Laptop ကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် သတိထားသင့်တဲ့အချက်များ

Laptop ကို နေ့စဉ်အသုံးပြုတဲ့အခါ သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်လာပါတယ်။ Laptop မှာ ဖုန်နဲ့ ပိုးမွှားတွေများနေရင် Laptop ရဲ့လုပ်ဆောင်မှုတွေလည်း နှေးကွေးလာမှာပါ။ အဲဒါကြောင့် Laptop ကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် သတိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Screen ကို သန့်ရှင်းရေးလုပ်ခြင်း

လိုအပ်သောပစ္စည်းများ

- Laptop ကို သန့်ပေးတဲ့ ပိတ်စ

- ဖော့

- မှန်ကြည်ဆေးရည်

- ရေ

အရင်ဆုံး Screnn ကို ပိတ်စလေးနဲ့ လားရာတစ်ဖက်တည်းကိုပဲ ပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်ပါ။ Screnn ပေါ်မှာ စက်ဝိုင်းပုံစံ ပွတ်တိုက်တာမျိုး မလုပ်သင့်ပါဘူး။

ဖုန်တွေ ရှိနေသေးရင် ရေစိုနေတဲ့ ဖော့လေးနဲ့ သုတ်လိုက်ပါ။ Keyboard ပေါ် ရေတွေမကျအောင် keyboard ပေါ်မှာ တစ်ခုခု တင်ထားလိုက်ပါ။ Screnn ပေါ်မှာ ဖုန်တွေ၊ ဆီတွေက ပေနေသေးတဲ့အခါ မှန်ကြည်ဆေးရည်ကို အသုံးပြုပါ။

မှန်ကြည်ဆေးရည်ကို Screnn ပေါ်မှာ တိုက်ရိုက်မဖျန်းသင့်ပါဘူး။ ပိတ်စပေါ်မှာ မှန်ကြည်ဆေးရည်ဖျန်းပြီးမှ Screnn ပေါ်ကို သန့်ရှင်းရေးလုပ်ပေးပါ။

Keyboard ကို သန့်ရှင်းရေးလုပ်ခြင်း

လိုအပ်သောပစ္စည်းများ

- နားကြပ်တံ

- Rubbing alcohol

- ပိတ်စ

ဖုန်တွေ ကျလာအောင် Laptop ကို အနည်းငယ် စောင်းချလိုက်ပါ။ Laptop ကို ၇၅ ဒီဂရီလောက်စောင်းပြီး Keyboard ကို လေမှုတ်စက်နဲ့ ဖြည်းဖြည်းချင်း မှုတ်လိုက်ပါ။

Rubbing alcohol ထဲကို နားကြပ်တံလေး နှစ်ပြီး Key တွေကြားထဲကို သန့်ရှင်းရေးလုပ်ပါ။ နားကြပ်တံက အရမ်း မစိုနေသင့်ပါဘူး။ နောက်ဆုံးမှာတော့ ပိတ်စလေးနဲ့ Keyboard ပေါ်ကို ပွတ်တိုက်ပေးပါ။

Laptop ရဲ့အပေါ်မျက်နှာပြင်နဲ့ အောက်ခြေကို သန့်ရှင်းရေးလုပ်ခြင်း

လိုအပ်သောပစ္စည်းများ

- Rubbing alcohol

- ပိတ်စ

Laptop ရဲ့အပေါ်မျက်နှာပြင်၊ အောက်ခြေနဲ့ ဘေးဘက်တွေကို သန့်ရှင်းရေးလုပ်ဖို့ ပိတ်စပေါ်မှာ Rubbing alcohol ကို ဖျန်းလိုက်ပါ။ အဲဒီနောက် စက်ဝိုင်းပုံစံပွတ်တိုက်ပေးပါ။ Rubbing alcohol ကို မသုံးချင်ရင် မှန်ကြည်ဆေးရည်ကို သုံးလို့ရပါတယ်။

Laptop ကို သန့်ရှင်းရေးလုပ်တဲ့အခါ ရှောင်ရန်၊ ဆောင်ရန်အချက်များ

၁။ နူးညံ့တဲ့ပိတ်စ၊ ပိုးစ၊ ချည်အစအနမပါတဲ့ ပိတ်စကိုပဲ ရွေးချယ်သင့်ပါတယ်။ စက္ကူ၊ တစ်ရှူးတို့ကို အသုံးမပြုသင့်ပါဘူး။

၂။ မှန်ကြည်ဆေးရည်ကို Screnn ပေါ်မှာ တိုက်ရိုက်မဖျန်းသင့်ပါဘူး။

၃။ Laptop ကို shut down လုပ်ပြီး၊ ကြိုးတွေ ဖြုတ်ပြီးမှသာ သန့်ရှင်းလုပ်ပါ။

Zombie (lovemedia)

Post a Comment

0 Comments