတိုက်တာက သွားတွေကို ဖြူဖွေးလှပစေရုံမက ကိုယ်အလေးချိန်ကိုလည်း မြန်မြန်ကျစေပါတယ်။ သွားတိုက်တဲ့အချိန်မှာ လောင်ကျွမ်းတဲ့ကယ်လိုရီတွေကို ပေါင်းလိုက်ရင် တစ်နှစ်ကို ၁ ပေါင်ခွဲခန့်ကျပါတယ်။
ဒါ့အပြင် အစားမစားခင်မှာ သွားတိုက်ထားတာကြောင့် အစားလည်း သိပ်မစားဖြစ်တော့ဘဲ ကိုယ်အလေးချိန်လည်း ထိန်းပြီးသားဖြစ်စေပါတယ်။
၂။ ရေဘူးကို အမြဲဆောင်ထားပါ။
လှအပအတွက်ရော ကျန်းမာရေးအတွက်ပါ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ရေဓာတ်ပြည့်နေတဲ့အခါ အရေးအကြောင်းတွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့မဖြစ်လာတော့ပါဘူး။
ရေများများသောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပြီးသားဖြစ်စေပါတယ်။ ကိုယ်အလေးချိန်ကျချင်သူတွေအတွက် တစ်နေ့ကို ရေ ၃ လီတာခန့် သောက်ပေးသင့်ပါတယ်။ ဒါပေမယ့် ရေခဲရေကိုတော့ မသောက်သင့်ပါဘူး။
၃။ သံပုရာခွံ
ကိုယ်အလေးချိန်ကျဖို့ဆိုရင် အချို၊ အငန်နဲ့ ဆားများတဲ့အစားအစာတွေကို ရှောင်သင့်ပါတယ်။ အချိုနဲ့ ဆားများတဲ့အစားအစာတွေကို ရှောင်လိုက်လို့ အစားအစာက အရသာလျော့ပါးသွားမှာကို စိတ်ပူစရာမလိုတော့ပါဘူး။
သံပုရာခွံကို အသုပ်ထဲမှာ ခြစ်ပြီးထည့်စားရင် ရနံ့မွှေးတဲ့အပြင် ကိုယ်အလေးချိန်လည်း ကျစေပါတယ်။ အဆီတွေ တဖြည်းဖြည်းစုဝေးလာတာကိုလည်း သံပုရာခွံက လျော့ပါးသွားစေပါတယ်။
၄။ Sleep mask
ကိုယ်အလေးချိန်ကျဖို့ဆိုရင် အိပ်ရေးဝဖို့လည်း လိုအပ်ပါသေးတယ်။ မှောင်နေတဲ့နေရာမှာအိပ်တာက ကိုယ်အလေးချိန်ကို ပိုကျစေပါတယ်။ အိပ်ခန်းက အရမ်းလင်းနေရင် ဇီဝကမ္မဖြစ်စဉ်က ကမောက်ကမဖြစ်ပြီး ကိုယ်အလေးချိန်ပိုတက်လာမှာပါ။ လင်းနေတဲ့အခန်းမှာ အိပ်တယ်ဆိုရင် Sleep mask လေးကို တပ်ပြီးမှ အိပ်ပါ။
၅။ ပန်းကန်သေးသေးနဲ့ပဲ စားပါ။
ပန်းကန်ကြီးကြီးနဲ့စားရင် အစားတွေများများစားမိသွားတတ်ပါတယ်။ အဲဒါကြောင့် ပန်းကန်သေးသေးလေးနဲ့သာ စားပါ။ ပန်းကန်သေးသေးလေးနဲ့စားရင် ဗိုက်ပြည့်သွားပြီလို့ ဦးနှောက်က သိရှိသွားပါတယ်။
၆။ ကယ်လိုရီနည်းပါးတဲ့ အစားအစာများ
ကိုယ်အလေးချိန်ကျဖို့အတွက် ကယ်လိုရီတွေကို ချက်ချင်းဖြတ်တောက်ပစ်လိုက်လို့ မရပါဘူး။ ခန္ဓာကိုယ်စွမ်းအင်အတွက် ကယ်လိုရီလည်း လိုအပ်ပါသေးတယ်။ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတွေနည်းပါးတဲ့အခါ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်ပြီး ကိုယ်အလေးချိန်က ပိုတက်လာနိုင်ပါတယ်။အဲဒါကြောင့် ကယ်လိုရီနည်းတဲ့ အုတ်ဂျုံမှုန့်ကို အစားထိုး စားသုံးလို့ရပါတယ်။
Zombie (lovemedia)
0 Comments