ကျန်းမာတဲ့ဆံပင်ရဖို့က အမျိုးသမီးတိုင်းရဲ့ဆန္ဒပါပဲ။ ဒါပေမယ့် ကျန်းမာပြီး လှပတဲ့ဆံပင်ရဖို့ ဈေးကြီးတဲ့ပစ္စည်းတွေကို အသုံးပြုကြရပါတယ်။ အိန္ဒိယအမျိုးသမီးတွေမှာ ဆံပင်ထူထဲပြီး အရှည်မြန်စေမယ့်နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းတွေက ငွေကုန်သက်သာပြီး တကယ်လည်း ထိရောက်တဲ့နည်းလမ်းတွေပါပဲ။
၁။ ရေအေးနဲ့ဆေးချခြင်း
ခေါင်းလျှော်တဲ့အခါ ရေနွေးနဲ့လျှော်ရင် ဆံပင်အတွက်အကျိုးပြုတဲ့ သဘာဝအဆီတွေ ပါသွားတတ်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ရေနွေးထက် ရေအေးက ပိုပြီး အကျိုးရှိစေပါတယ်။ ခေါင်းလျှော်ရည်ကို အသုံးမပြုခင်မှာ ရေနွေးနဲ့လျှော်ပါ။ ခေါင်းလျှော်ရည်သုံးပြီးနောက်မှာ ဆံပင်ကို ရေဓာတ်ပြည့်ဝအောင် ရေအေးနဲ့ဆေးချပါ။
၂။ ဦးရေပြားကို နေ့စဉ်နှိပ်နယ်ပေးခြင်း
အိန္ဒိယအမျိုးသမီးတွေ အသုံးပြုတဲ့နောက်ထပ် နည်းလမ်းတစ်ခုကတော့ ဦးရေပြားကို နေ့စဉ် ၄ မိနစ်ခန့် နှိပ်နယ်ပေးတာပါ။ အဲဒီအခါ ဦးရေပြားမှာ သွေးလည်ပတ်မှဒကောင်းလာပြီး ဆံပင်လည်း အရှည်မြန်လာစေပါတယ်။
၃။ ဦးရေပြားကို ဂရုစိုက်ခြင်း
ဦးရေပြားခြောက်သွေ့တဲ့အခါ ဗောက်နဲ့ အခြားပြဿနာတွေဖြစ်ပေါ်စေပါတယ်။ ဦးရေပြားက ခြောက်သွေ့ပြီးယားယံနေတယ်ဆိုရင် ရှားစောင်းလက်ပတ်နဲ့ သုတ်လိမ်းပေးပါ။ ဆံပင်က အဆီတွေအရမ်းထွက်နေရင် သံပုရာသီးနဲ့ ပွတ်တိုက်ပေးလို့ရပါတယ်။
ဦးရေပြားမှာ အနာလေးတွေ ဖြစ်နေတဲ့အခါ နှင်းဆီရနံ့ဆီနဲ့ စန္ဒကူးရနံ့ဆီကို လိမ်းပေးပါ။ ဦးရေပြားအေးစေဖို့ အုန်းဆီ သို့မဟုတ် သံလွင်ဆီကို လိမ်းပေးနိုင်ပါတယ်။
၄။ နံ့သာရည်နဲ့ ရေဆေးချခြင်း
အိန္ဒိယအမျိုးသမီးတွေက ခေါင်းလျှော်ပြီးတဲ့အခါ ရနံ့မွှေးစေဖို့နဲ့ အသားအရေယားယံတာကို သက်သာဖို့ နည်းလမ်းတစ်မျိုးကို သုံးပါသေးတယ်။ အဲဒါကတော့ နှင်းဆီပွင့်ချပ်၊ စံပယ်ဖူး၊ ပျားရည်စို့ပန်း၊ ခေါင်ရန်းပန်းတို့ကို ရေနွေးခွက်ထဲမှာ ရောထည့်လိုက်တာပါ။ အဲဒါကို အအေးခံပြီး ခေါင်းလျှော်တဲ့အခါမှာ လောင်းချလေ့ရှိပါတယ်။
၅။ ဆံပင်ကို လေမှုတ်စက်နဲ့ မမှုတ်ခြင်း
အိန္ဒိယအမျိုးသမီးတွေက ဆံပင်ကျန်းမာဖို့အတွက် လေမှုတ်စက်နဲ့ အခြောက်ခံဖို့ အကြံမပေးကြပါဘူး။ ဆံပင်ကို သဘာဝအတိုင်းပဲ ခြောက်သွေ့အောင် ပြုလုပ်ကြပါတယ်။
၆။ ဆံပင်ကို မလျှော်ခင်ပေါင်းထားခြင်း
နောက်ထပ်နည်းလမ်းတစ်ခုကတော့ ခေါင်းမလျှော်ခင်မှာ ဦးရေပြားကို အုန်းဆီ သို့မဟုတ် သံလွင်ဆီလိမ်းပြီး နှိပ်နယ်တာပါ။ ဆံပင်ကို ဆီလိမ်းထားပြီး မိနစ် ၂၀ ခန့် ပေါင်းထားပါတယ်။ အဲဒီနောက်မှာမှ ခေါင်းလျှော်တာပါ။ ဦးရေပြားကို နှိပ်နယ်ပြီးတဲ့အခါ လည်ပင်းနဲ့ ပုခုံးကိုလည်း နှိပ်လို့ရပါတယ်။
၇။ လက်ဖက်စိမ်းကို အသုံးပြုခြင်း
လက်ဖက်စိမ်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကသာမက ဆံပင်ရဲ့အဆိပ်အတောက်တွေကိုပါ ဖယ်ထုတ်ပေးပါတယ်။ လက်ဖက်စိမ်းက ဆံပင်အရှည်မြန်ဖို့၊ ထူလာစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။
လက်ဖက်စိမ်းအမှုန့်နဲ့ နှင်းဆီရည်ကို ရောပြီး ခေါင်းလျှော်တဲ့အခါ လောင်းချရင် ရနံ့မွှေးရုံမက ဆံပင်ကိုလည်း ထူလာစေပါတယ်။
Zombie (lovemedia)
0 Comments