အဲလိဇဘက်ဘုရင်မကြီးနတ်ရွာစံပြီးနောက် ချားလ်စ်မင်းသားဟာ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ ဒီနေ့မှာတော့ ချားလ်စ်ဘုရင်ကြီးရဲ့ လူသိနည်းတဲ့အကြောင်းအရာအချို့ကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ချားလ်စ်ဘုရင်က တစ်နေ့ကို အဝတ် ၅ ခါ လဲလှယ်ဝတ်ပါတယ်။
ချားလ်ဘုရင်ဟာ ဖက်ရှင်ကျသူ၊ အသေးစိတ်စေ့စပ်သူအဖြစ် လူသိများပါတယ်။ သူဟာ အဝတ်အစားအတွက် အချိန်အများကြီးပေးပြီး တစ်နေ့ကို အဝတ်အစား ၅ ကြိမ် လဲလှယ်ဝတ်ပါတယ်။ ချားလ်စ်ဘုရင်ဟာ ဖက်ရှင်ရေစီးကြောင်းကို မလိုက်ဘဲနဲ့တောင် အမြဲတမ်း စတိုင်လ်ကျနေသူလို့ ဖက်ရှင်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
၂။ ခရီးသွားရင် ကိုယ်ပိုင်အိပ်ရာနဲ့ သီးသန့်အိမ်သာကို ယူသွားတတ်ပါတယ်။
ချားလ်စ်ဘုရင်ဟာ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ ခရီးသွားရင်တောင် ကိုယ်ပိုင်အိပ်ရာနဲ့ သီးသန့်အိမ်သာကို အမြဲယူသွားတတ်တယ်လို့ မင်းသမီးဒိုင်ယာနာရဲ့အတ္ထုပ္ပတ္တိကိုရေးတဲ့ စာရေးဆရာက ဆိုပါတယ်။
သူ ခရီးသွားတော့မယ်ဆိုရင် သူနေမယ့်အိမ်မှာ ကိုယ်ပိုင်အိပ်ရာ၊ ကိုယ်ပိုင်ပရိဘောဂပစ္စည်းတွေနဲ့ ပန်းချီကားတွေကို ကားနဲ့တစ်ရက်ကြိုတင်ပို့ရလေ့ရှိပါတယ်။
၃။ ဟယ်ရီပေါ်တာစာအုပ်တွေကို ဖတ်ရတာကို သဘောကျပါတယ်။
ချားစ်ဘုရင်ကြီးကလည်း ဟယ်ရီပေါ်တာရဲ့ ပရိသတ်တစ်ယောက်ပါပဲ။ စကော့တလန်မှာနေတဲ့အချိန်ဆိုရင် ချားလ်ဘုရင်ကြီးက ဟယ်ရီပေါ်တာစာအုပ်တွေကို အမြဲဖတ်ပြီး မြေးတွေကို အသံတုတွေလည်း လုပ်ပြလေ့ရှိကြောင်း ဖော်ပြထားပါတယ်။
၄။ သူက နေ့လယ်စာ မစားတဲ့သူတစ်ယောက်ပါ။
ချားလ်စ်ဘုရင်ကြီးဟာ နေ့လယ်စာကို တတ်နိုင်သလောက် မစားတဲ့သူပါပဲ။ နေ့လယ်စာကို ဇိမ်ခံစားစရာတစ်ခုလို့ ခံယူထားပြီး မနက်စာကို နောက်ကျမှ စားပါတယ်။
မနက်စာစားပြီးနောက် အလုပ်ကို ဆက်တိုက်လုပ်လေ့ရှိပါတယ်။ မနက်စာဆိုရင် သစ်သီးနဲ့ ကြက်ဥပြုတ်ကို စားရတာကို သဘောကျပြီး ချိစ်ပေါင်မုန့်ကိုလည်း ပိတ်ရက်တွေမှာ စားလေ့ရှိပါတယ်။
၅။ ကလေးတွေအတွက် စာအုပ်တစ်အုပ်ကိုလည်း ရေးသားဖူးပါတယ်။
ကလေးတွေအတွက် ရည်ရွယ်ပြီးရေးထားတဲ့ "The Old Man of Lochnager" စာအုပ်ကို ချားလ်စ်ဘုရင်ကြီး ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ကို ၁၉၈၀ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ကို animation ရုပ်ရှင်အတိုလေးအဖြစ် ရိုက်ကူးထားပါတယ်။
၆။ ချားလ်စ်ဘုရင်ကြီးက အလုပ်အရမ်းလုပ်သူပါ။
ဘုရင်ကြီးက အလုပ်လုပ်ရတာကို သဘောကျပြီး အမြဲတမ်းအလုပ်ရှုပ်နေတတ်သူဖြစ်ကြောင်း နန်းတော်နဲ့နီးစပ်သူတွေက ပြောပါတယ်။ အလုပ်ကို မနားတမ်းလုပ်သူဖြစ်ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တည်းမှာတင် တွေ့ဆုံပွဲပေါင်း ၅၂၁ ပွဲနဲ့ အလည်အပတ်၊ အားအကစား၊ အလှူအတန်းပွဲပေါင်း ၁၄၅ ပွဲတက်ရောက်ခဲ့ပါတယ်။
၇။ အော်ဂဲနစ်အသီးအနှံတွေကို စိုက်ပျိုးရတာ ဝါသနာပါတဲ့သူပါ။
ချားလ်စ်ဘုရင်ကြီးက ခြံစိုက်ရတာကို ဝါသနာပါပြီး အသီးအနှံတွေ စိုက်ပျိုးလာတာ ၃၅ နှစ်ရှိပါပြီ။ အဲဒီခြံကို Waitrose Duchy Organic လို့နာမည်ပေးထားပြီး ခြံက ထွက်တဲ့အသီးအနှံတွေကို စူပါမားကတ်တွေမှာ ရောင်းချပါတယ်။
၈။ ပန်းချီဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။
ချားလ်စ်ဘုရင်ကြီးက ပန်းချီဆွဲတဲ့နေရာမှာလည်း ပါရမီပါသူတစ်ယောက်ပါ။ ပန်းချီဆွဲရတာက အပန်းအပြေဆုံးအရာတစ်ခုဖြစ်ပြီး ကုထုံးဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း ဘုရင်ကြီးက ဖော်ပြဖူးပါတယ်။ ရေဆေးပန်းချီကားတွေကို ဆွဲပြီး ကမ္ဘာတစ်ဝှမ်းမှာ ပြပွဲတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ဖူးပါတယ်။
Zombie (lovemedia)
0 Comments