အသက်ကြီးတဲ့အထိ အသားအရေနုပျိုပြီး ရေဓာတ်ပြည့်နေစေဖို့ နည်းလမ်း (၆) ခု

အသက်ကြီးလာတာနဲ့အမျှ အသားအရေတွေက တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပါတယ်။ အသက်ကြီးလာပေမယ့် အမြဲတမ်းနုပျိုနေဖို့ အသားအရေထိန်းသိမ်းဖို့လည်း မေ့မထားသင့်ပါဘူးနော်။

အသားအရေကို အမြဲတမ်းရေဓာတ်ပြည့်နေအောင်၊ နုပျိုလှပနေအောင် ဘယ်လိုမျိုးထိန်းသိမ်းမလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Eye cream

အသက်ကြီးလာတဲ့အခါ နှုတ်ခမ်းရဲ့အပေါ်ဘက်မှာ အရေးအကြောင်းတွေ ပေါ်လာပါတယ်။ လူအများစုက နှုတ်ခမ်းအပေါ်ဘက်ကို sunscreen လိမ်းဖို့ မေ့နေတတ်ကြပါတယ်။

အဲဒါကြောင့် အရေပြားဆရာဝန်တွေက eye cream ကို နှုတ်ခမ်းအပေါ်ဘက်မှာ လိမ်းဖို့ အကြံပေးကြပါတယ်။ Eye cream မှာ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။

၂။ အသားအရေက ရေဓာတ်လိုနေတာလား၊ ခြောက်သွေ့နေတာလား။

အဆီဓာတ်နည်းပါးခြင်း သို့မဟုတ် မျိုးရိုးကြောင့် ခြောက်သွေ့တဲ့အသားအရေအမျိုးအစားကို ရရှိတတ်ပါတယ်။ ရေဓာတ်လိုအပ်တဲ့ အသားအရေကတော့ ခြောက်သွေ့တဲ့ အသားအရေနဲ့မတူပါဘူး။ ရေဓာတ်လိုအပ်တဲ့အသားရေက အရောင်မလှဘဲ ကြမ်းတမ်းနေတတ်ပါတယ်။

အချို့တွေမှာတော့ အသားအရေခြောက်သွေ့တာနဲ့ ရေဓာတ်လိုအပ်တာကို တစ်ပြိုင်တည်းခံစားရလေ့ ရှိပါတယ်။ အဲဒါကြောင့် အသားအရေလိုအပ်ချက်ပေါ်မူတည်ပြီး skin care ပစ္စည်းကို ရွေးချယ်သုံးသင့်ပါတယ်။

၃။ အသားအရေကို ကြေးချွတ်ပါ။

အသားအရေကို ကြေးချွတ်မယ်ဆိုရင် အသားအရေအမျိုးအစားပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီးမှ အသားအရေကြေးချွတ်မယ့်ပစ္စည်းကို ဝယ်ယူသင့်ပါတယ်။ အသားအရေကို ကြေးချွတ်မယ်ဆိုရင် တစ်ပတ်ကို တစ်ခါခန့်သာ ပြုလုပ်သင့်ပါတယ်။

၄။ မျက်နှာသစ်ပြီးတာနဲ့ moisturizer ကို လိမ်းပါ။

မျက်နှာသစ်ပြီးပြီးချင်း moisturizer ကို လိမ်းဖို့ အရေပြားဆရာဝန်တွေက အကြံပြုကြပါတယ်။ ဒါမှမဟုတ် မျက်နှာသစ်ပြီး မိနစ်အနည်းငယ်အတွင်း လိမ်းလို့လည်းရပါတယ်။ မျက်နှာသစ်ပြီးမကြာခင်မှာ moisturizer လိမ်းရင် မျက်နှာအတွက် အစိုဓာတ်ပိုမိုရရှိစေပါတယ်။

၅။ မျက်လုံးတစ်ဝိုက်မှာ ခရင်မ်မျိုးစုံလိမ်းတာကို ရှောင်ပါ။

Eye cream ကို တစ်ရက်ကို တစ်ကြိမ်လိမ်းပေးရင် လုံလောက်ပါတယ်။ နေ့ဘက်မှာ လိမ်းချင်တယ်ဆိုရင်တော့ နည်းနည်းပဲ လိမ်းပြီး ညဘက်မှာတော့ များများလိမ်းပေးသင့်ပါတယ်။ မျက်လုံးတစ်ဝိုက်မှာ ခရင်မ်မျိုးစုံလိမ်းတာက မျက်လုံးအောက်မှာ အရေးအကြောင်းတွေ ပေါ်လာစေပါတယ်။

၆။ မျက်နှာကို အမြှုပ်ထတဲ့ မျက်နှာသစ်ဆေးနဲ့ သစ်ပါ။

ရေဓာတ်ခြောက်သွေ့တဲ့မျက်နှာကို သန့်စင်ဖို့ အကောင်းဆုံးနည်းကတော့ foaming cleanser ၊ ကြက်သီးနွေးရေတို့နဲ့မျက်နှာသစ်တာပါ။ မျက်နှာသစ်ဆေးမှာ ရနံ့မပါတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ အချို့သော မျက်နှာသစ်ဆေးတွေက ရနံ့မပါပေမယ့်လည်း ဓာတုဆေးတွေက ပိုများနေတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments